ဖြေကြားချက် ၉ ခု
အစာကျွေးပေမယ့် ပိန်နေတယ်ဆိုတာက ကျွေးတဲ့အစာသည် နွားအတွက် လိုအပ်သည့် အာဟာရ (စွမ်းအင်ဓာတ်။ အသားဓာတ်) လုံလောက်မှုမရှိလို့ပါ။ (၁) စွမ်းအင်ဓာတ်သည် ခန္ဓာကိုယ်သက်ရှင်လှုပ်ရှားရန် နို့ထွက်စေရန် သားအောင်စေရန် ကျန်းမာစေရန် စသည်တို့အတွက်လိုအပ်ပါတယ်။ ### စွမ်းအင်ဓာတ်ချို့တဲ့ရင် နည်းရင် အစားအသောက်ပျက်မယ်။ နို့ထွက်နှုန်းကျမယ်။ သားအောင်နှုန်းကျမယ်။ မလုံလောက်တော့ လိုအပ်တဲ့ စွမ်းအင်ကို အဆီကနေဖြိုခွဲယူတဲ့အတွက် ကိုယ်တွင်းအဆီတွေခမ်းလာမယ်။ ပိန်မယ်။ လဲမယ်။ ### စွမ်းအင်ဓာတ်လိုတာထက်များရင် နွားက အဆီတက်လာမယ် ဝလာမယ်။ ပိန်ရင်လည်းသားမအောင်နိုင်သလို ဝလွန်းရင်လည်းသားမအောင်နိုင်ပါဘူး။ နို့ထွက်ကျပါမယ်။ ##နွားတွေ လဲကျတဲ့နေရာမှာ ဝတဲ့နွားတွေလည်း လဲတာရှိပါတယ်။ ကယ်စီယမ်ဓာတ်ချို့တဲ့ရင် ဝ ပြီး လဲပါတယ်။ ဒါက ကယ်စီယမ်ပေးရင်ရပါတယ်။ စွမ်းအင်ဓာတ်ချို့တဲ့တာကျတော့ ပိန်ပြီး လဲပါတယ်။ ဥပမာပြောရရင် အာဟာရလုံလုံလောက်လောက်မရလို့ ပင်ပန်းနေတဲ့သူကို အလုပ်ကြမ်းခိုင်းနေသလိုပဲ။ အားမရှိပါဘူးဆိုသလိုပေါ့။ နွားကလည်း သဘာဝအရကို သူပိန်နေလည်း နို့ထုတ်ပေးနေမှာပဲ။ နည်းတာပဲရှိမယ်။ ခန္ဓာကိုယ်က ဖြစ်သလိုလုပ်ပြီး ထုတ်ပေးနေရတာပဲ။### ဒါကြောင့် လိုအပ်တဲ့ အသားဓာတ်ပြည့်မီအောင် အစာမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို သိဖ်ု့ တွက်ချက်ကျွေးဖို့လိုပါတယ်။ အထူးသဖြင့် နွားကလေးမွေးပြီး နို့ပေးကာလ ၃ ၄လအတွင်းသည် နွားမအတွက် စွမ်းအင်ဓာတ်ပြည့်ဝဖို့လိုပါတယ်။ နို့အမြင့်ဆုံးပေးနေရချိန် မွေးပြီးစမို့ အစားကောင်းကောင်မစားနိုင်သေးချိန် ကိုယ်ဝန်ဆောင်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နေရချိန်တွေဖြစ်လို့ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တိကုသရေး အခြေခံသင်တန်း တက်လို့ရမည့်နေရာလေး ကျေးဇူးပြု ညွှန်ပြပေးပါလား ခဗျာ
ဖြေကြားချက် 2 ခု
ခိုင်းနွားမွေးမြူရေး
ဖြေကြားချက် 1 ခု
ဖေါ်ပြပါနွားမသည်ကလေး မွေးပြီ ၄ရက် ရသောအခါ ဘာရောဂါမှဖြစ်မနေဘဲ နို့ညှစ်ရင်း နို့လုံးပြတ်ထွက်သွားပါသည် ကျန်နို့...
ဖြေကြားချက် 19 ခု
နို့စားနွားများသည် အသက်ကြီး၍ပိန်သွားတာမျိုးဖြစ်တက်ပါသလား ပိန်တာအသက်အရွယ်နဲ့ဆိုင်ပါသလား
ဖြေကြားချက် 2 ခု
နွားချေးနဲ့ပဲဖြစ်ဖြစ် တစ်ခြားအရွက်တွေနဲ့ပဲဖြစ်ဖြစ် biogas ထုတ် လုပ်နည်းကို သိချင်လို့ပါခင်ဗျ တစ်အိမ်သုံးအတွက်...
ဖြေကြားချက် 4 ခု