အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
303
လွန်ခဲ့သော ၆ လ က

အသီးအတွက် ကို စပါးနှံမထွက်ခင်ကျွေးတာထိရောက်မူရှိလား အနှံထွက်ပြီးမှကျွေးတာ ထိရောက်မူရှိလား သိချင်ပါတယ်

အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

စပါးအနှံမထွက်ခင်ကြွေးတာပိုထိရောက်ပါတယ်စပါးပင်ကြီးထွားမှုသည်စပါးနှံထွက်ရင်ရပ်သွားလို့ပါစပါးအရွက်အရေအတွက်များလေအနှံကောင်းလေဘဲ

348,957 လွန်ခဲ့သော ၆ လ က

စပါးမှာ အစေ့အဆန် အောင်မြင်ဖို့အတွက် စပါးနှံမထွက်ခင် (မှို့ကပ်ချိန်) မှာ ကျွေးတာက ပိုပြီး ထိရောက်မှု ရှိပါတယ်ဗျ။ နှံမထွက်ခင် ၁၅ ရက်ခန့်အလိုမှာ ပိုတက်ဆီယမ် မြေဩဇာ ကျွေးပေးခြင်းဖြင့် တစ်နှံမှာပါတဲ့ အစေ့အရေအတွက်ကို များစေသလို အောင်စေ့လည်း ပိုများစေပါတယ်။ နှံထွက်ပြီးချိန်မှာတော့ အစေ့အဆန် တင်းပြည့်ဖို့အတွက် ပိုတက်ဆီယမ် ပါဝင်တဲ့ အရွက်ဖျန်းအားဆေးကို ထပ်မံအသုံးပြုပေးနိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ လ က

အနှံမထွက်ခင်ပါ။ စပါးအနှံဖွံ့ဖြိုးဖို့ရယ် ဝတ်မှုန်ကူးတာအောင်မြင်ဖို့ရယ် ဝတ်မှုန်ကူးပြီးသွားရင် အစေ့အဆန်ပြည့်ဝဖို့ရယ် အဟာရတွေအများကြီးလိုပါတယ်။​ ဒါကြောင့် အနှံအပြင်မထွက်လာခင်ကတည်းက ထွက်လာမယ့်အနှံအတွက် အပင်က အဟာရတွေ အများကြီးယူရပါတယ်။ မထွက်ခင်ကတည်းက ကျွေးမှ အပင်ထဲမှာ ဖြတ်သန်းရတဲ့ဖြစ်စဉ်တွေအတွက် အဟာရပြည့်စုံနေမှာဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။