အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
583
လွန်ခဲ့သော ၅ ရက် က · တပ်ကုန်း

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူ...

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၄၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
ပိုးမွှားရောဂါ စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၆ ခု

348,957 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

ဧရာမင်းစပါး သက်တမ်း ၃ လ (ရက် ၉၀ ဝန်းကျင်) တွင် အောက်ခြေအရွက်များ ဝါရခြင်းမှာ အသုံးပြုထားသော ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ စုံလင်နေပြီဖြစ်၍ ပိုးမွှားရောဂါကြောင့် မဟုတ်ဘဲ နိုက်ထရိုဂျင် သို့မဟုတ် ပိုတက်ရှ်ဓာတ် လိုအပ်ခြင်းနှင့် အပင် မှို့ကပ်ချိန် သဘာဝအလျောက် ရင့်ရော်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပိုးဆေး/မှိုဆေး ထပ်မဖျန်းဘဲ အပင်အာဟာရဖြည့်တင်းရန်နှင့် စပါးနှံအောင်စေရန်အတွက် ပိုတက်ရှ်ဓာတ်မြင့်မားသော အရည်အသွေးကောင်း ရွက်ဖျန်းမြေသြဇာ (ဥပမာ - 15:15:30 သို့မဟုတ် 10:10:40) ကို အနည်းလိုအဟာရများနှင့် တွဲဖက်ကာ စပါးနှံမထွက်မီနှင့် ထွက်ပြူစအချိန်များတွင် ပက်ဖျန်းပေးသင့်ပြီး၊ လယ်ကွင်းအတွင်း ရေမပြတ်စေရန် ဂရုစိုက်ပေးရပါမယ်။ ပုံတင်မေးရင်တော့ ဒီထက်ပိုအကြံပြုနိုင်ပါလိမ့်မယ်၊ မြေဩဇာမကျွေးတော့ဘူးလား မေးပါရစေ။

348,957 လွန်ခဲ့သော ၄ ရက် က

ပိုတက်ရှ်ကရောဂါဒဏ်ခံနိုင်ရည်ရှိပါတယ်။ မှိုသတ်ဆေးကိုတော့ ရောဂါကျမှသာ ညွှန်းပေးလေ့ရှိပါတယ်၊ ရောဂါကျမကျသိရရန် ပုံတင်ပြီးနောက်ရက်တွေမှာမေးနိုင်ပါတယ်၊ အကယ်၍မှိုဆေး‌ဖျန်းချင်တယ်ဆိုပါက ဧရာမင်းမှာအဖြစ်များသော ဂုတ်ကျိုး ရောဂါကာကွယ်ရန်အတွက် Azoxystrobin+ Difenoconazole ဖျန်းပေးနိုင်ပါတယ်

583 လွန်ခဲ့သော ၄ ရက် က

ဟုတ် ကျေးဇူးပါ။မှိုဆေး ပိုးသတ်ဆေး စိတ်ချရအောင် တကြိမ်စီလိုက်ရင် ကောင်းမလားပဲနော်။ရောဂါ ဝင်သွားမှာကြောက်။အများကတော့ ပိုတက်က ရောဂါဒါဏ်ခံနိုင်တယ် ပြောတာပဲနော့်။

348,957 လွန်ခဲ့သော ၄ ရက် က

စေ့

348,957 လွန်ခဲ့သော ၄ ရက် က

ဟုတ်ကဲ့၊ ‌အသုံးပြုနိုင်ပါတယ်ခင်ဗျ၊ မြေဩဇာကျွေးမယ်ဆိုရက်တော့ ရွက်ဖျန်း အားဆေးဖျန်းစရာမလိုပါဘူး၊ အနှံထွက်ပြီးနောက်ပိုင်းမှသာ အသေ့အဆံတင်းစေရန်တစ်ကြိမ်လောက်ဖျန်းပေးနိုင်ပါတယ်

583 လွန်ခဲ့သော ၄ ရက် က

ပိုတက်နဲ့ ပုလဲအချိုးညီ သုံးမည်ဟု စိတ်ကူးထားပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။