အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၄ လ က · ယင်းမာပင်

ဆရာကြီးခင်ဗျ ကျွန်တော်တုိ့ဒေသက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ယင်းမာပင်နယ် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းကပါ...

ဆရာကြီးခင်ဗျ ကျွန်တော်တုိ့ဒေသက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ယင်းမာပင်နယ် ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းကပါဗျ မိုးစပါးစိုက်ချင်လို့ပါဗျ ဒီဘက်ရာသီဥတုနဲ့ကိုက်ညီမဲ့ မိုးစပါးမျိုးကိုရွေးချယ်ပေးလို့ရနိုင်ပါသလား ရေစင်းဘယ်လောက်ကိုရွေးချယ်စိုက်သင့်ပါသလဲ ပြီးတော့ ဘယ်လပိုင်းစပြီးပျိုးသင့်ပါသလဲ ဆရာကြီးခင်ဗျ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၄ ခု

290 လွန်ခဲ့သော ၄ လ က

ကျေးဇူးပါ ဆရာကြီး

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ လ က

မြောက်ယမားဆည်ရေသောက်ဧရိယာမှာ၊ဆည်ရေရရင် ဆင်းစပါးတွေနဲ့အဆင်ပြေနိုင်ပါတယ်။ ရေဆင်း(၂) (၁၀၀-၁၀၅ ရက်): ဧည့်မထအုပ်စု၊ ဆင်းသုခ (၁၄၀ ရက်): ဧည့်မထအုပ်စု၊ ဆင်းသွယ်လတ် (၁၃၅ ရက်): ဧည့်မထအုပ်စု၊ စိုက်သင့်ပါတယ်။ လက်တံ(၆)ဦးမြသောင်း၊ဦးစိန်ဝင်း (မင်းဂံကြီးရွာ)စိုက်ကြပါတယ်။ မိုးကောင်းသောက်ဆိုရင်တော့၊မိုးနဲ့ချိန်ညှိပြီး တိုက်ရိုက်ကြဲခင်း စိုက်ပါ။

290 လွန်ခဲ့သော ၄ လ က

ရပါတယ် တခြားရေဆင်းမျိုးများရှိရင်လမ်းညွန်ပေးပါဆရာ

348,301 လွန်ခဲ့သော ၄ လ က

မိုးစပါးအတွက် ဈေးကွက်လည်းကောင်းတဲ့ ဧရာမင်းများစိုက်ပျိုးလို့မရဘူးလား၊ယင်းမာပင်မှာတော့ စိုက်ပျိုးလို့ရပါတယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။