နှမ်းခင်းကိုဘယ်နှစ်ရက်သားလောက်မှာပေါင်းရှင်းသားခွဲသင့်လဲသိချင်ပါတယ်ခင်ဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
နှမ်းပင်သက်တမ်း (၂၀) ရက်မှ (၃၀) ရက် (တစ်လသားအတွင်း) မှာ ပေါင်းရှင်း/ပေါင်းဆေးဖျန်းတာ အကောင်းဆုံးပါခင်ဗျာ။စိုက်ပြီး ပထမ (၁) လအတွင်းမှာ နှမ်းပင်က ပေါင်းမြက်ကို မနိုင်လို့ စောစောစီးစီး နှိမ်နင်းပေးဖို့ လိုပါတယ်။လူအားဖြင့်ဆိုရင် ရက် ၂၀ ကျော်မှာ ခါးဆွပေါင်းရှင်းတာ၊ ကြားထွန်ဝင်တာ လုပ်ပေးပါ။ဆေးဖျန်းမယ်ဆိုရင် ရက် ၂၀ ကနေ ၃၀ အတွင်း အစိုဓာတ်ရှိချိန်မှာ Quizalofop-p-ethyl ကဲ့သို့ နှမ်းရွေးချယ်ပေါင်းသတ်ဆေးကို သုံးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ထရိုင်ကိုဒါးမားကိုမျိုးစေ့နဲ့ရောမွှေပြီးစိုက်သင့်သလား မစိုက်ခင်မြေကြီးထဲကိုထရိုဂိုဒါးမားအရင်ထည့်သင့်လား ဒါမှမ...
ဖြေကြားချက် 4 ခု
မိုးရာသီမှာဘယ်နှမ်းမျိုးစိုက်သင့်လဲဗျ
ဖြေကြားချက် 1 ခု
ဒီနှစ် ဝါဆို ဝါခေါင်မှာ နောက်နှမ်း နှမ်းနက်ပြာ စိုက်လို့အဆင်ပြေမလားဗျ ရေဝင်တောမဟုတ်ပါဘူးဗျ
ဖြေကြားချက် 2 ခု
နှမ်းရိုးမြေဆွေးနဲ့ကြက်ချေးရောထားတဲ့မြေဩဇာကိုနှမ်းပင်ဘယ်နှစ်ရက်သားလောက်မှာအသုံးပြုသင့်ပါသလဲ
ဖြေကြားချက် 1 ခု
နှမ်းမှာပေါင်းသတ်ဆေးကိုဘယ်ချိန်မှာထည့်သင့်လဲဗျ လုပ်သားအင်အားမများလို့ပါ နှမ်းစိုက်ပြီးပေါင်းသတ်ဆေးတန်းဖျန်း...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။