အပင်ရောင်ကဘာလို့ဝါနေလဲ ဘာဆေးေတွသုံးလို့ရမလဲ
ပုံပါ ဂန္ဓမာပင် အရွက်နုများ၏ အကြောများစိမ်းပြီး အကြောကြားများ ဝါနေသည့် လက္ခဏာ (Interveinal Chlorosis) မှာ မြေဆီလွှာ pH မြင့်မား/နိမ့်လွန်းခြင်းကြောင့် ဖြစ်တတ်သော သံဓာတ် (Iron) သို့မဟုတ် မဂ္ဂနီဆီယမ်ဓာတ် (Magnesium) ချို့တဲ့ခြင်း ရောဂါလက္ခဏာ ဖြစ်နိုင်ခြေ အလွန်များပါသည်။ ထို့ပြင် အမြစ်ဇုန်တွင် ရေဝပ်ခြင်း သို့မဟုတ် မြေကျပ်ခြင်းကြောင့် အမြစ်ပုပ်ကာ အာဟာရဓာတ် မစုပ်ယူနိုင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဖြေရှင်းရန် Iron (Fe)နှင့်Magnesium(Mg) ပါသောအရွက်ဖျန်းအားဆေး ဖျန်းပေးပါ။၊ အမြစ်ပုပ်မှိုရောဂါ ကာကွယ်ရန် ကာဗင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးကို အပင်ခြေသို့ဖျန်းပေးသင့်ပါတယ်။ ရေရှည်အတွက် ရေထုတ်စနစ်ကောင်းမွန်အောင် ပြုပြင်ပြီး အော်ဂဲနစ်သစ်ရွက်ဆွေးမြေသြဇာများ ထည့်သွင်းပေးရန် လိုအပ်ပါတယ်။
အနည်းလိုအာဟာရချို့တဲ့တာလို့ ယူဆပါတယ်။ မြေကြီးpHတိုင်းကြည့်စေချင်ပါတယ်။မြေချဉ်ရင် ဖြစ်တတ်ပါတယ်။ဒိုလိုမိုက်၊ပိုတက်စီယံဟူးမစ် ကျွေးပါ။
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်း ခေါင်ညွန်တွေ ခုလိုဖြစ်နေတာ ဘာဆေးဖျနိးရမလဲဗျ
ဖြေကြားချက် 1 ခု
ပန်းမှာအရွက်တွေတအားဝါလို့ဘာဆေးဖြနါးရမလဲရှင့်မှိုဆေးအနေနဲ့ဒိုင်ကိုဇက်တော့ဖြန်းထားတယ်ရှငိ့အကြံပေးပါအုံး
ဖြေကြားချက် 1 ခု
ပိုးမကျခင်ကာကွယ်တဲ့ဆေးနံမည်သိချင်ပါတယ်
ဖြေကြားချက် 1 ခု
အရွက်ရောင်ကပုံမှန်လာ
ဖြေကြားချက် 1 ခု
ပန်းပင်တွေကအဲ့လိုဖြစ်နေတာပါရှင်။ဘာဖြစ်တာလဲ။ဘာလိုလုပ်ရမှာလဲလမ်းညွှန်ပေးပါဦး။အပင်သက်တမ်း3လကျော်ပါပြီ။ပန်းပွင့်မှ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။