ပန်းမှာအရွက်တွေတအားဝါလို့ဘာဆေးဖြနါးရမလဲရှင့်မှိုဆေးအနေနဲ့ဒိုင်ကိုဇက်တော့ဖြန်းထားတယ်ရှငိ့အကြံပေးပါအုံး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- မိုးရွာ
ပုံပါ ဂန္ဓမာပင်များတွင် အောက်ခြေအရွက်များ ဝါပြီး ခြောက်သွေ့ပျက်စီးနေခြင်းမှာ စိုစွတ်မှုလွန်ကဲခြင်းနှင့် မြေကြီးမှတစ်ဆင့် ကူးစက်တတ်သော စက်ပ်တိုးရီးယား ရွက်ပြောက်/ရွက်ခြောက်မှိုရောဂါ (Septoria Leaf Spot) ကြောင့် ဖြစ်ပါတယ်။ စိုက်ပျိုးသူ အသုံးပြုထားသော ဒိုင်ကိုဇက် (Mancozeb) သည် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ရာတွင်သာ ထိရောက်သည့် ထိသေဆေးဖြစ်သောကြောင့် ယခုလို ရောဂါစွဲကပ်နေပြီဖြစ်သော အခြေအနေတွင် ရောဂါကို အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ခြင်း ဖြစ်ပါသည်။ ၎င်းကို ကုသရန်အတွက် ပထမဦးစွာ ရောဂါရနေသော အောက်ခြေအရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးပစ်ရမည်ဖြစ်ပြီး၊ အပင်ခြေ လေဝင်လေထွက်ကောင်းအောင် ရှင်းလင်းပေးရပါမည်။ ထို့နောက် ရောဂါသက်သာပျောက်ကင်းစေရန် အရွက်ထဲအထိ စိမ့်ဝင်ပျံ့နှံ့နိုင်စွမ်းရှိသော ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် ဟက်ဆာကိုနက်ဇော (Hexaconazole) ကဲ့သို့သော ပင်လုံးပြန့်မှိုသတ်ဆေးအုပ်စုကို ပြောင်းလဲ၍ အရွက်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင် ဖျန်းပေးရပါမည်။ဆေးတခါဖျန်းပြီးတိုင်း ရောဂါမကျသေးသည့်အရွက်စိမ်းများ ရောဂါဆက်လက်ကူးစက်ခြင်းရှိမရှိအမြဲစောင့်ကြည့်ပါ၊ကူးစက်မှုမရှိဘူးဆိုရင် ရောဂါပျောက်ပြီလို့ယူဆရပါပြီခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ပိုးမကျခင်ကာကွယ်တဲ့ဆေးနံမည်သိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဘာပိုးလဲဗျာ ဘာဆေးသုံးရမလဲ ဆန်းမားဖြူစိုက်ခင်းကပါ
ဖြေကြားချက် 1 ခု
အမြစ်ထွက်ဆေး သုံးချင်လို့ပါ ကိုင်းကူးတဲ့အခါ သံပုရာပင်ပါ ဘာဆေးသုံးရမလဲဖြေကြားပေးပါဉီး။
ဖြေကြားချက် 2 ခု
ဂန္ဓမာပန်း ခေါင်ညွန်တွေ ခုလိုဖြစ်နေတာ ဘာဆေးဖျနိးရမလဲဗျ
ဖြေကြားချက် 1 ခု
အပင်ရောင်ကဘာလို့ဝါနေလဲ ဘာဆေးေတွသုံးလို့ရမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။