ဂန္ဓမာပန်း ခေါင်ညွန်တွေ ခုလိုဖြစ်နေတာ ဘာဆေးဖျနိးရမလဲဗျ
အခုပုံထဲမှာတွေ့ရတဲ့ ဂန္ဓမာပန်း ခေါင်ညွန့်တွေ တွန့်လိမ်ပြီး အရွက်နုတွေ ပုံသဏ္ဌာန်ပျက် ဝါကြောင်နေတာဟာ အဓိကအားဖြင့် လှေးပိုး(Thrips)၊ ပျပိုး (Aphids) သို့မဟုတ် မွှားပင့်ကူ (Broad Mites) ကဲ့သို့သော အပင်ရည်စုပ်စားပိုးများ ဖျက်ဆီးခြင်းကြောင့် ဖြစ်နိုင်သလို၊ ၎င်းပိုးမွှားများမှတစ်ဆင့် ဗိုင်းရပ်စ်ရောဂါ (Virus Disease) ကူးစက်ခံထားရတာလည်း ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ဖြစ်သွားပါက တိုက်ရိုက်ကုသရန် ဆေးမရှိသဖြင့် ရောဂါရနေသော အပင်ကို မြင်မြင်ချင်း နှုတ်ယူမီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါတယ်။ ထို့နောက် ကျန်ရှိသော အပင်ကောင်းများကို ကာကွယ်ရန်နှင့် ဗိုင်းရပ်စ်သယ်ဆောင်သော စုပ်စားပိုးများကို နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးတစ်မျိုးမျိုးကို စနစ်တကျ ပက်ဖျန်းပေးရပါမည်။ကျန်ရှိတဲ့ အပင်ကောင်းတွေကို စုပ်စားပိုးအန္တရာယ်ကနေ ကာကွယ်ဖို့ အောက်ပါ ပါဝင်တဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို လဲလှယ်ပက်ဖျန်းပေးပါ။ Abamectin Imidacloprid Acetamiprid အပင်ပြန်လည်လန်းဆန်းလာစေရန် အနည်းလိုအာဟာရဓာတ် (Micro-nutrients) ပါဝင်သော ရွက်ဖျန်းအားဆေးတစ်မျိုးမျိုးကိုပါ ပူးတွဲပက်ဖျန်းပေးနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပန်းမှာအရွက်တွေတအားဝါလို့ဘာဆေးဖြနါးရမလဲရှင့်မှိုဆေးအနေနဲ့ဒိုင်ကိုဇက်တော့ဖြန်းထားတယ်ရှငိ့အကြံပေးပါအုံး
ဖြေကြားချက် 1 ခု
ပိုးမကျခင်ကာကွယ်တဲ့ဆေးနံမည်သိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဘာပိုးလဲဗျာ ဘာဆေးသုံးရမလဲ ဆန်းမားဖြူစိုက်ခင်းကပါ
ဖြေကြားချက် 1 ခု
အပင်ရောင်ကဘာလို့ဝါနေလဲ ဘာဆေးေတွသုံးလို့ရမလဲ
ဖြေကြားချက် 2 ခု
အရွက်ရောင်ကပုံမှန်လာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။