အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
27
လွန်ခဲ့သော ၃ လ က · မြစ်သား

ဧရာမင်းစပါးကိုအထွက်နှုန်းကောင်းအောင်ဘယ်လိုတွေလုပ်သင့်လဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၃ လ က

ဧရာမင်းစပါး အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ပြီး ပျိုးသက် ၂၁ ရက်မှ ၂၅ ရက်အတွင်း အပင်ပေါက်သန်မာသော ပျိုးပင်များကို စနစ်တကျ ကောက်ကွက်ပြည့်အောင် ရွှေ့ပြောင်းစိုက်ပျိုးရပါမယ်။ ထို့ပြင် မြေပြင်ချိန်တွင် သဘာဝမြေသြဇာထည့်သွင်းခြင်း၊ အပင်သက်တမ်းအလိုက် ဓာတ်မြေသြဇာ (ပုလဲ၊ တီစူပါ၊ ပိုတက်ရှ်) များကို အချိုးကျခွဲကျွေးခြင်း၊ အပင်ပွားချိန်နှင့် မှို့ကပ်ချိန်များတွင် ရေသွင်းရေထုတ်ကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့ လိုအပ်ပါတယ်။ စိုက်ပျိုးပြီး ပထမတစ်လအတွင်း ပေါင်းမြက်များကို ကင်းစင်အောင် နှိမ်နင်းခြင်းနှင့် ဖြုတ်ပိုး၊ ဆစ်ပိုး၊ ရွက်ဖုံးခြောက်ရောဂါများ မကျရောက်စေရန် အမြဲမပြတ် ကွင်းဆင်းစစ်ဆေး ကာကွယ်ခြင်းဖြင့် အောင်စေ့များပြီး အထွက်နှုန်း အမြင့်ဆုံး ရရှိနိုင်ပါလိမ့်မယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။