အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
795
လွန်ခဲ့သော ၃ လ က · အုတ်ဖို

ဆရာကြီးတို့ဒီဆေးနှစ်မျိုးတွဲသုံးလို့ရလားဆိုးကျိုးကောင်းကျိုးလေးပြောပြပေးပါအုံး စပါးထိနိုင်လား

စိုက်ပျိုး ဗဟုသုတ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

fenoxaprop တမျိုးတည်းဖျန်းရင်တောင်မှ၊စပါးပင်နာနိုင်ပါတယ်။ ၂မျိုးရောရင် စပါးပင်နာဖို့ သေချာသလောက်ရှိပါတယ်။မရောသင့်ပါဘူး။

348,948 လွန်ခဲ့သော ၃ လ က

ဤပေါင်းသတ်ဆေးနှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ရောစပ်ပြီး မသုံးစွဲသင့်ပါဘူး။ ပထမဆေးတွင် မြက်၊ မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းစုံကို နှိမ်နင်းနိုင်သော Quinclorac၊ Fenoxaprop-P-ethyl နှင့် Pyrazosulfuron ဓာတ် (၃) မျိုး စုံလင်စွာ အချိုးကျ ပါဝင်ပြီးဖြစ်ပါသည်။ ဒုတိယဆေးသည် Fenoxaprop-P-ethyl 7.5% သီးသန့်ဖြစ်သောကြောင့် ယင်းဆေးနှစ်မျိုးကို ရောစပ်လိုက်ပါက မြက်သတ်ဆေးအာနိသင် ပမာဏလွန်ကဲသွားပြီး စပါးပင်ကို ဆေးလောင်ခြင်း၊ ရွက်ဖျားဝါခြင်းနှင့် ကြီးထွားမှုရပ်တန့်ခြင်း (Phytotoxicity) ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် စရိတ်လည်းပို စပါးလည်းထိခိုက်နိုင်၍ ပထမဆေးတစ်မျိုးတည်းကိုသာ ညွှန်းစာအတိုင်း အသုံးပြုရန် အကြံပြုလိုပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။