အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
352
လွန်ခဲ့သော ၃ လ က · ကျောင်းကုန်း

ဆူမိုးကြီးသဘဝကြက်ချေးမြေသြဇာကိုစပါးခင်းထဲကြဲထည့်ပေးရင်အဆင်ပြေလားဆရာ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၃ လ က

ဆူမိုးကြီး သဘာဝကြက်ချေးမြေဩဇာကို စပါးစိုက်ခင်းတွင် အသုံးပြုခြင်းသည် စပါးပင်ကြီးထွားမှုနှင့် မြေဆီလွှာကောင်းမွန်ရေးအတွက် များစွာအဆင်ပြေပါတယ်။ ကြက်ချေးသည် အခြားနွားချေး၊ ဝက်ချေးများထက် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ်ဓာတ် ပိုမိုကြွယ်ဝသဖြင့် စပါးနှံကို အောင်စေပြီး အထွက်နှုန်း တိုးစေပါတယ်။ ဆူမိုးကြီး သဘာဝမြေဩဇာများသည် စနစ်တကျ အချဉ်ဖောက် ပြုပြင်ပြီးသား ဖြစ်၍ အပင်လောင်ခြင်း မရှိဘဲ စိတ်ချစွာ သုံးနိုင်ပါသည်။ စပါးမြေပြင်ချိန် (နောက်ဆုံးထွန်တုံး) တွင် မြေခံမြေဩဇာအဖြစ် မြေထဲသမအောင် ထည့်သွင်းပေးခြင်း သို့မဟုတ် စပါးပင်သက်တမ်း ၂၀-၂၅ ရက် (အပင်ပွားချိန်) တွင် ဓာတ်မြေဩဇာနှင့် တွဲဖက်ကြဲပက်ပေးခြင်းဖြင့် သွင်းအားစုစရိတ်ကို လျှော့ချကာ အကျိုးအာနိသင် အကောင်းဆုံး ရရှိစေနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။