အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
68
လွန်ခဲ့သော ၃ လ က · မြိုင်

နှံကောက်စပါးက မိုးနည်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်နယ်မှာ စိုက်လို့ အဆင်ပြေနိုင်လားဗျ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၃ လ က

နှံကောက်စပါးမျိုးသည် သက်တမ်းတို/သက်လတ်မျိုးဖြစ်ပြီး စျေးကွက်ဝင် အလေးချိန်စီးသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများတွင် စိုက်ပျိုးရန် သင့်လျော်မှုရှိပါတယ်။ သို့သော် မိုးရွာသွန်းမှုနည်းပါးသော ဒေသဖြစ်၍ ဆည်ရေသောက်စနစ် သို့မဟုတ် အဝီစိတွင်းရေကဲ့သို့ စိတ်ချရသော ရေရရှိမှုအရင်းအမြစ် ရှိရန် အလွန်အရေးကြီးပါတယ်။ မိုးကောင်းသောက်စနစ်သက်သက်ဖြင့် စိုက်ပျိုးပါက အနှံထွက်ချိန် ရေပြတ်လပ်မှုဒဏ် ကြုံရနိုင်သဖြင့် ရေရရှိမှု သေချာသော နွေစပါး သို့မဟုတ် ရေသွင်းနိုင်သော မိုးစပါးအဖြစ် ရာသီဥတုကို ချိန်ဆစိုက်ပျိုးလျှင် အောင်မြင်ဖြစ်ထွန်းနိုင်ပါတယ်။ရေလိုအပ်ချိန်မှာ ရေသွင်းနိုင်မယ်ဆိုရင်တော့အဆင်ပြေပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။