စပါးပင်နီတိုဝင်တာ ဘာဆေးပက်ရင်ပျောက်လည်း
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၀ ရက်
ရေမဝပ်တဲ့ကုန်းလယ်တွေမှာလဲဖြစ်ပါတယ် မြေခြောက်ထယ်လှန်နိုင်ရင်သက်သာပါတယ်
ပိုးကြောင့်နီတိုလား၊ Physiological disorder ကြောင့်ဖြစ်တဲ့နီတိုလားသိရအောင် အပင်ပုံတင်မေးပေးပါဦးဗျ
စပါးနီတိုကဗိုင်းရပ်ရောဂါဖြစ်တယ်မြေသြဇာထည့်ရင်ပိုဆိုးတယ်အကွက်လိုက်ဖြစ်ရင်ဖြူရာဒါန်တို့ဖြယရာမိုင်းတို့လိုနီမတုတ်သတ်ဆေးမြေထဲထည့်ပေးပါ
စပါးပင်နီတိုရခြင်းမှာ ရေဝပ်မှုကြောင့် သံဓာတ်အဆိပ်သင့်ခြင်းနှင့် သွပ်ဓာတ်ချို့တဲ့ခြင်း ပူးတွဲဖြစ်ပွား နေခြင်း ဖြစ်နိုင်ပါတယ်ပြဿနာနှစ်ခုစလုံးဟာ လယ်ကွင်းထဲမှာ ရေလွန်ကဲစွာ ဝပ်နေခြင်း သို့မဟုတ် သမန်းမပုပ်မီ စောစီးစွာ စိုက်ပျိုးမိခြင်းကြောင့် အဓိက ဖြစ်ပွားတတ်တာမို့ အောက်ပါအဆင့်များအတိုင်း စနစ်တကျ ပြုပြင်ပေးရပါမယ်။ စပါးပင်များ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ပထမဆုံးအနေဖြင့် စိုက်ခင်းအတွင်းရှိ ရေဟောင်းများကို ၃ ရက်မှ ၅ ရက်ခန့် ကုန်စင်အောင် ထုတ်ပစ်ပြီး နေလှန်းရပါမယ်။ ထို့နောက် ရေပြန်သွင်းချိန်တွင် အမြစ်များ သံဓာတ်စုပ်ယူမှုကို တားဆီးပေးသည့် ပိုတက်ရှ်မြေသြဇာကို တစ်ဧကလျှင် ၁၅-၂၀ ပေါင်နှင့် ဇင့်ဆာလ်ဖိတ် မြေသြဇာကို တစ်ဧကလျှင် ၅-၁၀ ကီလိုဂရမ်နှုန်း ထည့်ကျွေးရပါမယ်။ ဓာတ်ပြုပျက်ပြယ်တတ်သဖြင့် ဇင့်မြေသြဇာကို တီစူပါနှင့် တွဲမကျွေးရပါ။ တစ်ပြိုင်နက်တည်းတွင် အပင်နာလန်ထူမြန်စေရန် ဇင့်ပါ ရွက်ဖျန်း အားဆေးနှင့် အမိုင်နိုအက်ဆစ်ပါသော အရွက်ဖျန်းဆေးကို ပက်ဖျန်းပေးရမည်ဖြစ်ပြီး အခြေအနေ ကောင်းမွန်လာခြင်းမရှိမချင်း ယူရီးယားနှင့် နွားချေးကျွေးခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။
ဆက်စပ်မေးခွန်းများ
နွား သေး ကို အပင်ရွက်ဖျန်းဆေးဖြင့်တွဲဖျန်း၍ ရပါသလား။
ဖြေကြားချက် 5 ခု
ရက်၉၀သားစပါးစိုက်ထားတာ ဘယ်ချိန်လောက်ဆိုအခင်းထဲကိုမဝင်သင့်လဲ
ဖြေကြားချက် 1 ခု
ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့
ဖြေကြားချက် 1 ခု
ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကို...
ဖြေကြားချက် 6 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ1...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။