အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,164
လွန်ခဲ့သော ၂ ပတ် က · ပွင့်ဖြူ

ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကို...

ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ

အပင်အာဟာရ စပါး

ဖြေကြားချက် ၆ ခု

348,307 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

GW-11 စပါးမျိုးသည် သက်တမ်း ၁၁၀-၁၁၅ ရက်ရှိ သက်လျှင်စပါးမျိုးဖြစ်ပြီး အထွက်နှုန်းကောင်းစေရန် စနစ်တကျ ရေစီမံခန့်ခွဲရပါမယ်။ အပင်ပွားစည်းချိန်ဖြစ်သော ရက်သား ၂၅ ရက်မှ ၅၅ ရက်အထိတွင် ရေစိုတလှည့် ခြောက်တစ်ခါစနစ် (AWD) အရ ရေသွင်းပြီးနောက် မြေမျက်နှာပြင် အနည်းငယ်ကွဲအက်သည်အထိ ၃ရက်ခန့်ရေဖြတ်၍ ပေးရပါမယ်။ စပါး မှို့ကပ်ချိန်မှ သီးနှံနို့ရည်တည်ချိန်ဖြစ်သော ရက်သား ၆၀ မှ ၉၀ ကာလသည် ရေအလိုအပ်ဆုံးဖြစ်၍ လယ်ကွင်းထဲတွင် ရေကို ၂-၃ လက်မ အမြဲရှိနေစေကာ ရေလုံးဝမပြတ်အောင် ဂရုစိုက်ရပါမယ်။ စပါးနှံများ ဝါရောင်သန်းချိန် သို့မဟုတ် ရိတ်သိမ်းခါနီး ရက်သား ၉၅ ရက်မှ ၁၀၀ ဝန်းကျင် (ပန်းပွင့်ပြီး ၂၀-၂၅ ရက်) တွင်မူ ဆန်သားအရည်အသွေးကောင်းမွန်စေရန်နှင့် ရိတ်သိမ်းရလွယ်ကူစေရန် ရေကို နောက်ဆုံးအကြိမ် လုံးဝဖောက်ထုတ်ရပါမယ်။

348,307 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

348,307 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

သက်တမ်း တစ်နှစ်ကျော်လွန်ပြီး အရောင်ပြောင်းသွားသော ငါးအမိုင်နိုဖျော်ရည်သည် ဓာတ်ပြယ်ခြင်း သို့မဟုတ် ပုပ်သိုးပျက်စီးခြင်း (Oxidation / Hydrolysis) ဖြစ်ပေါ်နေနိုင်သဖြင့် အပင်များအတွက် ဆက်လက်အသုံးပြုရန် မသင့်တော်ပါဘူး။ အာနိသင် ဆုံးရှုံးသွားသည့်အပြင် အက်ဆစ်ဓာတ် မြင့်မားကာ အပင်ကို လောင်ကျွမ်းစေနိုင်ခြင်း၊ မှိုရောဂါပိုးများ ဝင်ရောက်စေနိုင်ခြင်းတို့ကြောင့် ဆေးနှုန်းထား တိုး၍ဖြစ်စေ၊ လျှော့၍ဖြစ်စေ ဖျန်းပုံးများတွင် ထည့်သွင်းမသုံးစွဲသင့်ပါဘူး။ အကယ်၍ နှမြောသဖြင့် လုံးဝမစွန့်ပစ်လိုပါက အပင်ကြီးများ၏ အပင်ခြေပတ်လည် မြေဆီလွှာထဲသို့သာ ရေများများနှင့် အဆမတန် ရောစပ်ပြီး လောင်းပေးနိုင်သော်လည်း၊ အဖိုးတန် စပါးခင်းနှင့် ဟင်းသီးဟင်းရွက်ခင်းများတွင်မူ စွန့်စား၍ မသုံးစွဲရန် တိုက်တွန်းလိုပါတယ်။ နောင်တွင် သဘာဝအားဆေးများကို ၆ လမှ ၁ နှစ်အတွင်း အကုန်သုံးရန်နှင့် နေရောင်ခြည်မထိသော နေရာတွင် သိမ်းဆည်းရန် လိုအပ်ပါတယ်။

2,164 လွန်ခဲ့သော ၂ ပတ် က

ကျေးဇူးပါ

348,307 လွန်ခဲ့သော ၂ ပတ် က

GW-11 စပါးမျိုးသည် သက်တမ်း ၁၁၀-၁၁၅ ရက်ရှိ သက်လျှင်စပါးမျိုးဖြစ်ပြီး အထွက်နှုန်းကောင်းစေရန် စနစ်တကျ ရေစီမံခန့်ခွဲရပါမယ်။ အပင်ပွားစည်းချိန်ဖြစ်သော ရက်သား ၂၅ ရက်မှ ၅၅ ရက်အထိတွင် ရေစိုတလှည့် ခြောက်တစ်ခါစနစ် (AWD) အရ ရေသွင်းပြီးနောက် မြေမျက်နှာပြင် အနည်းငယ်ကွဲအက်သည်အထိ ၃ရက်ခန့်ရေဖြတ်၍ ပေးရပါမယ်။ စပါး မှို့ကပ်ချိန်မှ သီးနှံနို့ရည်တည်ချိန်ဖြစ်သော ရက်သား ၆၀ မှ ၉၀ ကာလသည် ရေအလိုအပ်ဆုံးဖြစ်၍ လယ်ကွင်းထဲတွင် ရေကို ၂-၃ လက်မ အမြဲရှိနေစေကာ ရေလုံးဝမပြတ်အောင် ဂရုစိုက်ရပါမယ်။ စပါးနှံများ ဝါရောင်သန်းချိန် သို့မဟုတ် ရိတ်သိမ်းခါနီး ရက်သား ၉၅ ရက်မှ ၁၀၀ ဝန်းကျင် (ပန်းပွင့်ပြီး ၂၀-၂၅ ရက်) တွင်မူ ဆန်သားအရည်အသွေးကောင်းမွန်စေရန်နှင့် ရိတ်သိမ်းရလွယ်ကူစေရန် ရေကို နောက်ဆုံးအကြိမ် လုံးဝဖောက်ထုတ်ရပါမယ်။

102 လွန်ခဲ့သော ၂ ပတ် က

GW11စပါးရေသွင်းရေဖြတ်ဘယ်နှစ်ရက်သားတွေမှာအကောင်းဆုံဖြစ်မလဲဗျကျိုက်လတ်မြို့နတ်စဉ်ကျောင်းစုကွင်း‌ေြမပါခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။