စပျစ်ပင်ပိုးကျပြီးအရွက်တွေခြောက်ကြွေကျနေတာဘာဆေးသုံးမလဲဗျ
စပျစ်ရွက်ခြောက်ကြွေတဲ့ ပြဿနာကို တိတိကျကျ ရောဂါခွဲခြားနိုင်ဖို့အတွက် အချက်အလက်အချို့ လိုအပ်ပါသေးတယ်ခင်ဗျာ။ အရွက်ရဲ့ အောက်ဘက်မျက်နှာပြင်မှာ အဖြူရောင် မှိုမျှင်အမှုန့်လေးတွေ၊ ဒါမှမဟုတ် လိမ္မော်ရောင်/အဝါရောင် အမှုန့်အစက်အပြောက်လေးတွေ ရှိမရှိ စစ်ဆေးပေးပါဦး။ ဒါ့အပြင် အရွက်အောက်ဘက်မှာ မွှားပင့်ကူနီ သို့မဟုတ် လှေးပိုးလို ပိုးမွှားငယ်လေးတွေ ရှိသလား။ ရောဂါက အပင်အောက်ခြေ ရွက်ဟောင်းတွေမှာ စဖြစ်တာလား၊ ထိပ်ပိုင်း ရွက်နုတွေမှာပါ ဖြစ်နေတာလားဆိုတာနဲ့ စိုက်ခင်းတစ်ခုလုံး ပျံ့နေပြီလားဆိုတာကိုပါ ပြောပြပေးပါ။ နောက်ဆုံးအချက်အနေနဲ့ မကြာသေးမီက မိုးရွာ/စိုထိုင်းဆများခဲ့သလားနဲ့ ပြီးခဲ့တဲ့ ၁ ပတ်အတွင်း ပက်ဖျန်းခဲ့တဲ့ ဆေးအမျိုးအစားလေးတွေကိုပါ မေးမြန်းပါ ရ စေခင်ဗျာ။
ဆက်စပ်မေးခွန်းများ
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်...
ဖြေကြားချက် 2 ခု
စပျစ်ပင် ကိုင်းဆက်မျိုး ပါ စိုက်ပြီး ၂၅ရက်သားအခြေနေပါ ဖြုတ်စိမ်း၊ ပိုးစေးနှဲနှင့် ကျိုင်းကောင်များကြရောက်နေပါ...
ဖြေကြားချက် 4 ခု
RGပါ15ရက်သားပါ ရောဂါကင်းပီးအသီးထွက်နှုန်းကောင်းဖို့ဘာတေလုပ်ဆောင်သင့်လဲ စိုက်ပျိုးရေးတွေ့ကြုံမရှိသေးလို့ကူညီပေး...
ဖြေကြားချက် 3 ခု
ပိုးသတ်ဆေး မှိုသတ်ဆေး နဲ့ အားဆေးတို့ဖျန်းတဲ့အခါ ဘယ်ဆေးတွေက တွဲဖျန်းလို့ရပြီး ဖျန်းတဲ့အခါ ဘယ်ဆေးတွေက ဘယ်အချိန်...
ဖြေကြားချက် 3 ခု
ပင်ဆွေးမြစ်ဆွေးကိုဘယ်လိုကုသရပါသလဲဆရာ ကျေးဇူးပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။