ဖြေကြားချက် ၁ ခု
မတ်ပဲပင် ပန်းပွင့်ချိန်တွင် အမြစ်မဲပြီး ကွက်၍ ခြောက်သေခြင်းသည် မြေဆောင်မှိုကြောင့်ဖြစ်သော မတ်ပဲပင်ညှိုးရောဂါ (Fusarium Wilt) သို့မဟုတ် မြစ်ပုပ်အမြစ်ခြောက်ဆွေးရောဂါ ဖြစ်ပါတယ်။ တောင်သူဦးကြီး သုံးစွဲထားသော ဖော့စတိုင်း အလူမီနီယမ် (Fosetyl-Aluminium) ဆေးများသည် ဤမြေဆောင်မှိုအတွက် ထိရောက်မှုနည်း နေလို့ပါ။ ရောဂါသက်သာစေရန် ရောဂါဖြစ်ခါစ အပင်ခြေနှင့် မြေကြီးကို Hymexazol ကဲ့သို့ ပင်လုံးပျံ့မှိုသတ်ဆေးရည်ဖြင့် အမြစ်အရောက် စိုရွှဲအောင်ဖျန်းပေးရပါမယ်။ထို့နောက်အပင်အပေါ်ပိုင်းကို Azoxystrobinပါဝင်သောမှိုသတ်ဆေးဖျန်းပက်ပေးရပါမယ်။မြေဆောင်မှိုရောဂါဖြစ်တယကြောင့် မှိုဆေးတွေဖျန်းပက်လည်း အသေအပျောက်နည်းရုံသာတတ်နိုင်ပါမယ်။ ရေရှည်အတွက်ဆိုရင်တော့ မြေချဉ်မြေငံတိုင်းပါ၊ မြေချဉ်ပါက မြေပြင်ပါ။ ရေရှည်ကာကွယ်ရန်အတွက် နောက်ရာသီတွင် စပါးနှင့် သီးလှည့်စိုက်ခြင်း၊ စိုက်ခင်းရေမဝပ်အောင် စီမံခြင်းနှင့် မစိုက်ပျိုးမီ မျိုးစေ့ကို မှိုသတ်ဆေး (သို့မဟုတ်) ထရိုင်ကိုဒါးမားဇီဝမှိုဖြင့် စနစ်တကျ လူးနယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရပါမယ်။မြေခံမှာ ထရိုင်ကိုဒါးမားထည့်ပေးခြင်းတို့ဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မတ်ပဲကို၃၀ရက်သားမှာရွှေနဂါးအားဆေးဖျန်းမယ် ၃၇ရက်သားမှာတင်ပို+ပီဖိုလန် +ပိုးသတ်ဆေးဖျန်းမယ်ဆို အဆင်ပြေလား
ဖြေကြားချက် 3 ခု
Tbl9မတ်ပဲမျိုးကို၁၁လပိုင်း၁၀ရက်နေ့လောက်ကြဲမယ် ထူထူကြဲသင့်လား ဘယ်နှစ်ပြည်ကြဲသင့်လဲ ခုတ်ဖုံးစနစ်ပါ
ဖြေကြားချက် 1 ခု
မတ်ပဲပင်ကို အပင်ငယ်စဥ်ကစပြီးဆေးဖျန်ဖို့တွက် အမိုင်နိုအက်စစ်နဲ့ စသုံးရင်ကောင်းမလား နွားကျင်ငယ်ရေ နဲ့သုံးရင်...
ဖြေကြားချက် 2 ခု
မတ်ပဲ ၁၅ရက်သားရှိပါပြီ မှိုဆေးကိုဘယ်လိုမျိုးဟာတေဖျန်းသင့်လဲ ကာကွယ်ချင်လို့ပါ အ
ဖြေကြားချက် 0 ခု
ကျွန်တော့ မတ်ပဲခင်းမှာ အဲ့လိုပိုးလေးတွေကျနေလို့ ပဲကောင်းပေါင်းသေကလဲ မဖျန်းရသေးဘူး ပိုးသတ်ဆေးအရင်ဖျန်းရမလား ဗျ...
ဖြေကြားချက် 4 ခု