အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးစောမောင်ဌေး
လွန်ခဲ့သော ၃ နာရီ က · ကျောင်းကုန်း

ဆရာခင်ဗျ အရင်နှစ်ကမတ်ပဲခင်းမှာ အပွင့်တန်းလန်း အသီးတန်းလန်းနဲ့သေတဲ့အပင်တေအတော်များခဲ့ပါတယ် အသီးတေကမမှည့်သေးဘဲ အပင်က ကျသွားပါတယ် ဒီနှစ်အဲ့လိုမဖြစ်ရလေအောင် ဘယ်လိုဆေးတေကိုဘယ်လိုထိရောက်အောင်ဖျန်းသင့်ပါလဲ ဘာရောဂါကြောင့်ဖြစ်တာလဲရောရှင်းပြပေးပါဦးဆရာခင်ဗျ လေးစားစွာဖြင့် မေးမြန်အပ်ပါတယ်

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 409,469 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

@ဦးစောမောင်ဌေး မတ်ပဲခင်းတွင် အပွင့်တန်းလန်း အသီးတန်းလန်းဖြင့် အပင်များ ညှိုးသေရခြင်းမှာ မြေဆောင်မှိုရောဂါ (အမြစ်ပုပ်/ခါးရိပင်ညှိုးရောဂါ) ကြောင့် ဖြစ်ပါတယ်။ ဤရောဂါသည် မြေကြီးထဲတွင် ခိုအောင်းနေပြီး အပင်အာဟာရ အသုံးများသော အပွင့်ပွင့် အသီးတင်ချိန်တွင် အဆိုးရွားဆုံး ဒုက္ခပေးတတ်ပါတယ်။ ယခုနှစ်တွင် အသေအပျောက်နည်းစေရန်အတွက် အပင်ခြေမြေကြီးသို့ ဟိုင်မက်ဆာဇိုးလ် (Hymexazol) မှိုသတ်ဆေး စိုရွှဲအောင် ဖျန်းပေးရမည်ဖြစ်ပြီး၊ အပင်အပေါ်ပိုင်းကိုမူ အဇိုဆီစထရိုဘင် (Azoxystrobin) ဖြင့် နှံ့စပ်စွာ ပက်ဖျန်းရပါမယ်။ ထို့ပြင် မြေပြင်ချိန်တွင် မြေချဉ်ပါကမြေချဉ်ငန်ဓာတ်ကို ပြုပြင်ရန် စိုက်ပျိုးရေးသုံးထုံး ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ မြေဆောင်မှိုများကို သဘာဝအတိုင်း နှိမ်နင်းနိုင်ရန် အကျိုးပြု ထရိုင်ကိုဒါးမား (Trichoderma) မှိုကို မြေဆွေးနှင့်ရော၍ မဖြစ်မနေ ထည့်သွင်းပေးရပါမယ်။မြေဆောင်မှိုများသည် ရေဝပ်သောနေရာတွင် အလွန်ဆိုးရွားစွာ ကူးစက်တတ်သဖြင့် စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေဘဲ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပါ။မစိုက်ပျိုးမီ မတ်ပဲမျိုးစေ့ကို ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုး သို့မဟုတ် ထရိုင်ကိုဒါးမားနှင့် လူးနယ်၍ စိုက်ပျိုးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 409,469 လွန်ခဲ့သော ၂ နာရီ က

@ဦးစောမောင်ဌေး မြေဆောင်မှိုရောဂါ ကာကွယ်ရန်အတွက် အပင်ခြေကို Hymexazol ဆေးရည် စိုရွှဲအောင်ဖျန်းခြင်းနှင့် အပင်ပေါ်ပိုင်းကို Azoxystrobin ဖျန်းခြင်းကို ပဲပင်သက်တမ်း ၂၀ ရက်သား နှင့် ပဲပင်ပန်းပွင့်စ သီးကင်းဝင်ချိန် သက်တမ်း ၄၀-၄၅ ရက်သား (ဒုတိယအကြိမ်) ဟူ၍ စုစုပေါင်း (၂) ကြိမ်ခန့် မဖြစ်မနေ ဖျန်းပေးရပါမယ်။ ဇီဝမှိုဖြစ်သော ထရိုင်ကိုဒါးမားကိုမူ အပင်ပေါ်သို့ ဆေးဖြန်းသကဲ့သို့ ဖျန်းရန် လုံးဝမသင့်တော်ပါဘူး၊ အကြောင်းမှာ ၎င်းသည် မြေကြီးထဲတွင်သာ ရှင်သန်နိုင်ပြီး မြေဆောင်မှိုများကို စားသုံးသည့် မှိုဖြစ်သောကြောင့် မြေဆွေးနှင့်ရော၍ မြေထဲထည့်ခြင်း သို့မဟုတ် အပင်ခြေ မြေကြီးထဲသို့သာ ဖျန်းပေးရပါမယ်။ ထို့ပြင် ယမန်နှစ်ကကဲ့သို့ အပင်များ ညှိုးသေခြင်းမှာ ပဲပင်စည်ထိုးယင် ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပင်စည်ထိုးယင် လောက်ကောင်သည် ပင်စည်အတွင်းသားကို ထိုးဖောက်စားသောက်သဖြင့် အစာအဟာရမရဘဲ အပွင့်အသီးတန်းလန်းဖြင့် အပင်များ ညှိုးခြောက်သေဆုံးရခြင်းဖြစ်ရာ မှိုရောဂါသာမက ပင်စည်ထိုးယင် ကျရောက်မှုရှိခဲ့ပါက စနစ်တကျ ကာကွယ်ရန် လိုအပ်ပါတယ်

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 646 လွန်ခဲ့သော ၂ နာရီ က

ပဲပင်ဘယ်ရက်သားတေမှာ ဖျန်းရမလဲဗျ ဘယ်နကြိမ်လောက်ဖျန်းသင့်လဲ ထရိုင်ကိုဒါးမားဆေးကိုရောအပင်ကိုဖျန်းလို့ရပါသလား ပင်စည်ထိုးယင် ကြောင့် ရောဖြစ်တတ်ပါလားခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။