ရေမြုပ်ပဲခင်းပါဗျဘာဆက်လုပ်သင့်လာ်း
@ဦးဇာနည် ရေမြုပ်ပြီးပြန်ပေါ်လာစ မတ်ပဲခင်းအတွက် ပထမဆုံးအနေဖြင့် ကျန်ရှိနေသောရေများ အမြန်စီးထွက်သွားစေရန် ရေထုတ်မြောင်းငယ်များ ချက်ချင်းဖောက်လုပ်ပေးရပါမယ်။ အပင်နုလေးများတွင် အမြစ်ပုပ်နှင့် ခါးရိရောဂါများ ဝင်ရောက်နိုင်သဖြင့် မိုးလေဝသကြည်လင်သည်နှင့် Hymexazol သို့မဟုတ် Carbendazim ကဲ့သို့ မြေဆောင်မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေနှင့် မြေကြီးစိုရွှဲအောင် ပက်ဖျန်းကာကွယ်ပါ။ ထို့နောက် ၂-၃ ရက်အကြာတွင် အမြစ်အားနည်းနေသော အပင်များ အမြန်နာလန်ထူစေရန် ဟူးမစ်အက်ဆစ် (Humic Acid) သို့မဟုတ် ပင်လယ်ရေမှော် (Seaweed) ရွက်ဖျန်းအားဆေး ဖျန်းပေးရမည်ဖြစ်ပြီး မြေစိုနေချိန်တွင် ယူရီးယား (ပုလဲ) မြေဩဇာကို လုံးဝမကြဲမိရန် အထူးသတိပြုရပါမယ်။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဟူးမစ်အက်စစ် နဲ့ပိုးသတ်ဆေးအားဆေးရောဖျန်းလ်ု့ရလားဆရာ
ဖြေကြားချက် 4 ခု
သက်တမ်း42ရက်သား အပင်စောစော မကျစေရန်နှင့် အပွင့်များထပ်ပွင့်အောင် ဆေးလိုက်လို့ရသေးလား ဆရာတို့အသီးအရမ်းနည်းလို့...
ဖြေကြားချက် 2 ခု
မတ်ပဲပင်၃၅ရက်သား Npkအားဆေးဘယ်လောက်ဖျန်းဖျန်းမကြီးလာတော့လို့ ဘာဆေးပြောင်းဖျန်းသင့်လဲ ဆရာ
ဖြေကြားချက် 1 ခု
ဆရာ ဒီဆေးကပွင့်ထွေးအတွက်အရမ်းကောင်းတယ်ဆိုတာဟုတ်လား စျေးအရမ်းကြီးနေလို့ပါ တစ်ဧကစာကို၈သောင်းကျော်ပေးရပါတယ် အီမာ...
ဖြေကြားချက် 1 ခု
မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။