အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko paing
ko paing 128
လွန်ခဲ့သော ၅ နာရီ က · ညောင်တုန်း

ပဲတောင့်ရှည်က ပွင့်တံလိုက်နေပြီ။N.P.K အချိုးဘယ်အချိုးလောက်ကြွေးသင့်လဲ။အပွင့် ပွင့်ချိန်ဆောင်ရန်ရှောင်ရန်လေးလဲသိချင်ပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၂ ရက်
အပင်အာဟာရ ပဲတောင့်ရှည်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 475,058 လွန်ခဲ့သော ၅ နာရီ က

@ko paing ပဲတောင့်ရှည် အပင်သက်တမ်း ၃၂ ရက်သား ပန်းစတင်နေချိန်တွင် အပွင့်အားကောင်းပြီး အသီးတင်နှုန်းမြင့်မားစေရန်အတွက် နိုက်ထရိုဂျင် (N) အချိုးနည်းပြီး ဖော့စဖရပ်စ် (P) နှင့် ပိုတက်စီယမ် (K) အချိုးများသော မြေဩဇာ (ဥပမာ- 10:20:20 သို့မဟုတ် 12:24:12သို့မဟုတ် 15:15:15 ) ကို ရွေးချယ်ကျွေးသင့်ပါတယ်။ ထို့အပြင် အပွင့်ခိုင်စေရန် ဘိုရွန်နှင့် ကယ်လ်စီယမ်ပါသော ရွက်ဖျန်းအားဆေးနှင့် ဖော့စဖရပ်စ်နှင့် ပိုတက်စီယမ် အချိုးများသော (ဥပမာ - 10:20:20 သို့မဟုတ် 0:52:34 ကဲ့သို့ ရွက်ဖျန်းအားဆေး) တို့ကို အလှည့်ကျ ဖျန်းပေးရပါမယ်။ ပန်းပွင့်ချိန်တွင် မြေအစိုဓာတ် မျှတအောင် ရေမှန်မှန်သွင်းပေးရန်နှင့် ပိုးမွှားကင်းထောက်ရန် လိုအပ်သကဲ့သို့၊ နေပူပြင်းချိန် ဆေးဖျန်းခြင်း၊ ပုလဲ (ယူရီးယား) ကျွေးခြင်းနှင့် ပေါင်းသတ်ဆေး အသုံးပြုခြင်းတို့ကိုမူ အပွင့်ကြွေကျနိုင်သဖြင့် အထူးရှောင်ကြဉ်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။