ဖြေကြားချက် ၄ ခု
@zin mar htwe ဒီဇင်ဘာလ (၁၂ လပိုင်း) တွင် ပဲပုတ်စိုက်ပျိုးခြင်းသည် မိုးလွတ်သည့်အချိန်ဖြစ်၍ မှိုရောဂါကင်းပြီး မတ်လတွင် မိုးမကျမီ အခြောက်လှန်းရိတ်သိမ်းနိုင်သောကြောင့် စိုက်ပျိုးရန် သင့်တော်ပါတယ်။ သို့သော် ဆောင်းတွင်းအအေးဆုံးကာလ ဖြစ်သဖြင့် အပူချိန်ကျဆင်းမှုကြောင့် အပင်ပေါက်နှုန်း နှေးကွေးခြင်းနှင့် မြေအစိုဓာတ် ခန်းခြောက်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ထို့ကြောင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် ရက် ၈၅ မှ ၉၅ ရက်အတွင်း ရိတ်သိမ်းနိုင်သော သက်တမ်းတိုမျိုးကို ရွေးချယ်ခြင်း၊ မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေဩဇာ (Rhizobium) လူးနယ်စိုက်ပျိုးခြင်းနှင့် ပန်းပွင့်ချိန်၊ အသီးတောင့်ဝင်ချိန်များတွင် ရေလုံလောက်စွာ သွင်းပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လိုအပ်ပါတယ်။မိမိဒေသက ညတွေမှာ အရမ်းအေးသည့်ရာသီဥတုမျိုးဆိုမစိုက်ပျိုးသင့်တော့ပါ။
@မိုးချစ်ဇော် ပဲနီပြား (ပဲနီကြား) အထွက်တိုးစေရန် မြေပြင်ချိန်တွင် နွားချေးဆွေး လှည်း ၃-၅ စီးနှင့်အတူ တီစူပါ ၁ အိတ် (သို့မဟုတ်) ၁၅:၁၅:၁၅ ကွန်ပေါင်း အိတ်ဝက်ကို မြေခံအဖြစ် ထည့်သွင်းပေးရပါမယ်။ ပဲပင်များသည် နိုက်ထရိုဂျင်ကို ကိုယ်တိုင်ဖမ်းယူနိုင်၍ ပုလဲမြေဩဇာကို လျှော့သုံးသင့်ပြီး အပင်ငယ်စဉ် ရက် ၂၀ ခန့်တွင် ၂၀:၂၀:၂၀ ရွက်ဖျန်းအားဆေး တစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။ ပန်းစပွင့်ချိန် (၃၅-၄၅ ရက်သား) တွင် အပွင့်ကြွေခြင်းမှ ကာကွယ်ရန်နှင့် အစေ့အဆန် အောင်မြင်စေရန်အတွက် ၀:၅၂:၃၄ ကဲ့သို့ အပွင့်အသီးအားဆေးနှင့် ဘိုရွန်၊ ကယ်လ်စီယမ် အားဆေးတို့ကို အစိုဓာတ်ရှိချိန်နှင့် ချိန်ဆကာ ၂ ကြိမ်ခန့် ပက်ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပဲနီပြားက တဧကကိုမျိုးဘယ်လောက်ကြဲသင့်သလဲ?အရိပ်အနည်းငယ်ရှိတဲ့သရက်ခြံထဲမှာကြဲရင်ဖြစ်နိုင်လားခင်ဗျာ။အပင်ဖြစ်ထွန်း...
ဖြေကြားချက် 3 ခု
ပဲနီပြားကိုဘယ်လမှာစိုက်ရမလဲ
ဖြေကြားချက် 5 ခု
ပဲကျဲမလို့ မြစ်ရေက၂ခါတက်တော့ မြေဇာမြက်ကို ဒူးအထိ ထိနေတာ ပဲမချနိုင်ဘူး ဖြစ်နေတာ ပေါင်းသတ်ဆေးသုံးချင်တာ သုံးလို့...
ဖြေကြားချက် 1 ခု
အသီးအပွင့်အားဆေးနဲ့အဆီဖိတ်ရောဖျန်းလို့သင့်သလားဗျ
ဖြေကြားချက် 1 ခု
အဆီဖိတ်(acephate)ကိုဘယ်အချိန်မှာ(မနက်orညနေ)သင့်သလဲဗျ အပင်အားဆေးနဲ့ရောဖျန်းရင်လဲရလားဗျ ပဲနီပြားစိုက်ခင်းပါ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ