ပဲပုပ်(Soybean) စိုက်ပျိုးနည်း
ပဲပုပ်အား အင်္ဂလိပ် ဘာသာအားဖြင့် “Soybean” သို့ “Soya bean” ဟုခေါ်သည်။ သိပ္ပံ အမည်မှာ Glycine max (L) Merrဖြစ်သည်။ “Soy” နှင့် “Soya”သည် ဂျပန် အသံထွက် shōyuမှ ဆင်းသက်လာသည်။ ပဲမျိုးနွယ်ဝင် အပင်ဖြစ်ပြီး မူရင်းပေါက်ရောက်ရာ ဒေသသည် အရှေ့အာရှ (တရုတ်၊ ဂျပန်၊ ကိုးရီးယား) ဟု ညွှန်းဆိုထားသည်။ ကမ္ဘာတွင် စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနား နိုင်ငံ တို့ဖြစ်သည်။ ကမ္ဘာ့ ပဲပုပ် အထွက်နှုန်းကောင်းသော နိုင်ငံမှာ အိမ်နီးချင်း ထိုင်းနိုင်ငံပင်ဖြစ်သည်။
ပဲပုပ်အား စားသောက်မှု ပုံစံ အမျိုးမျိုးဖြင့် ထုတ်လုပ် သုံးစွဲကြသည်။ ပဲပုပ်သည် အသားဓာတ် ကြွယ်ဝသည်။ ပဲပုပ်မှ ရရှိသော ဆီကို ချက်ပြုတ်ရန်အတွက် သုံးနိုင်သည်။ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်ရာတွင် အရေးပါသောကြောင့် ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့ကပင် ပဲအစား ဆီထွက်သီးနှံ အဖြစ် သတ်မှတ်ထားသည်။ လယ်မြေပေါ်တွင် စပါးရိတ်သိမ်းပြီးနောက် ပဲပုပ်သီးနှံကို လက်ကျန် အစိုဓာတ်ဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ ပဲပင်၏ အမြစ်များသည် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သည်။ ဤထဲမှ အချို့သည် မြေဆီလွှာတွင် ကျန်ရစ်သည်။ ပဲပုပ်ကို စပါးနှင့် အလှည့်ကျ စိုက်ပျိုးခြင်းဖြင့် ပိုးမွှား ရောဂါ ကျရောက်ခြင်းကို သီးနှံ နှစ်မျိုးလုံးတွင် လျော့နည်းစေသည်။
(၁) ရာသီဥတုလိုအပ်ချက်
ပဲပုပ်သည်နွေးပြီး စွတ်စိုသော ရာသီဥတုကို နှစ်သက်သည်။ ၂၆နှင့်၃၂ ဒီဂရီ စင်တီဂရိတ်သည် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပြီး ၂၀ ဒီဂရီ စင်တီဂရိတ်အောက်နှင့် ၄၀ ဒီဂရီ စင်တီဂရိတ် အထက် အပူချိန်များသည် အပင်ဖြစ်ထွန်းမှုကို အဟန့်အတား ဖြစ်စေသည်။ မြေကြီး အပူချိန်သည် ၁၆ ဒီဂရီ စင်တီဂရိတ်တွင် အညှောင့်ပေါက်ရန် အကောင်းဆုံးဖြစ်ပြီး သန်စွမ်းသော အပင်ပေါက်များဖြစ်စေသည်။ မိုးရေချိန် ၂၄ လက်မနှင့် ၆၀လက်မ အတွင်း ကောင်းစွာ ဖြစ်ထွန်းသည်။
(၂) မြေအမျိုးအစားနှင့်မြေပြုပြင်ခြင်း
မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီးမြေဆွေး ပါဝင်မှုများသော၊ ဖွယ်သော မြေများတွင် ပိုမို ဖြစ်ထွန်းသည်။ မြေချဉ်ငံ ကိန်းအားဖြင့် ၅.၅ နှင့် ၇.၅ အကြား ဖြစ်သည်။ မြေချဉ်ငံကိန်းသည် ၆-၇ ကြားရှိပါက အကောင်းဆုံး ဖြစ်သည်။ မြေချဉ်ငံကိန်း ၇.၅ ထက်များသောမြေများတွင် အပင် အညှောင့်ပေါက်ခြင်း ညံ့ဖျင်းမည် ဖြစ်သည်။ မြေချဉ်ငံကိန်း ၅.၅ ထက်နည်းပါက စိုက်ခင်းအား ထုံး (မဖောက်ထုံး) ထည့်ပေးရန် လိုအပ်ပါသည်။ ရေဝပ်သောမြေများသည် အပင်ကို ဒုက္ခပေးတတ်သောကြောင့် ရေဆင်းကောင်းအောင် သေချာဆောင်ရွက်ပေးရမည်။ မြေပြင်ချိန်တွင် နွားချေး(သို့) သဘာဝမြေဆွေးများအား ၁ဧကတွင် လှည်း (၁၀)စီးနှုန်း ထည့်သွင်းပေးပါ။ မြေခံ အနေဖြင့် ယူရီးယား ၇ ပိဿ (သို့) (၁၂)ကီလို၊ တီစူပါ (၁၅- ၂၃) ပိဿ (သို့) (၂၅-၃၈)ကီလို၊ ပိုတက်(၁၅) ပိဿ (သို့) (၂၅)ကီလို ထည့်သွင်းပါ။
(၃) စိုက်ပျိုးခြင်း
ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသော မျိုးများကို အသုံးပြုပါ။ အပင်ပေါက် ၈၅ ရာခိုင်နှုန်းအထက်ရှိသော မျိုးများကို အသုံးပြုပါ။ အခြားပဲမျိုးများ ကဲ့သို့ပင် (၁)ဧကစာ မျိုးစေ့ (၁)တင်းအား ရိုင်ဇိုဘီယမ် (ရိုင်ဇိုဘီယမ်ဂျာပွန်နီကန်) နှင့် မစိုက်ပျိုးမီ လူးနယ်ပေးရမည်။ ရိုင်ဇိုဘီယမ် လူးနယ်ထားသော မျိုးများကို အရိပ်အောက်တွင် အခြောက်ခံပါ။ ထို့နောက် ၂၄နာရီ (၁ရက်) အတွင်း စိုက်ပျိုးပါ။ ပဲပုပ်အား ပင်ကြား၄လက်မနှင့် တန်းကြား၇လက်မ(သို့) ၁၅လက်မ(သို့) လက်မ၃၀ထားကာ စိုက်ပျိုးကြသည်။ တန်းကြားအား ၇လက်မ (သို့) ၁၅ လက်မထားပြီး စိုက်ပျိုး ထုတ်လုပ်မှုတွင် အထွက်နှုန်း သိသာစွာ ကွာခြားခြင်း မရှိဟု သိရသည်။ အစေ့ အရွယ်အစား၊ စိုက်ချိန်၊ စိုက်ပျိုးသည့်စနစ်၊ အပင်ပေါက်နှုန်းပေါ် မူတည်၍ မျိုးနှုန်းထားကွာခြားနိုင်သည်။ ပုံမှန် အားဖြင့် (၁)ဧကစာ အတွက် မျိုးစေ့ (၁၂)ပြည်မှ (၁၆) ပြည်ထိ အသုံးပြုကြပါသည်။ မျိုးစေ့များကိုမြေအတွင်း (၁)လက်မနှင့် (၃)လက်မကြားတွင် ချစိုက်ပါ။ (၃)လက်မ ထက် နက်ပါက အပင်ပေါက် မကောင်းနိုင်ပါ။ ပဲပုပ်အား သက်တမ်းအလိုက် သက်လျင်မျိုး ၇၅ရက်မှ ၈၄ရက်၊ သက်လတ်မျိုး ၈၅ရက်-၉၄ရက်၊ သက်ကြီးမျိုး ၉၅ရက် အထက်ဟူ၍ သတ်မှတ်ထားသည်။ ရေဆင်း ၅၊ ရေဆင်း ၆ နှင့် ရေဆင်း ၁၁ မျိုးများကို ဒေသအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိပါသည်။
ပဲပုပ်တွင် ရွက်ဖျန်းမြေသြဇာ ဖျန်းပေးပါက အထွက်နှုန်း ၁၅-၂၀ ရာခိုင်နှုန်းထိ တိုးထွက်ပါသည်။ ရွက်ဖျန်းမြေသြဇာရည်တွင် တီစူပါနှင့် ပိုတက် (P &K)ပါဝင်မှုများသော အမျိုးအစားကို အသုံးပြုသင့်ပြီး ပန်းဖြိုင်ဖြိုင်ပွင့်သည့် အချိန်ထိ ၁၅ ရက်ခြား တစ်ကြိမ်ဖျန်းပေးပါ။ အဘယ်ကြောင့်ဆိုသော် ပဲပုပ်သည် ထိုမြေသြဇာ နှစ်မျိုးကို ကောင်းစွာ တုန့်ပြန်ပြီး အထွက်နှုန်းအား တိုးစေသည်။ ထို့အပြင် ရွက်ဖျန်းမြေသြဇာ အစား ယူရီးယားနှင့် လက်ချား(ဘိုရွန်)ဖျော်ရည်ကို ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် တစ်ကြိမ်တည်း အညွှန်းပါအတိုင်း (ယူရီးယား ၄ဇွန်းခွဲနှင့် လက်ချား ၁ဇွန်းအား ရေတစ်ဂါလံနှင့်ဖျော်ပါ) အသုံးပြုပါက ကုန်ကျစရိတ် သက်သာစေရုံသာမက အထွက်နှုန်းကိုလည်း ၂၀ မှ၄၀ ထိတိုးစေနိုင်ပါသည်။
(၄) ရေသွင်းခြင်း
ပဲပုပ်သည် ပုံမှန်အားဖြင့် သီးနှံသက်တမ်း ကာလတလျှောက်တွင် ရေအနည်းဆုံး ၁၆လက်မမှ ၂၂လက်မ လိုအပ်သည်။ အလွန်ခြောက်သွေ့သော အနေအထားများတွင် ရေသွင်းပေးရမည်။ အထူးသဖြင့် အပင်ပေါက်ချိန်၊ အပင် ကြီးထွားချိန်အတောင့် စတင် ဖြစ်ပေါ်ချိန်၊အစေ့ အဆန်တည်သော အချိန်သည် အလွန် အရေးကြီးသည်။ တချို့ဒေသများတွင် သီးနှံ သက်တမ်း တလျှောက် ရေ ၆ ကြိမ်မှ ၇ ကြိမ်ထိ သွင်းပေးရသည်။
(၅) ပေါင်းနှိမ်နင်းခြင်း
စိုက်ပျိုးပြီး သက်တမ်း (၄၅)ရက်ရသည် ထိပေါင်းမြက် ကင်းစင်အောင်ဆောင်ရွက်ပါ။
ကျရောက်တက်သောရောဂါများနှင့် ဖျက်ပိုးများ
၁။ပင်စည်ထိုး ယင်ကောင်၊ နှံစုပ် ဂျပိုး၊ သီးလုံးဖောက်ပိုး၊
၂။ပင်ညှိးရောဂါ၊ ခါးရိရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ တို့ဖြစ်သည်။
(၆) ရိတ်သိမ်းခြင်း
ပဲပုပ်များသည် စိုက်ပျိုးသော မျိုးအပေါ် မူတည်၍ စိုက်ပျိုးပြီး ရက်ပေါင်း ၅၀-၁၄၅ အတွင်း ရင့်မှည့်ကြသည်။ အရွက်များ အဝါရောင်ပြောင်းသွားပြီး အချို့မြေသို့ကြွေကျသွားသောအခါ သီးတောင့်သည်လည်း အခြောက် မြန်လာသည်။ ရိတ်သိမ်းချိန်တွင် အစေ့ အစိုဓာတ် ရာခိုင်နှုန်းသည် ၁၅ ရာခိုင်နှုန်းလောက် အနည်းဆုံး ရှိသင့်သည်။ ရိတ်သိမ်းပြီး အပင်များကို တလင်းတွင် ၃-၄ ကြိမ်နေလှမ်းပါ။ မျိုးထားလိုပါက အစိုဓာတ် (၉-၁၀) ရာခိုင်နှုန်း ကြားထားကာ သိမ်းဆည်းနိုင်ပါသည်
ကိုခွန် (စိုက်ပျိုးရေး)
ကျမ်းကိုး-
1. http://www.iita.org/soybean
2. http://www.omafra.gov.on.ca/english/crops/pub811/2planting.htm
3. https://www.pioneer.com/home/site/us/agronomy/library/maximizesoybeanyield/
4. http://www.wikihow.com/GrowSoybeans
5. http://www.agrifarming.in
6. http://www.iita.org/soybean
7. https://en.wikipedia.org/wiki/Soybean
8. သိပ္ပံနည်းကျ လယ်မြေပေါ်တွင် ပဲပုပ်စိုက်ပျိုးနည်းအခြေခံ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဗဟိုစိုက်ပျိုးရေးသုတေသနဌာန
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပဲပုပ်စိုက်ပျိုးနည်း
Myo Thet Wai
လွန်ခဲ့သော ၁ နှစ် ကပြောင်းဖူးတန်းကြားမှာ သီးထပ်စိုက်ရင် ကောင်းနိုင်မလားခဗျ
Sai Bo
လွန်ခဲ့သော ၁ နှစ် ကရှမ်းပြည်နယ် အတွင်း ပဲပုတ်စိုက်တောင်သူများ နှင့် Contract Farming (ကန်ထရိုက်စနစ် - မျိုး၊ မြေသြဇာ၊ စိုက်စရိတ်) ဖြင့် အကောင်အထည် ဖော်ရန် ရှိပါသည်။ 09942458947( Viber)
ဦးမောင်မောင်ကျော်
လွန်ခဲ့သော ၄ နှစ် ကတစ်ဧက ထွက်နှုန်း ဘယ်လောက်ရှိပါသလဲ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကပဲပုတ်မျိုးဘယ်နှစ်မျိုးရှိပါသလဲ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 5 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....