အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Ko Zaw
လွန်ခဲ့သော ၃၅ မိနစ် က · ပုဗ္ဗသီရိ

အရွက်ခြောက်တွေ များလာတာ ပိုးကျတာလား ဘယ်လိုကုစားရမလဲ....

ပိုးမွှားရောဂါ ငှက်ပျော
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 480,843 လွန်ခဲ့သော ၆ မိနစ် က

@Aung Ko Zaw ဓာတ်ပုံထဲက ငှက်ပျောခင်းအခြေအနေအရ ပိုးကျတာထက် ဆီဂါတိုကာ ရွက်ပြောက်မှိုရောဂါ (Yellow & Black Sigatoka) ကျရောက်နေတာ ဖြစ်ပါတယ်။ အပင်ခြေမှာ ပေါင်းမြက်ထူထပ်ပြီး စိုထိုင်းဆများနေတာကြောင့် ရောဂါပိုမိုပျံ့နှံ့နေတာပါ။ ဒီရောဂါကို ကုသဖို့အတွက် ဦးစွာပထမ အရွက်ခြောက်တွေကို ဖြတ်တောက်မီးရှို့ဖျက်ဆီးပြီး အပင်ခြေက ပေါင်းမြက်တွေကို ရှင်းလင်းပေးရပါမယ်။မလိုအပ်တဲ့ သားတက်ပိုတွေကို ဖယ်ရှားပြီး စိုက်ခင်းထဲမှာ ရေမဝပ်အောင် ရေနုတ်မြောင်းတွေ ကောင်းကောင်းလုပ်ပေးပါ။ ပြီးမှ ပင်လုံးပြန့်မှိုသတ်ဆေး (ဥပမာ-ပရိုပီကိုနာဇိုးလ် (Propiconazole)၊ ဒိုင်ဖီနိုကိုနာဇိုးလ် (Difenoconazole)၊ ဟက်ဇာကိုနာဇိုးလ် (Hexaconazole) သို့မဟုတ် အဇိုဆီစထရိုဘင် (Azoxystrobin) ) တို့ကို စွဲကပ်ပြန့်နှံ့ဆေးရည်ထည့်ပြီး ၁၀ ရက်မှ ၁၄ ရက်ခြား တစ်ကြိမ်နှုန်းဖြင့် ၃ ကြိမ်ခန့် အလှည့်ကျ ပက်ဖျန်းပေးပါ။ဆေးယဉ်ပါးမှုမဖြစ်စေရန်နှင့် ရောဂါမကျသေးသော အပင်များကာကွယ်နိုင်ရန်ထိသေအာနိသင်ရှိမှိုသတ်ဆေး (Mancozeb) ကို လည်း စွဲကပ်ပြန့်နှံ့ဆေးရည်ထည့်ပြီး အလှည့်ကျပက်ဖျန်းပေးနိုင်ပါတယ်။ဒါ့အပြင် အပင်ကိုယ်ခံအားကောင်းစေဖို့ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် ပါဝင်တဲ့ မြေဩဇာတွေကို ကျွေးပေးမယ်ဆိုရင် စိုက်ခင်းပြန်လည် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။အပေါ်က အဆင့်တွေအတိုင်း စိုက်ခင်းသန့်ရှင်းရေး အရင်လုပ်ပြီး မှိုသတ်ဆေး အလှည့်ကျ ဖျန်းပေးမယ်ဆိုရင် အရွက်သစ်တွေမှာ ရောဂါဆက်မကူးတော့ဘဲ စိုက်ခင်းပြန်လည် စိမ်းစိုလာမှာ ဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

သဘာဝမြေသြဇာကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချချင်တာပါ။ဘယ်လိုအရာတွေကိုပေါင်းစပ်ထုတ်လုပ်ရမလဲဗျ နည်းပညာသိသူများမျှဝေ...

ဖြေကြားချက် 4 ခု

ငှက်ပျော အမှည့်မှာ သီးထိုးယင်လာလာထိုးနေလို့ ဘယ်လိုလုပ်ရမလဲ ခင်ဗျ methyl eugenol နဲ့ ထောင်ခြောက်လုပ်ဖမ်းရတယ်...

ဖြေကြားချက် 5 ခု

တနင်္သာရီတိုင်းတွင် တင်လဲရည်ဝယ်ယူရန်မလွယ်ပါသောကြောင့် ငါးအမိုင်နို့နင့် သဘာဝမြေဩဇာလုပ်ရာတွင့်အသုံးပြုသော တင်လဲ...

ဖြေကြားချက် 1 ခု

ငှက်ပျောပင်ကို မေလ နှင့် လာမဲ့ နိုဝင်ဘာလတွေမှာ စိုက်လို့ရလားဗျ

ဖြေကြားချက် 2 ခု

ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။