အစိမ်းရောင်လမ်း
364
လွန်ခဲ့သော ၁၅ မိနစ် က · နောင်ချို

စတော်ဘယ်ရီပင်ဘာရောဂါလဲဗျဒီလိုတွေဖြစ်နေတာက

ပိုးမွှားရောဂါ စတော်ဘယ်ရီ
Post image
Post image
You
41
လွန်ခဲ့သော ၂၁ မိနစ် က · ဟင်္သာတ

ကွမ်းခြံဆီစွန်းရောဂါကျနေလို့ပါခင်ဗျဘာဆေးသုံးရမလဲပြောပေးပါအုံး

ပိုးမွှားရောဂါ ကွမ်း
Post image
41 လွန်ခဲ့သော ၈ မိနစ် က

ကျေးဇူးပါ

3,106 လွန်ခဲ့သော ၁၃ မိနစ် က

ကောပါး ကာဆူကာ ဖျန်း

You
48
လွန်ခဲ့သော ၂၁ မိနစ် က · နတ္တလင်း

စပါးဖလံဖြူကျတာဘာဆေးဖြန်ရမလဲး

ပိုးမွှားရောဂါ စပါး
You
ဖြေလည်သော အဖြေရရှိပြီး
266,337
ရေးသားသူ
လွန်ခဲ့သော ၂၃ မိနစ် က · အုတ်ဖို

ဂန္ဓမာပန်းစိုက်တောင်သူများ အရင်ရက်များက မီးထွန်းခြင်းအကြောင်းမေးထားတာလေးအတွက် ဆောင်းပါးတင်ပေးပြီးပါပြီခင်ဗျာ https://www.greenwaymyanmar.com/posts/chrysanthemum_night_break_techniques

စိုက်ပျိုးနည်း ဂန္ဓမာ
266,337 လွန်ခဲ့သော ၂၃ မိနစ် က
ဤအဖြေဖြင့် ပြေလည်
You
643
လွန်ခဲ့သော ၂ နာရီ က · မင်းတပ်

ဖော်ပြပါဓါတ်ပုံအတိုင်း အမည်မသိရောဂါကျရောက်ဖျက်ဆီးနေပါတယ်။ရောဂါ အမျိုးအစားနှင့်ကုသကာကွယ်ရေးနည်းလမ်းပြန်ကြားပေးပါ။

ပိုးမွှားရောဂါ ကော်ဖီ
Post image
Post image
266,337 လွန်ခဲ့သော ၄၇ မိနစ် က

ကော်ဖီဗယ်ရီမှိုရောဂါ (CBD) ကျနေတာပါ။ထိရောက်စွာ နှိမ်နင်းရန်အတွက် ရောဂါသံသရာကို ဖြတ်တောက်ရန် အလွန်အရေးကြီးပါတယ်။ ဦးစွာ အပင်ပေါ်နှင့် မြေပေါ်ရှိ ရောဂါရ ကော်ဖီသီးပုပ်၊ သီးခြောက်အားလုံးကို လိုက်လံကောက်ယူ မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် လေဝင်လေထွက်ကောင်းပြီး စိုထိုင်းဆလျော့ကျစေရန် ကိုင်းရှင်းပေးခြင်းကို မပျက်မကွက် လုပ်ဆောင်ပါ။ ဓာတုဆေးဝါးအနေဖြင့် မိုးမရွာမီနှင့် ရောဂါစတင်ချိန်တွင် ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride) ကဲ့သို့သော ကော့ပါးမှိုသတ်ဆေးများ သို့မဟုတ် ပင်လုံးပျံ့မှိုသတ်ဆေးများကို တစ်လတစ်ကြိမ် လှည့်ပတ်ပက်ဖြန်းပေးခြင်းဖြင့် ကော်ဖီသီးများ ပုပ်ပျက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

41 လွန်ခဲ့သော ၁ နာရီ က

ကွမ်းခြံဆီစွန်းရောဂါအတွက်ဘာဆေးသုံးရပါသလဲ

You
ဖြေလည်သော အဖြေရရှိပြီး
455
လွန်ခဲ့သော ၂ နာရီ က · သုံးခွ

potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞📞📞

မြေဆီလွှာ စပါး
455 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

hi

3,106 လွန်ခဲ့သော ၁၈ မိနစ် က

ဓာတ်ဆားလို့လည်း ခေါ်ကြတယ်

You
348
လွန်ခဲ့သော ၄ နာရီ က · စဉ့်ကူး

စပါးကအရွက်ဖျားတွေဝါတာဘာဖစ်လို့ပါလဲ ဘာ‌ေးဆဖျနိးရမလဲ

အပင်အာဟာရ စပါး
Post image
Post image
Post image
266,337 လွန်ခဲ့သော ၄၂ မိနစ် က

ပုံပါစပါးခင်းတွင် စပါးရွက်ဖျားများ ဝါပြီး ခြောက်ရခြင်းမှာ အဓိကအားဖြင့် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ် သို့မဟုတ် ဆာလ်ဖာဓာတ်ကဲ့သို့သော အပင်အာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့် သော်လည်းကောင်းဖြစ်နိုင်ပါတယ်။ အခြေအနေကို ပြုပြင်ရန်အတွက် ပုလဲမြေဩဇာနှင့် ပိုတက်ရှ်မြေဩဇာကို စနစ်တကျ ရောစပ်ကျွေးခြင်း၊ အမိုင်နိုအက်ဆစ်ပါဝင်သော ရွက်ဖျန်းအားဆေးနှင့် အနည်းလိုအဟာရအားဆေး ပက်ဖျန်းခြင်းများ ပြုလုပ်ပေးရပါမယ်ခင်ဗျာ။

20 လွန်ခဲ့သော ၅၇ မိနစ် က

လေးပိုးကြောင့်လားမသိဘူး

You
234
လွန်ခဲ့သော ၄ နာရီ က · သာပေါင်း

ငါးအမိုင်နို/အီးအမ်ဇီ၀ဖျော်ရည်များကို ဓာတုပိုးသတ်ဆေးများသုံးထားသော ဆေးဖျန်းပုံးများနှင့်အသုံးပြုနိုင်ပါသလား ခင်ဗျာ။

အပင်အာဟာရ စပါး
အတည်ပြုပြီး 1,102,729 လွန်ခဲ့သော ၃ နာရီ က

သေချာဆေးပြီးတော့သုံးရင်ရပါတယ်။

3,106 လွန်ခဲ့သော ၃ နာရီ က

ရေဆေးပြီးမှ သုံးပါ။ ပေါင်းသတ်ဆေးထားရင် ပိုဆိုးပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
6
လွန်ခဲ့သော ၅ နာရီ က · ပင်းတယ

ဂျင်းအမြစ်ပုတ်ရောဂါဖြစ်နေရင်ဘာဆေးဖျန်းရမလဲပျ ဖျန်းရမယ့်ဆေးလေးပြောပြပါအုံး

ပိုးမွှားရောဂါ ချင်း
Post image
အတည်ပြုပြီး 1,102,729 လွန်ခဲ့သော ၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဂျင်းဥပုပ်ရောဂါက ၊ဒဏ်ရာကတဆင့်၊မြေဆောင်မှိုကူးစက်ပါတယ်။ မိားများ၊အစိုများလာရင်၊ဘက်တီးရီးယား ပျော့ပုပ်အသွင်ဆောင်ပါတယ်။ fosetyl aluminium, bismerthiazol ဖျန်းသင့်ပါတယ်။

266,337 လွန်ခဲ့သော ၃၈ မိနစ် က

ဂျင်းအမြစ်ပုပ်/ဥပုပ်ရောဂါသည် Pythium နှင့် Fusarium မှိုများကြောင့် အဓိကဖြစ်ပွားပြီး စိုက်ခင်းအတွင်း ရေဝပ်ခြင်းနှင့် စိုထိုင်းဆများခြင်းတို့ကြောင့် ပိုမိုဆိုးရွားစေတတ်ပါတယ်။ စိုက်ပျိုးရေးနည်းစနစ်အရ ရောဂါရနေသောအပင်များကို မြေဆီလွှာနှင့်တကွ တူးဖော်ဖျက်ဆီးခြင်း၊ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျဖော်ခြင်းနှင့် ထရိုင်ကိုဒါးမား (Trichoderma) ကဲ့သို့သော ဇီဝမှိုသတ်ဆေးကို မြေဆွေးနှင့်ရောကျွေးခြင်းတို့ဖြင့် ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ပါတယ်။

You
394
လွန်ခဲ့သော ၆ နာရီ က · ညောင်ရွှေ

အပင်ဖြစ်နဲနေလို့ပါ

အပင်အာဟာရ နှင်းဆီ
Post image
266,337 လွန်ခဲ့သော ၂၇ မိနစ် က

မြေပြင်တွင် တိုက်ရိုက်စိုက်ပျိုးထားသော နှင်းဆီပင်များ ဖြစ်ထွန်းမှုအားကောင်းစေရန်အတွက် ဦးစွာ အပင်ခြေပတ်လည် ၆ လက်မအကွာကို မြေဆွပေးပြီး ရေဝပ်ခြင်းမရှိစေရန် ရေသွင်းစနစ်ကို ပြုပြင်ပေးရပါမယ်။ အာဟာရအတွက် နွားချေးဆွေး သို့မဟုတ် သစ်ရွက်ဆွေးကဲ့သို့ သဘာဝမြေဆွေးများနှင့်အတူ (NPK 15-15-15) ကွန်ပေါင်းမြေသြဇာကို တစ်လတစ်ကြိမ် စနစ်တကျ ကျွေးပေးရပါမယ်။ ထို့ပြင် အစိုဓာတ်ထိန်းရန် အပင်ခြေကို ကောက်ရိုးဖြင့် ဖုံးအုပ်ပေးပြီး၊ အပင်အာဟာရ မဖြုန်းတီးစေရန် ကိုင်းအိုများနှင့် ကိုင်းခြောက်များကို ပုံမှန်ညှပ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။

အတည်ပြုပြီး 1,102,729 လွန်ခဲ့သော ၃ နာရီ က

ဟူးမစ်အက်ဆစ်၊အီးအမ် ရောပြီး အပင်ခြေဖျန်းပါ။

You
364
လွန်ခဲ့သော ၇ နာရီ က · နောင်ချို

ဘောက်လောက်သီးပင်တွေမှာဒီလိုရောဂါတွေ့လို့ဘာမှိုလဲဗျအပင်ပြတ်တာကခါးရိမှိုလားပြောပြပါဦး

ပိုးမွှားရောဂါ မေမြို့
Post image
Post image
Post image
Post image
364 လွန်ခဲ့သော ၆ နာရီ က

ဟုတ်ကဲ့ကျေးဇူးပါဗျ

အတည်ပြုပြီး 318,645 လွန်ခဲ့သော ၇ နာရီ က

အော်တာနေရီးယား ရွက်ပြောက်ရောဂါ (Alternaria leaf spot) ကျနေတာပါ။ သူက ခရမ်းခရမ်းချဉ် စတဲ့ ခရမ်းမျိုးနွယ်တွေ၊ ဗူးဖရုံနဲ့ ပဲမျိုးနွယ်တွေမှာ ကျရောက်ပါတယ်။ မှိုကြောင့်ဖြစ်တတ်တဲ့ရောဂါဖြစ်ပြီး မိုးများပြီး ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ဖြစ်ပါတယ်။ အရမ်းမဆိုးဝါးသေးရင်တော့ ရောဂါကျတဲ့ အရွက်တွေကို ဖယ်ရှားပါ။ အပင်ပြတ်တာလည်း ဒီရောဂါနဲ့ ဆက်နွယ်မှုတော့ရှိပါတယ်။ ပြတ်တဲ့နေရာတွေရာ ရောဂါလက္ခဏာရှိမရှိစစ်ပါ။ ရှိရင် နှုတ်ပစ်ပါ။ ရောဂါကျတဲ့ အစိတ်ပိုင်းတွေကို မီးရှို့ဖျက်ဆီးပါ။ မဟုတ်ရင် အဲဒီက မှိုမျိုးစေ့တွေက ပြန်ပြန့်နိုင်ပါတယ်။ အောက်ခြေမှာ အရွက်တွေ ပေါင်းတွေ ရှုပ်မနေအောင် ဂရုစိုက်ပါ။ ကောပါးပါတဲ့ မှိုသတ်ဆေးကို ဖျန်းပေးပါ။ အစိမ်းရောင်လမ်း စိုက်ပျိုးမိုးလေဝသကို စစ်ပြီး ဆေးဖျန်းပြီး ၄-၆ နာရီ မိုးကင်းမယ့်အချိန်ကို ရွေးဖျန်းပါ။

You
364
လွန်ခဲ့သော ၇ နာရီ က · နောင်ချို

နှံစားပြောင်းခင်းပါဒီလိုရောဂါတွေဖြစ်နေလို့ဘာမှိုလဲပြောပေးပါဦး

ပိုးမွှားရောဂါ ပြောင်း
Post image
Post image
364 လွန်ခဲ့သော ၆ နာရီ က

ဟုတ်ကဲ့ကျေးဇူးပါဗျ

အတည်ပြုပြီး 318,645 လွန်ခဲ့သော ၇ နာရီ က

ပြောင်းရွက်ခြောက်ရောဂါ northern corn leaf blight ပါ။ ဆရာဒို့ဦးလေးရေးထားတဲ့ ဆောင်းပါးကို လေ့လာနိုင်ပါတယ်။ ပြောင်း,ရွက်​ခြောက်​ရောဂါ...သတိပြုပါ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ ​ရောဂါခံနိုင်ရည်ရှိ​သော မျိုး​ကောင်းမျိုးသန့်ကို ​ရွေးချယ်စိုက်ပါ။ အပင်အကြွင်းအကျန်များကို ဆွေး​မြည့်​စေပြီးမှ(ရှင်းလင်းပြီးမှ) စိုက်ပါ။ ​(မြေ​ဆောင်​ရောဂါ မဟုတ်လို့၊ မျိုး​စေ့လူး​ဆေးအသုံးပြုလို့ မထိ​ရောက်နိုင်ပါ) အာဟာရ အချိုးမျှတ​အောင်ကျွေးပါ(ယူရီးယား များလွန်းခြင်း ​ရှောင်ပါ) သီးလှည့်စိုက်ပါ( ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊​ နေကြာ..စသည်သီးနှံများနဲ့ အလှည့်ကျစိုက်ပါ) အပင်တစ်လသားအရွယ် ထရိုင်ကိုဒါးမားကို သဲနဲ့​ရောပြီး အပင်​ခြေထည့်​ပေးပါ။ ဆာလဖာဖျန်း​ပေးခြင်းဖြင့်လည်း ​ရောဂါကာကွယ်မှု ထိ​ရောက်​စေပါသည်။ မှိုသတ်​ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း အောက်​ဖော်ပြပါ ​ဆေးအုပ်စုများမှ သင့်​တော်ရာတမျိုး သို့မဟုတ် တမျိုးထက်ပိုပြီးကို အညွှန်းပါအတိုင်း အသုံးပြုနိုင်ပါတယ်။ Mancozeb Captan Chlorothalonil Propiconazole Hexaconazole Difenoconazole Azoxystrobin Pyraclostrobin

You
234
လွန်ခဲ့သော ၁၂ နာရီ က · သာပေါင်း

ဘော်ဒိုဆေးရည်ကို စပါးအတွက်အသုံးလို့ရပါသလား။ရလျှင်ဆေးဖျန်းပုံးတစ်ပုံးနှုန်းထားပြောပါလားခင်ဗျာ။ ဖျန်းသင့်တဲ့အချိန်ပါ ဖြေကြားပေးပါ။

ပိုးမွှားရောဂါ စပါး
အတည်ပြုပြီး 1,102,729 လွန်ခဲ့သော ၁၀ နာရီ က

ဘော်ဒိုဆေးရည် တွေကို၊နှစ်ရှည်ခြံတွေမှာသာ၊ဖျန်းဖို့သင့်ပါတယ်။ ရာသီပင်တွေ ဖျန်းရင်၊ဆေးလောင်နိုင်ချေများပါတယ်။ဘာရောဂါအတွက်ဖျန်းချင်တာပါလဲ။

266,337 လွန်ခဲ့သော ၁၀ နာရီ က

စပါးခင်းတွင် ဖြစ်ပွားတတ်သော ဘက်တီးရီးယား ရွက်ခြောက်ရောဂါနှင့် ရွက်ညိုပြောက်ရောဂါများ ကာကွယ်နှိမ်နင်းရန် ဘော်ဒိုဆေးရည်ကို စနစ်တကျ အသုံးပြုနိုင်ပါတယ်။ ဆေးနှုန်းထားအဖြစ် ၄ ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဒုတ္ထာ ၈ ကျပ်သားနှင့် ထုံး ၈ ကျပ်သား (၀.၅ ရာခိုင်နှုန်းအချိုး) နှုန်းဖြင့် ပလပ်စတစ်ပုံးထဲတွင် သီးခြားစီ ဖျော်စပ်ပြီးမှ ရောရပါမယ်။ ဆေးရည် အက်စစ်ဓာတ်ကဲပြီး စပါးရွက် လောင်ခြင်းမှ ကာကွယ်ရန် ဆေးဖျော်ပြီးတိုင်း သံမှိုဖြင့် အရောင်ပြောင်းလဲမှုကို မဖြစ်မနေ စစ်ဆေးရပါမယ်။ ဤဆေးရည်ကို စပါးပင်ပွားချိန်မှ မှို့ကပ်ချိန်အတွင်း၊ နံနက်စောစော သို့မဟုတ် ညနေစောင်းအချိန်များတွင် ပက်ဖြန်းနိုင်သော်လည်း စပါးပန်းပွင့်နေချိန် (နို့ရည်တည်ချိန်) တွင်မူ ဝတ်မှုံကူးမှုကို ထိခိုက်စေနိုင်သဖြင့် လုံးဝ မပက်ဖြန်းရပါ။ အရေးကြီးသတိပြုရန် (pH စစ်ဆေးခြင်း) ဆေးရည်သည် အက်စစ်ဓာတ်ကဲနေပါက စပါးရွက်များ လောင်သွားနိုင်ပါသည်။ ထို့ကြောင့် ဆေးဖျော်ပြီးပါက ပြောင်လက်နေသော သံမှို သို့မဟုတ် ဓားသန့်သန့်ကို ဆေးရည်ထဲသို့ ၁ မိနစ်ခန့် နှစ်ကြည့်ပါ။ သံမှိုတွင် အညိုရောင် (ကြေးနီရောင်) စွန်းပေလာပါက အက်စစ်ဓာတ်များနေသေးသဖြင့် ထုံးရေကြည် အနည်းငယ် ထပ်ထည့်ပေးရပါမည်။ သံမှို အရောင်မပြောင်းတော့ဘဲ မူလအတိုင်းရှိမှသာ စပါးခင်းတွင် ဘေးကင်းစွာ ဖျန်းနိုင်ပါလိမ့်မယ်ခင်ဗျာ။ အရင်ဦးဆုံး အနည်းဆုံးဧရိယာကို စမ်းသပ်ဖျန်းကြည့်ပြီး စပါးပင်အရွက်လောင်ခြင်း မရှိမှ စိတ်ချစွာအသုံးပြုပါခင်ဗျာ။

You
13
လွန်ခဲ့သော ၁၉ နာရီ က · မြေပုံ

အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး

မွေးမြူကန်ပြင်ဆင်ခြင်း ငါး
အတည်ပြုပြီး 318,645 လွန်ခဲ့သော ၁၈ နာရီ က

မွေးမြူတဲ့စနစ်နဲ့ ရေအရည်အသွေးပေါ်မူတည်ပြီး လဲသင့်မသင့် ဆုံးဖြတ်ဖို့လိုပါမယ်ဗျ။ အဓိက သတိထားစောင့်ကြည့်သင့်တာကတော့ ကန်ရေရဲ့ အနံ့၊ ရေရဲ့ အရောင်ပြောင်းလဲလာတာနဲ့ အောက်ဆီဂျင်ပါဝင်မှု (မနက်ပိုင်း ငါးတွေ ရေပေါ်တက်လာပြီး ပြူးပြုးပြာပြာ အသက်ရှုနေတာ) တွေဖြစ်ပါတယ်။ ငါးပညာရှင်ရေးထားတဲ့ ဆောင်းပါးတွေကို သေချာလေ့လာဖတ်ရှု့ဖို့ အကြံပြုပါတယ်ဗျ။ မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့်အချိန်ဇယား(၁)မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့် အချိန်ဇယား (၂)

You
66
လွန်ခဲ့သော ၂၀ နာရီ က

ကွမ်းက10တစ်ခါခူးနေတာဗျ လိုင်ဆာလဖာ နဲ ရွေတက်လမ်း သဘာ၀မိူဆေးတွေနဲရောဖျန်းရလားဗျ

စိုက်ပျိုး ရေ ကွမ်း
Post image
အတည်ပြုပြီး 318,645 လွန်ခဲ့သော ၁၈ နာရီ က

လိုင်းဆာလဖာကတော့ သဘာဝမှိုဆေးဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကျွန်တော်သေချာမသိသေးတာကြောင့် ပြောဖို့ခက်ပါတယ်။ အွန်လိုင်းမှာရှာကြည့်သလောက် ရွှေတက်လမ်းက အားဆေးဖြစ်မယ်ထင်တယ်ဗျ။ ဖျန်းတဲ့အချိန်မှာ အပင်မလောင်အောင် အပင်အနည်းငယ်မှာ စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ နောက် မှိုရောဂါက ပူနွေးစိုစွတ်ပြီး စိုထိုင်းဆ မြင့်တက်တဲ့အချိန်မှာ ဖြစ်တာမို့ မိုးကာလမှာ ရေမဝပ်အောင် ရေထုတ်မြောင်းကောင်းအောင် သတိပြုစေချင်ပါတယ်။ နောက် အပင်ခြေမှာ ရှုပ်မနေအောင်ထားဖို့နဲ့ ပေါင်းတွေ ကင်းအောင် ဂရုစိုက်ပေးပါဗျ။

You

မေးခွန်း

234
လွန်ခဲ့သော ၄ နာရီ က · သာပေါင်း

ငါးအမိုင်နို/အီးအမ်ဇီ၀ဖျော်ရည်များကို ဓာတုပိုးသတ်ဆေးများသုံးထားသော ဆေးဖျန်းပုံးများနှင့်အသုံးပြုနိုင်ပါသလား ခင်ဗျာ။

အပင်အာဟာရ စပါး
အတည်ပြုပြီး 1,102,729 လွန်ခဲ့သော ၃ နာရီ က

သေချာဆေးပြီးတော့သုံးရင်ရပါတယ်။

3,106 လွန်ခဲ့သော ၃ နာရီ က

ရေဆေးပြီးမှ သုံးပါ။ ပေါင်းသတ်ဆေးထားရင် ပိုဆိုးပါတယ်။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။