မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့် အချိန်ဇယား (၂)

23/01/2023 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့် ငါးများ၏ကျန်းမာရေးနှင့် ကြီးထွားနှုန်းကောင်းစေရန်လိုအပ်သော ကန်ရေ၏ အရည်အသွေးစံညွှန်းများကို အသေးစိတ်သိရှိရန်လိုအပ် သလို ရေအရည်အသွေးကိုလည်း မပြတ်စစ်ဆေးပေးနေရန် လိုအပ်ပါသည်။

 

ယင်းအတွက် လိုအပ်ချက်အချို့ကို အပိုင်း(၁) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Fish_farm_standard_water_qualities

ယခုအပိုင်း(၂) တွင် နောက်ထပ်လိုအပ်သည်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

၈။ Alkalinity(ထုံးဓာတ် CaCO3 ပါဝင်နှုန်း)

  • ငါးမြစ်ချင်းအုပ်စု - 75 မှ 200 mg/Lit အတွင်း
  • တီလားပီးယား    - 90 မှ 250 mg/Lit အတွင်း

*Alkalinity 40 mg/Lit အောက်ကျပါက CaCO3 ထုံးမှုန့်များကို ထည့်သွင်းပေးရသည်။

 

  • 40 mg အောက်...........100 kg/တစ်ဧက
  • 40 mg အောက်...........60 kg-75kg/တစ်ဧက
  • 60 mg အောက်...........75 kg-50kg/တစ်ဧကနှုန်း ဖြစ်သည်။ 

ထုံးမှုန့်ကို ၂ ကြိမ်မှ ၃ ကြိမ်ခွဲ၍ ထည့်ပေးနိုင်ပါသည်။

*Alkalinity အလွန်မြင့်ပါက ရေလဲလှယ်ပေးခြင်း၊ ကယ်လ်စီယမ်ဆာလဖိတ်(လချေးထုံး)တစ်ဧက 50 kg မှ 100 kg အတွင်း ထည့်သွင်းနိုင်သည်။ 

၉။ ရေစေးနှုန်း(Hardness)

  • ရေချိုငါးကန် - 50 mg/Lit မှ 150 mg/Lit အတွင်း...

*Hardness နိမ့်ပါက - Dolomite ထုံးမှုန့်ထည့်ပေးရသည်။ တစ်ဧက 25 kg နှုန်းဖြစ်သည်။

၁၀။ အမိုးနီးယား(NH3)

  • NH3 ပမာဏ 0.02 mg/L ထက် မပိုစေရ။
  • Total အမိုးနီးယား 0.95 mg/L ထက် မပိုစေရ။
  • pH မြင့်တက်လာပါက - အမိုးနီးယား မြင့်တက်လာသည်။

*စုပ်ယူဖယ်ရှားထိန်းသိမ်းနိုင်ရန်ဆိုပါက...

  • zeolite ထုံး - တစ်ဧကလျှင် 25 kg နှုန်း
  • ဆားကြမ်း - တစ်ဧက 80 ပိဿာနှုန်း
  • အစာကျွေးနှုန်းလျှော့ချရန်၊ ရေသစ်လဲလှယ်ပေးရန်
  • အောက်စီဂျင်ပျော်ဝင်နှုန်းမြင့်လာစေရန် ရေဒလက်မောင်းပေးခြင်းတို့ ပြုလုပ်ပေးရပါမည်။ 

၁၁။ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်(H2S)

  • ကန်၏ H2S 0.002 mg/L ထက် မပိုစေရ။
  • pH ကျပါက ကန်ရေ၏ H2S အဆိပ်အတောက်မြင့်မားလာသည်။

ဖယ်ရှားထိန်းသိမ်းရန်ဆိုပါက...

  • pH မြှင့်ပေးခြင်းနှင့် စုပ်ယူဖယ်ရှားရန် zeolite ထုံးမှုန့် တစ်ဧက 25 kg မှ 50 kg ထည့်သွင်းပေးခြင်း
  • ဆားကြမ်း- တစ်ဧက ... 80-100 ပိဿာနှုန်း ထည့်ပေးခြင်း
  • ရေလဲလှယ်ပေးခြင်း၊ အောက်ဆီဂျင် D.O မြင့်တက်လာစေရန် ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်