အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့် အချိန်ဇယား (၂)

မွေးမြူရေးငါးကန် ကန်ရေအရည်အသွေးစံချိန်စံညွှန်းများနှင့် မပြတ်စစ်ဆေးပေးရမည့် အချိန်ဇယား (၂)

 

ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့် ငါးများ၏ကျန်းမာရေးနှင့် ကြီးထွားနှုန်းကောင်းစေရန်လိုအပ်သော ကန်ရေ၏ အရည်အသွေးစံညွှန်းများကို အသေးစိတ်သိရှိရန်လိုအပ် သလို ရေအရည်အသွေးကိုလည်း မပြတ်စစ်ဆေးပေးနေရန် လိုအပ်ပါသည်။

 

ယင်းအတွက် လိုအပ်ချက်အချို့ကို အပိုင်း(၁) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Fish_farm_standard_water_qualities

ယခုအပိုင်း(၂) တွင် နောက်ထပ်လိုအပ်သည်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

၈။ Alkalinity(ထုံးဓာတ် CaCO3 ပါဝင်နှုန်း)

  • ငါးမြစ်ချင်းအုပ်စု - 75 မှ 200 mg/Lit အတွင်း
  • တီလားပီးယား    - 90 မှ 250 mg/Lit အတွင်း

*Alkalinity 40 mg/Lit အောက်ကျပါက CaCO3 ထုံးမှုန့်များကို ထည့်သွင်းပေးရသည်။

 

  • 40 mg အောက်...........100 kg/တစ်ဧက
  • 40 mg အောက်...........60 kg-75kg/တစ်ဧက
  • 60 mg အောက်...........75 kg-50kg/တစ်ဧကနှုန်း ဖြစ်သည်။ 

ထုံးမှုန့်ကို ၂ ကြိမ်မှ ၃ ကြိမ်ခွဲ၍ ထည့်ပေးနိုင်ပါသည်။

*Alkalinity အလွန်မြင့်ပါက ရေလဲလှယ်ပေးခြင်း၊ ကယ်လ်စီယမ်ဆာလဖိတ်(လချေးထုံး)တစ်ဧက 50 kg မှ 100 kg အတွင်း ထည့်သွင်းနိုင်သည်။ 

၉။ ရေစေးနှုန်း(Hardness)

  • ရေချိုငါးကန် - 50 mg/Lit မှ 150 mg/Lit အတွင်း...

*Hardness နိမ့်ပါက - Dolomite ထုံးမှုန့်ထည့်ပေးရသည်။ တစ်ဧက 25 kg နှုန်းဖြစ်သည်။

၁၀။ အမိုးနီးယား(NH3)

  • NH3 ပမာဏ 0.02 mg/L ထက် မပိုစေရ။
  • Total အမိုးနီးယား 0.95 mg/L ထက် မပိုစေရ။
  • pH မြင့်တက်လာပါက - အမိုးနီးယား မြင့်တက်လာသည်။

*စုပ်ယူဖယ်ရှားထိန်းသိမ်းနိုင်ရန်ဆိုပါက...

  • zeolite ထုံး - တစ်ဧကလျှင် 25 kg နှုန်း
  • ဆားကြမ်း - တစ်ဧက 80 ပိဿာနှုန်း
  • အစာကျွေးနှုန်းလျှော့ချရန်၊ ရေသစ်လဲလှယ်ပေးရန်
  • အောက်စီဂျင်ပျော်ဝင်နှုန်းမြင့်လာစေရန် ရေဒလက်မောင်းပေးခြင်းတို့ ပြုလုပ်ပေးရပါမည်။ 

၁၁။ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်(H2S)

  • ကန်၏ H2S 0.002 mg/L ထက် မပိုစေရ။
  • pH ကျပါက ကန်ရေ၏ H2S အဆိပ်အတောက်မြင့်မားလာသည်။

ဖယ်ရှားထိန်းသိမ်းရန်ဆိုပါက...

  • pH မြှင့်ပေးခြင်းနှင့် စုပ်ယူဖယ်ရှားရန် zeolite ထုံးမှုန့် တစ်ဧက 25 kg မှ 50 kg ထည့်သွင်းပေးခြင်း
  • ဆားကြမ်း- တစ်ဧက ... 80-100 ပိဿာနှုန်း ထည့်ပေးခြင်း
  • ရေလဲလှယ်ပေးခြင်း၊ အောက်ဆီဂျင် D.O မြင့်တက်လာစေရန် ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ

ကျော်မျိုးလှိုင် • ဖြေကြားချက် 5 ခု

ကန်ထဲ ရေနည်းလို့ စက်တွင်းရေ သွင်းလို့ရပါသလား။ ရေ‌ပုပ်နိုင်ပါသလား

Aung Kyaw Moe • ဖြေကြားချက် 1 ခု

အသစ်တူးထားသည့် ငါးကန်အတွက် ရေသွင်း ရေလှယ်စန် များတပ်ဆင်ချင်လို့ ဘယ်ကိုဆက်သွယ်ရမလဲဗျ။ ၁၅မိုင်ကပါ

Hein Thant • ဖြေကြားချက် 2 ခု

အသစ်တူးဖေါ်ထားသည့် ငါးကန်အတွက် ျရသွင်းရေထုတ်စနစ် လုပ်ချင်လို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ

Hein Thant • ဖြေကြားချက် 1 ခု

အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး

sanmoetun • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။