အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်

အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်

အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁ နာရီ UPDATE ထုတ် ထိုင်းမိုးလေဝသဌာန၏ မြေပြင်မိုးလေဝသပြမြေပုံ (Surface Weather Chart) ၊ Meteoblue ECMWF Model မှ ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းစနစ် ဖြစ်ပေါ်မှု ခန့်မှန်းချက်များ နှင့် Meteoblue ICON Model ၏ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ နေ့စဉ်မိုးရေချိန်ပြမြေပုံများကို အခြေခံသည့် မိုးလေဝသသုံးသပ်ခန့်မှန်းချက်များဖြစ်သည်။


၁။ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းစနစ် အခြေအနေ


မြေပြင်မိုးလေဝသအခြေအနေ (TMD Surface Chart) - မုတ်သုံမြောင်တန်း (Monsoon Trough) သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းကွေ့တို့မှတစ်ဆင့် သွယ်တန်းလျက်ရှိပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းဆဲလ် (Low Pressure Cells - L) များ အစပျိုးလျက် ရှိပါသည်။ တရုတ်နိုင်ငံအာရှကုန်းတွင်းပိုင်းမှ လေဖိအားမြင့်ရပ်ဝန်း (High Pressure System - H) သည် အားကောင်းစွာဖြင့် မြောက်ဘက်မှ တိုးဝင်လျက်ရှိပြီး မြန်မာနိုင်ငံ အရှေ့ဘက်နှင့် မြောက်ပိုင်းတို့အတွင်းသို့ အရှေ့ဘက်မှ လေအေးများ စီးဝင်လာစေပါသည်။


ECMWF Model လေစီးကြောင်းနှင့် မုန်တိုင်းအလားအလာ ခန့်မှန်းချက်


အောက်တိုဘာ ၂၃ - ၂၄ ရက်: ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှ ရွေ့လျားလာသော လေဝဲစနစ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသော အလယ်ပိုင်းတို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ် စတင်အားကောင်းလာနိုင်ပါသည်။


အောက်တိုဘာ ၂၄ - ၂၅ ရက်: ယင်းစနစ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ် အဖြစ်သို့ အဆင့်ဆင့် အားကောင်းလာမည် ဖြစ်ပါသည်။


အောက်တိုဘာ ၂၆ - ၂၈ ရက်: မုန်တိုင်းငယ်သည် အနောက်မြောက်/မြောက်-အနောက်မြောက်ဘက်သို့ ဦးတည်ကာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း/ဩရိဿ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် ကမ်းလွန်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားနိုင်ပါသည်။
 


မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ


အောက်တိုဘာ ၂၂ - ၂၄ ရက် (မုန်တိုင်းမစမီ လေပွေလှိုင်းဝင်ရောက်ချိန်): တနင်္သာရီတိုင်း၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် လေထုမတည်ငြိမ်မှုကြောင့် မိုးနေရာကျဲကျဲမှ နေရာစိပ်စိပ် ရွာသွန်းနိုင်ပါသည်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားနှင့် ရှမ်းပြည်နယ်တို့တွင် မြောက်ဘက်မှ ဝင်ရောက်လာသော လေအေးစီးကြောင်းများနှင့် လေပွေလှိုင်းအပြင်ဘက်တိမ်တန်းများ ပေါင်းစပ်မိပြီး မိုးထစ်ချုန်းရွာခြင်း (Thunderstorms) နှင့်အတူ မိုးနေရာကွက်ကျား ရွာသွန်းနိုင်ပါသည်။

အောက်တိုဘာ ၂၅ - ၂၇ ရက် (မုန်တိုင်း အပြင်ဘက်တိမ်တန်းများ သက်ရောက်ချိန်): ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် မုန်တိုင်း အားအလွန်ကောင်းလာသည်နှင့်အမျှ မုန်တိုင်း၏ အရှေ့ဘက်/အပြင်ဘက် အရံတိမ်တန်းများ (Outer Rainbands) နှင့် လေနိမ့်လှိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ စိုက်ဝင်လာမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပါသည်။

အောက်တိုဘာ ၂၈ ရက် (မုန်တိုင်းအရှိန် လျော့ပါးသွားချိန်): မုန်တိုင်းသည် အိန္ဒိယ/ဘင်္ဂလားဒေ့ရှ် ဘက်သို့ ကမ်းကပ်/ဦးတည်သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းတွင် မိုးပြန်လည်ပါးသွားမည်ဖြစ်သော်လည်း၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးကြွင်းမိုးကျန်များ ဆက်လက်ရွာသွန်းနိုင်ပါသည်။
 

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖြစ်ပေါ်နိုင်ဖွယ်ရှိသော သဘာဝဘေးအခြေအနေ


ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး (အန္တရာယ်အဆင့် - မြင့်မား) - အောက်တိုဘာ ၂၅ မှ ၂၇ ရက်အတွင်း မုန်တိုင်းနှင့် မြန်မာ့ကမ်းရိုးတန်း နီးကပ်စွာ တည်ရှိသဖြင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ တိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်း၊ ပင်လယ်ရေဒီရေမြင့်တက်ခြင်း နှင့် ကမ်းရိုးတန်းအနီး မြေနိမ့်ပိုင်းဒေသတို့တွင် ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။


ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးများ (အန္တရာယ်အဆင့် - အသင့်အတင့်မှ မြင့်မား) - မိုးဆက်တိုက် ရွာသွန်းနိုင်မှုကြောင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တပြက် ရေကြီးရေလျှံမှုများ (Flash Floods) နှင့် အနိမ့်ပိုင်းမြို့နယ်အချို့တွင် ရေဝပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။


စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ရှမ်း/ကယား/ချင်းပြည်နယ်များ (အန္တရာယ်အဆင့် - အသင့်အတင့်) - တရုတ်လေအေးနှင့် စိုစွတ်လေတို့ တိုက်ရိုက်တွေ့ဆုံသဖြင့် မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း နှင့် တောင်ကုန်းတောင်တန်းဒေသများတွင် မြေပြိုခြင်း/တောင်ကျရေဆင်းခြင်းများကို သတိပြုရန် လိုအပ်ပါသည်။
 
မိုးစပါးရိတ်သိမ်းချိန် စိုက်ပျိုးရေးတောင်သူများအတွက် အကြံပြုချက်

အောက်တိုဘာ ၂၂ မှ ၂၄ ရက်: တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးရွာသွန်းမှု ခေတ္တပါးလွှာသည့် ရက်တိုကာလဖြစ်သဖြင့် ရင့်မှည့်နေသော မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံး အပြီးရိတ်သိမ်း ခြွေလှေ့ထားရန် အကြံပြုအပ်ပါသည်။

အောက်တိုဘာ ၂၅ မှ ၂၇ ရက်: မုန်တိုင်းအရှိန်ကြောင့် တိုင်းတစ်ဝှမ်း မိုးပြန်လည် အားကောင်းလာမည်ဖြစ်ရာ ယင်းရက်များတွင် စပါးရိတ်ခြွေခြင်းများကို ခေတ္တဆိုင်းငံ့ထားသင့်ပါသည်။

ရိတ်သိမ်းပြီး သီးနှံများ ထိန်းသိမ်းခြင်း - ရိတ်သိမ်းပြီးသား စပါးကောက်လှိုင်းစည်းများ၊ နှမ်းနှင့် မြေပဲများကို မိုးစိုစက်ဆုပ်မှုမရှိစေရန် မိုးကာစ များဖြင့် သေချာစွာ ဖုံးအုပ်ထားရန်နှင့် စိုက်ခင်းများအတွင်း မိုးရေဝပ်၍ စပါးနှံများ အပင်ပေါက်ခြင်းမှ ကာကွယ်ရန် ရေနုတ်မြောင်းများကို ကြိုတင်ရှင်းလင်းထားပါ။
 
နေ့စဉ်ရွာသွန်းရရှိနိုင်သော မိုးရေချိန် ခန့်မှန်းချက် ဇယား (အောက်တိုဘာ ၂၂ - ၂၈)


(Meteoblue ICON Model Daily Precipitation Maps [0-150 mm scale] ကို အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများမှ အနည်းသို့ စနစ်တကျ Sorting ပြုလုပ်ထားပြီး နေ့စဉ်မိုးရေချိန် ၃၀ မီလီမီတာနှင့်အထက် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏကို အနီရောင်ဖြင့်ပြထားပါသည်) ဇယားပုံတွင်ကြည့်ပါ။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

Rain Rain

Rain Rain

လွန်ခဲ့သော ၁၉ မိနစ် က

ကျေဇူပါဗျ

ဦးဇော်မျိုးနိုင်

ဦးဇော်မျိုးနိုင်

လွန်ခဲ့သော ၃၇ မိနစ် က

ကျေးဇူတင်ပါတယ်

MYO WIN

MYO WIN

လွန်ခဲ့သော ၅၉ မိနစ် က

@ဦးဝင်းနိုင် ကျေးဇူးပါခင်ဗျာ

MYO WIN

MYO WIN

လွန်ခဲ့သော ၅၉ မိနစ် က

ကျေးဇူးပါခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲကို ရိုးရိုးကြဲတာနဲ့ လူးနယ်ဆေး ဖြင့်လူးပြီးမှကြဲတာဘယ်ဟာပိုကောင်းလဲဗျ တစ်ဧကကို မျိုးစေ့ဘယ်နှုန်းထားလောင်ကြဲရင် သင့်တော်လဲမလဲဗျ သူများတေပြောကြတာ တစ်ဧက ၂တင်းနှုန်းကြဲပြီးထူလေ ကောင်းလေပြောကြလို့ဗျ အကြံဉာဏ်လေးပေးပါအုံး ဆရာတို့ခဗျာ

Aung Zay • ဖြေကြားချက် 0 ခု

နှမ်းအပင်ဖြစ်လာသည့်မှအစနှမ်းအပင်ရိတ်သိမ်းချိန်ထိမည့်သည့်ဆေးဝါးကိုဘယ်နှစ်ကြိမ်ဖျန်ူပေးရမည်နည်းမည်သို့ဂရုစိုက်မည်နည်း

ငုဝါ • ဖြေကြားချက် 0 ခု

ဆရာတို့ခဗျာ ခုရာသီချိန်မှာ ကျွန်တော့်ရဲ့လယ်မြေက ထွန်ယက်ဖို့ အနေတော် ဖြစ်နေပါပြီဗျ မတ်ပဲကြဲ ချင်တာ မိုးကလဲရှိနေသေးတယ်ဆိုတော့ ခုချိန်ထွန်ယက်စိုက်ဖို့ အဆင်ပြေနိုင်လားဗျ

Aung Zay • ဖြေကြားချက် 0 ခု

ပင်စည်ထိုယင်နဲ့ပင်ခြေပုတ်အမြစ်ပုတ်အတွက်ဘာဆေးကိုကြိုတင်ပက်ထားရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

နှမ်းအပင်အသက်28ရက်သားကိုပေါင်းပင်တွေများလို့မြင်းကျားမှထုတ်လုပ်တဲ့နှမ်းအထူးရွေးရှယ် ဟာဘိရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂါလံဝင်ဆေးတစ်ပုံးနှုန်းညွှန်းထားသည့်အတိုင်းဖျန်းလိုက်တာတစ်ပင်လုံးဝါလိုက်လာတာတစ်ခင်းဖြစ်သွားတယ်ဘာကြောင့်လဲဖြေဆေးမရှိတော့ဘူလား

ငုဝါ • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။