မိုးနှမ်းစိုက်တောင်သူများ နှမ်းရိုးမဲရောဂါအပြင် မိုးဦးခေါင်၍ အပူချိန်လွန်ကဲမှုကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်
စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတစ်လျှောက်ရှိ နှမ်းသီးနှံများ နှမ်းရိုးမဲရောဂါနှင့် အပူချိန်ပြင်းမှုကြောင့် ဆိုးရွားစွာ အထွက်နှုန်းထိခိုက်ခဲ့သည်။ တချို့ တံစဉ်လွတ်ကြသည်။
နှမ်းကို အဓိကစိုက်ကြတာ။ ဒီဘက်က ဘာဆေးမှမသုံးဘဲ နှမ်းဖြစ်တယ်။ ဆေးမသုံးပဲတောင် ၁ ဧကကို ၆ တင်းကနေ ၈ တင်းထိက ပုံမှန်အထွက်ကောင်းပဲ။ ဒီနှစ် မိုးနှမ်းကတော့ ရိုးမဲရောဂါကျသွားတာ ဘာဆေးမှ မမီလိုက်ဘူး။ အကုန်နီးပါးဆုံးရှုံးလိုက်ရတာ။ အပင်ငယ်ငယ် ရိုးမဲကျရင်တော့ ဆေးဖျန်းလို့ရသေးတယ်။ ခုက အပွင့်တုံးချိန်လောက်မှ ရိုးမဲကျတော့ အပင်အရပ်က တအားမြင့်နေပြီ။ ဆေးဖျန်းလို့ မရေတာ့ဘူး။အဲါမှာ ပိုဆိုးသွားတာပဲ။
ဟု စစ်တောက်မြစ်အရှေ့ကမ်း ဆွာမြို့နယ် ကတို့ဆိပ်ကျေးရွာမှ တောင်သူဦးမောင်ဆန်းမှ ပြောသည်။
နှမ်းရိုးမဲမကျသော တချို့အခင်းများမှာ သဲနုန်းမြေဖြစ်သောကြောင့် မိုးဦးခေါင်၍ အပူချိန်ပြင်းသောအခါ နှမ်းပင်ငယ်များမှာ ရေပြတ်၍ အပူရှော့ရိုက်ကာ အပင်ကြီးထွားနှုန်းနှေးခဲ့သည်။ တစ်လခွဲကျော်ချိန်မှ မိုးရွာလာသောအခါ ပေါင်းမြက်များလွှမ်းမိုးမှု ခံရသည်။
ရိုးမဲမကျတဲ့အခင်းတွေကျတော့လည်း.. အဲ့တုန်းက အပူချိန် တအားပြင်းတယ်။ မိုးဦးခေါင်လိုက်တော့ ရေကလည်းလုံးဝမရတော့ မိုးကြိုရေသွင်းလိုက်တာပေါ့။ အဲ့ချိန်ကျတော့ အပင်ကငယ်သေး ပေါင်းမြက်လည်းမရှိသေးဘူး။ ဒါပေမယ့် နေပူမိပြီး အပင်က ဝပ်နေတာ ထင်သလောက်မကြီးလာတော့ဘူး။ တစ်လခွဲလောက်မှ မိုးလေးဆက်တိုက်လည်းရွာလာရော ပေါင်းမြက်က တဟုန်ထိုးထလာတော့တာပဲ။ အဲ့တော့ နေပူမိပြီး ဝပ်နေတဲ့နှမ်းပင်တွေကို ပေါင်းမြက်က အုပ်သွားတော့တာပဲဟေ။ အဲ့တည်းက ပေါင်းမြက်ကိုမနိုင်တော့ဘဲ နှမ်းပင်ကကျန်ခဲ့ပြီး မအောင်တော့ဘူးလေ။ တချို့ယာခင်းတွေ ရိတ်တောင်မရိတ်ရတော့ဘူး။ ဦးလေး နှမ်း ၆ ဧကလုပ်တာ ၁၀ တင်းတောင် ပြည့်ပြည့်မရတော့ဘူး။
ဟု တောင်သူဦးမောင်ဆန်းမှ ဆက်လက်ပြောသည်။
ယခုနှစ်တွင် နှမ်းဈေးကွက်မှာ ၁၅ ပိဿာ ကို ၄၅၀၀၀ မှ ၆၅၀၀၀ ကျပ်အထိ ပုံမှန်ပေါက်ဈေးရှိခဲ့သော်လည်း နှမ်းစိုက်တောင်သူအများစု သီးနှံဆုံးရှုံးမှုများကြောင့် ယခုနှစ်တွင် များစွာဆုံးရှံးနစ်နာခဲ့သည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်မေးခွန်းများ
ဆိတ်ကို1ဧကရှိတဲ့ခြံမှာဆိတ်တင်းဂုတ်နဲ့မွေးမှာပါအစာကိုခြံလှောင်စနစ်နဲ့ကျွေးပီအိပ်ချိန်စားချိန်ပဲတင်းဂုတ်ပေါ်ထားပြီးကျန်တဲ့အချိန်ကိုစည်းရိုးပက်ကာထားတဲ့ခြံထဲလွတ်ထားမယ်ဆိုအဆင်ပြေနိုင်လားဗျ
ဂျွန်ကိုလှိုင် • ဖြေကြားချက် 0 ခု
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....