ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး တွန်းအားပေး ကြိုးပမ်း
ယနေ့ကမ္ဘာပေါ်တွင် လူတို့သည် အစားအစာ ဘေးအန္တယ်ရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြသည်။
ထို့သို့စားသုံးရာတွင် စားသုံးဆီ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာသည်။ လူတို့အား ဘေးဥပါဒ် ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင်ဖြစ်သည်။
ထို့ကြောင့် လူတို့သည် မိမိတို့၀င်ငွေအရ ကျန်းမားရေးနှင့်ညီညွတ်သော စားသုံးဆီသန့်များကို ရွေးချယ်သုံး စွဲလာကြ သည်။
ယနေ့ မြန်မာနိုင်ငံ၏ လူဦးရေးအရ ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံများအတွင်း၌ စားသုံးမှု အနိမ့်ဆုံး နှုန်းနှင့် တွက်ချက်ကြည့်ခြင်းပင်လျှင် လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဆီ၆၀ကျပ်သား (၁၂ ကီလိုဂရမ်) ခန့် စားသုံးကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ပြည်တွင်းအတွက် တစ်နှစ်လျှင် ဆီစားသုံးမှုကို အနိမ့်ဆုံးလိုအပ်ချက်မှာ မက်ထရစ်တန် ခြောက်သိန်းခွဲခန့် ဖြစ်သည်။
ထို့ပြင် စက်မှုကုန်ကြမ်းအတွက် လိုအပ်ချက်၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသည်များအတွက် စားသုံးမှု သီးသန့်လျာထားချက်များကို ခန့်မှန်းတွက်ချက်သောအခါ နောက်ထပ် မက်ထရစ်တန် လေးသိန်းကျော် လိုအပ်မည် ဖြစ်သဖြင့် နှစ်စဥ်ပြည်တွင်းလိုအပ်ချက် စုစုပေါင်းမှာ မက်ထရစ်တန်ချိန် ၁၀ သိန်းခွဲ ခန့်ရှိနေသည်။
ယနေ့ လက်ငင်းအခြေအနေအရ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက ၄၅ သန်းကျော်ရှိသော်လည်း ဆီထွက်သီးနှံကို ဧက ခုနှစ်သန်းခွဲ (စိုက်ပျိုးမြေအားလုံး၏ ၁၆ရာခိုင်နှုန်း) သာ စိုက်ပျိုးလျက်ရှိပြီး သီးနှံအထွက်မှာ မက်ထရစ်တန် ၁၃ သိန်း ကျော်သာ ရှိသေးသည်။
အဆိုပါ စိုက်ပျိုးထွက်ရှိမှုမှ ဆီထွက်သီးနှံလုံးဆန် မက်ထရစ်တန် သုံးသိန်းကျော်ကို ပြည်ပသို့ နှစ်စဉ်တင်ပို့ ရောင်းချနေသဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံလက်ကျန် မက်ထရစ်တန် ၁၀ သိန်း ကျော်ကိုသာ ဆီကြိတ်ခွဲနိုင်သဖြင့် စားသုံးဆီ မက်ထရစ်တန် လေးသိန်းကျော်သာထွက်ရှိကာ စားသုံးဆီ မက်ထရစ်တန် ခြောက်သိန်းခွဲကျော် ပြည်ပမှ နှစ်စဉ်တင် သွင်းနေရသည် ဟုသိရသည်။
လူတစ်ဦးချင်းစီး၏ တစ်နှစ်တာစားသုံးမှုမှာ အိမ်နီးချင်းနိုင်ငံများအနက် မလေးရှားနိုင်ငံတွင် ၃၈ ကီလိုဂရမ် ၊ ထိုင်းနိုင်ငံ တွင် ၄၂ ကီလိုဂရမ် ဖြစ်ပြီး ကမ္ဘာ့စားသုံးမှုမှာ ပျမ်းမျှ ၂၆ ဒသမ ၇ ကီလိုဂရမ် ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း စားသုံးမှုမှာ အနိမ့်ဆုံးဖြစ်သည့် ၁၂ ကီလိုဂရမ်ဖြင့်သာ တွက်ချက်ထားခြင်း ဖြစ်သည်။
ကမ္ဘာ့အခြေအနေ ပြောင်းလဲလာမှုအရ ဆီထွက်သီးနှံမှာ ဈေးကွက်သီးနှံ ဖြစ်လာနေသည်။
"ဆီထွက်သီးနှံတွင်လည်း မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံများမှာ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲပိစပ်နှင့် ဆီအုန်း" စသည့်တို့ ဖြစ်ကြသည်။
စားသုံးဆီ ထုတ်လုပ်မှုတွင် မြေပဲသည် အဓိကအခန်းကဏ္ဍမှ ပါ၀င်နေသဖြင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက မြေပဲကို ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလိုသည့် တောင်သူများကို မြေပဲမျိုးကောင်းမျိုးသန့် နှင့် ပံပိုးကူညီပေးကာ စိုက်ပျိုးပေးလျက် ရှိသည်။
အဆိုပါ စနစ်ဖြင့် လက်တွေ့ စိုက်ပျိုးလိုသူများအတွက် တစ်ဧကလျှင် တင်း ၉၀ မှ ၁၀၀အထိ ထွက်ရှိသည့် ဆင်းပဒေသာ ၁၀ မြေပဲမျိုးများကို အထွက်တိုးနည်းစနစ်ကိုပါပေးကာ ဖြန့်ဖြူးပေးနေပြီး မန္တလေးတိုင်းဒေသကြီးတွင် ဧက၂၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၁၀၀ နှင့် မကွေးတိုင်းဒေသကြီးတွင် ဧက ၅၀၀ စတင်နိုင်ခဲ့ကာ နောင်အခါတွင် တိုးချဲ့သွားရန်ရှိသည်ဆို၏။
မြန်မာ့ဆီထွက်သီးနှံများကို လက်ငင်းအခြေအနေပေါ်မူတည်၍ တွက်ချက်ကြည့်သောအခါ လုံးဆန်အတိုင်းရောင်းချမှုမှ ရရှိသည့် ၀င်ငွေနှင့် စားသုံးဆီလိုအပ်ချက်ကို ပြည်ပမှတင်သွင်း၍ သုံးစွဲရသည့် ငွေတို့၏ ခြားနားချက်အရ အမေရိကန်ဒေါ်လာသန်း ၂၀၀၀ နီးပါး အကျိုးအမြတ်ရရှိနေသည်ဟု ဆီကျွမ်းကျင်ပညာရှင်များက တွက်ချက်ရရှိသဖြင့် အခြေအနေ အပေါ်မူတည်ကာ နည်းလမ်းစုံဖြင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးကြရန် တိုက်တွန်းလိုက်ရပါသည်။ ။
Source - လယ်ယာစီးပွားသတင်းဂျာနယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 2 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026