မာတာကွတ်ပင်
သိပ္ပံအမည် Muntingia calabura
အင်္ဂလိပ်အမည် - Calabura

မာတာကွတ်၊ သကြားသီး၊ ငါးဥသီး၊ သခွတ်နီပင် ဟူ၍အမျိုးမျိုးခေါ်လေ့ရှိပါတယ်။ မက်ဆီကိုနိုင်ငံတောင်ပိုင်းတွင် စတင်တွေ့ရှိခဲ့ပါတယ်။ အရိပ်ရပင်အမျိုးအစားဖြစ်ပြီး ကြီးထွားနှုန်းမြန်တဲ့ အပင်ဖြစ်ပါတယ်။ အစေ့မှတိုက်ရိုက်စိုက်ပျိုးနိုင်ပြီး ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါတယ်။ မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးနိုင်သော်လည်း ရေဆင်းကောင်းသောမြေကို ပို၍နှစ်သက်ပါတယ်။ မြေချဉ်ငံကိန်းအားလုံးတွင် ရှင်သန်နိုင်ပြီး မြေချဥ်လွန်း (သို့) မြေငံလွန်းသော မြေများတွင်လည်း ကြီးထွားနိုင်ပါတယ်။ အရိပ်အနည်းငယ်ရသောနေရာ (သစ်တော) များတွင် စိုက်ပျိူးနိုင်ပြီး အရိပ်မရှိသောနေရာများတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။ အစိုဓာတ်ရှိသောမြေကို နှစ်သက်သော်လည်း ရေငတ်ဒဏ်ခံနိုင်ပါတယ်။
အပင်ပုံစံ
အပင်ကြီးမျိုးဖြစ်ပြီး ပေ ၂၀ မှ ၄၀ အထိကြီးထွားနိုင်ပါသည်။ အရွက်များမှာ တစ်လှည့်စီထွက်ပြီးရှည်မျှောမျှောပုံစံရှိပါတယ်။ အရွက်အနားများသည် ဆပ်သွားပုံရှိပြီး အရွက်မျက်နှာပြင်တွင် အမွှေးနုများ ပါရှိပါတယ်။ ပန်းပွင့်အဖြူရောင်ပွင့်လေ့ရှိပြီး အရွယ်အစားမှာ ၃စင်တီမီတာခန့်သာရှိပါတယ်။ အသီးသီးသောအပင်အမျိုးအစားဖြစ်ပြီး အသီးအရောင် အစိမ်းရောင်ရှိပြီး ရင့်မှည့်ပါက အနီရောင်သို့ ပြောင်းသွားပါသည်။
အသုံးဝင်ပုံ
အသီးကို တိုက်ရိုက်သော်လည်းကောင်း ချက်ပြုတ်၍သော်လည်းကောင်းစားသုံးနိုင်ပြီး အသီးအရသာမှာ ချိုအီအီအရသာရှိပါသည်။ အသီးကို ယိုအဖြစ်ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ အသီးတွင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပါသည်။ အရွက်ကို လက်ဖက်ခြောက်ပြုလုပ်၍ သောက်သုံးနိုင်ပါတယ်။ အပွင့်ကို ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပြီး ပျားမွေးမြူရာတွင်လည်း အသုံးဝင်ပါတယ်။ အခေါက်ကို လျှော်ကြိုးပြုလုပ်ရာတွင်သုံးပြီး ပင်စည်ကို သစ်သားအဖြစ်အသုံးပြုကြပါတယ်။
တချို့သောနိုင်ငံများတွင် မာတာကွတ်ပင်ကို မြစ်ကမ်းဘေးတစ်လျှောက်တွင် စိုက်ပျိုးခြင်းကြောင့် ရေတိုက်စားမှုကိုကာကွယ်ရုံသာမက အသီးများရေထဲသို ကြွေကျခြင်းကြောင့် ငါးများအတွက် အစာရရှိနိုင်ပါတယ်။ မာတာကွတ်အပင်သည် အပင်ကြီးအမျိုးအစားဖြစ်သောကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် အကျိုးရှိရုံသာမက ငှက်များနှင့်နို့တိုက်သတ္တဝါများအတွက် အစာရရှိနိုင်ပါတယ်။ ဒါကြောင့် မာတာကွတ်ပင်သည် သစ်တောများပြန်လည်စိုက်ပျိုးရာတွင် ထည့်သွင်းစိုက်ပျိုးသင့်သောအပင်အမျိုးအစားဖြစ်ပါသည်။
ဖြိုးသဥ္ဖာကျော်
ကိုးကား
https://en.wikipedia.org/wiki/Muntingia
https://pfaf.org/user/Plant.aspx?LatinName=Muntingia+calabura
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဖြိုးသဥ္ဇာကျော်
အားလုံး