တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
ဒီပါဝလီ ပွဲတော်ကာလ နီးလာချိန် အိန္ဒိယနိုင်ငံအတွင်း ပဲစဉ်းငုံနှင့် မတ်ပဲဈေး လှုပ်ရှားလာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ဈေးအေးခဲ့သော ပဲစဉ်းငုံမှာ ယခုရက်သတ္တပတ်၌ ဈေးသိသာစွာ မာလာသည်။ ထို့ကြောင့် မြန်မာ့ဈေးကွက်တွင်လည်း အပြောင်းအလဲများ ရှိလာသည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား မျှော်လင့်ချက်ဖြင့် ပြောင်းနှင့် ကြက်သွန်နီကလည်း ဈေးဆက်လက် မာနေသည်။
ဈေးပြန်တက်လာသည့် ပဲစဉ်းငုံ
အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံ FOB ဈေးမှာ ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ အထိ ရောက်ရှိလာသည်။ ရက်သတ္တပတ်အတွင်း ပဲစဉ်းငုံဈေး တစ်တန်လျှင် ဒေါ်လာ ၅၀ ခုန်တက်လာခြင်း ဖြစ်သည်။
မိုးရာသီ စိုက်ပျိုးသည့် ပဲစဉ်းငုံ အထွက်နှုန်းအပေါ် စိုးရိမ်မှုက ပဲစဉ်းငုံဈေးကို ပိုမို ခိုင်မာစေသည်။ သို့သော် ပဲခွဲစက်များ၏ ဝယ်လိုအား တုံ့နှေးမှုနှင့် ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် ပဲများ ဈေးကွက်သို့ ရောက်ရှိလာချိန်တွင် ဈေးနှုန်း အပြောင်းအလဲများ ရှိနေနိုင်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ပဲစဉ်းငုံ FOB ဈေးမှာ တန့်နေသော်လည်း ပြည်တွင်းဈေးမှာ မြင့်တက်လာသည်။ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၃၃,၀၀၀ ကျော် မြင့်တက်သွားသည်။
ပဲစဉ်းငုံ FOB ဈေးမှာ ပဲစဉ်းငုံ (နီ) (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၉၁၀ - ၉၂၀၊ ပဲစဉ်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၉၄၀ - ၉၅၀ ဈေးဖွင့်သည်။
ပြည်တွင်း ပဲစဉ်းငုံဈေးမှာ ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၀၀၀,၀၀၀ မှ ၄,၃၃၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံ (နီ) မှာ ရက်သတ္တပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၂၀၀,၀၀၀ ဝန်းကျင် ဈေးတက်သည်။ ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံ (နီ) မှာ တစ်တန်လျှင် ကျပ် ၃,၈၂၀,၀၀၀ ကျော်မှ ကျပ် ၄,၀၀၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
မတ်ပဲဈေး တက်လာ
ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ဈေးကျခဲ့သည့် မတ်ပဲမှာ ယခုရက်သတ္တပတ် ပြည်တွင်းဈေး အနည်းငယ် ပြန်လည် မြင့်တက်လာသည်။
အိန္ဒိယနိုင်ငံတွင်လည်း မြန်မာ့မတ်ပဲ FOB ဈေးမှာ အနည်းငယ် တက်ရိပ်ပြနေသည်။ မြန်မာ့မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀ မှ ၈၉၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၄၀ မှ ၉၅၀ သို့ ဈေးပြောင်းသွားသည်။
အိန္ဒိယနိုင်ငံသို့ မြန်မာနှင့် ဘရာဇီး မတ်ပဲများ ဝင်ရောက်နေပြီး ပဲခွဲစက်များ၏ အဝယ်ကလည်း အားပျော့နေသည်ဆိုသည့် သုံးသပ်ချက်များ ရှိနေသည်။
မြန်မာ့ဈေးကွက်တွင် မတ်ပဲမှာ ပြည်တွင်းဈေး အနည်းငယ် လှုပ်ရှားသော်လည်း ပြည်ပဈေးမှာ ကျရိပ်သန်းနေသည်။
မတ်ပဲ FOB ဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၆၅/၈၇၅ ဖြင့် ငြိမ်နေပြီး မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၃၅ - ၉၄၅ မှ ၉၃၀ - ၉၄၀ သို့ ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် မတ်ပဲ ပြည်တွင်းဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၆၆၀,၀၀၀ မှ ၃,၇၈၀,၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၉၂၀,၀၀၀ မှ ၄,၀၃၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပြောင်းဈေး တက်လာ
အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် ၂၀,၀၀၀ တင်ပို့ရန် စီစဉ်နေသည်ဆိုသည့် သတင်းနှင့်အတူ ပြည်တွင်း ပြောင်းဈေးမှာ သိသာစွာ ပြန်လည် မြင့်တက်လာသည်။
ဆီထွက်သီးနှံ ဖြစ်သော ပဲပုပ် စိုက်ပျိုးရေးကို တောင်သူများ အားသန်နေသဖြင့် ပြောင်းစိုက်ပျိုးမှု လျော့နည်းနိုင်သည်ဆိုသည့် ခန့်မှန်းချက်များလည်း ရှိနေသည်။
ထို့အပြင် ဖေဖော်ဝါရီလတွင် စတင်မည့် ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း ဝယ်ယူမှု အလားအလာ ကောင်းများအပေါ် မျှော်လင့်ချက်များနှင့် ပြည်တွင်း မွေးမြူရေး အစာအတွက် ဝယ်လိုအားများက ပြောင်းဈေးအပေါ် သက်ရောက်မှုများ ရှိနေသည်။
ထို့ကြောင့် ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းမှာ ပြည်တွင်းဈေးသာမက ပြည်ပသို့ ရောင်းချသည့် FOB ဈေးပါ မြင့်တက်လာသည်။
ပြည်ပသို့ ရောင်းချသည့် ပြောင်း FOB ဈေးမှာ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၆၅ -၂၇၅ မှ ၂၇၅ -၂၈၅ သို့ ဈေးပြောင်းသွားသည်။
ပြည်တွင်း ပြောင်းဈေးမှာ ရန်ကုန်ဈေးကွက်တွင် ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၆၉၀ - ၁,၇၁၀ မှ ၁,၈၄၀ - ၁,၈၆၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်း တစ်တန်လျှင် ကျပ် ၁,၀၃၁,၀၀၀ ကျော် ဈေးဖွင့်သည်။
ဈေး ထပ်မံမြင့်တက်သည့် ကြက်သွန်နီ
စားဖိုဆောင်သီးနှံ ကြက်သွန်နီမှာ ယခုရက်သတ္တပတ်တွင် ဈေး ထပ်မံမြင့်တက်လာသည်။
နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုများ ရှိနေချိန် ပြည်တွင်း လက်ကျန်ကြက်သွန် နည်းပါးမှုက ဈေးတက်ရန် တွန်းအား ဖြစ်နေသည်။
ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ကြက်သွန်နီ အဝင် ပိသာချိန် ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ အကြား ရှိနေပြီး ကြက်သွန် အမျိုးအစားအားလုံးမှာ လက်တလော ဈေးတက်နေသည်။ ရက်သတ္တပတ်အတွင်း လက္ကားဈေးကွက်တွင် နွေကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ထပ်မံ ဈေးတက်လာသည်။ သို့သော် မကြာမီ မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာပါက ဈေးကျမည်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေသည်။
လက္ကားဈေးကွက်တွင် ကြက်သွန်နီ ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၃,၈၀၀၊ မြင်းခြံ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၄,၀၀၀၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ မှ ၁၄,၀၀၀ ဈေးဖွင့်သည်။
လက်လီဈေးကွက်တွင် နွေကြက်သွန်နီ တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၁၄,၀၀၀ မှ ၁၇,၀၀၀ အကြား ဈေးဖွင့်ပြီး မိုးကြက်သွန်နီ (အသစ်) များမှာ တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ ဝန်းကျင် ဈေးဖွင့်ထားသည်။ (လက်လီဈေးများမှာ နေရာဒေသနှင့် အချိန်နဲ့အညီ ကွဲပြားမှုများ ရှိနိုင်ပါသည်)
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 2 ခု
ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲနစ်ပစ္စည်းတွေ မြေသြဇာတွေလည်းရှိပါတယ် EMတွေက စိုက်ပျိုးရေးတင်မက ကြက်ခြံ ဝက်ခြံ နွားခြံ ငါးကန် အစရှိတဲ့ တိရစ္ဆာန်တွေအတွက်လည်းအသုံးပြုလို့ရပါတယ် လိုအပ်ပါက 09760779673ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျ
Nyan Phyo • ဖြေကြားချက် 1 ခု
ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား
Khing Hein • ဖြေကြားချက် 4 ခု
ဆရာတို့ ခင်ဗျာ ဘာများ ဖြစ်တာလဲခင်ဗျာ အကြံဉာဏ်လေး ပေးပါအုန်းနော်
hhz • ဖြေကြားချက် 1 ခု
ဆရာတို့ကျွန်တော့်လယ်ထဲမှာမြေဇာမြက်တေမနိုင်လို့မြေဇာမြက်သတ်ဆေးလေးညွန်းကြပါအုံး
ဦးဝင်းဇော် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်
05/11/2026
More from AMIA
အားလုံး
ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်
05/11/2026
စားကျက်မြေ ရှားလာသဖြင့် တနိုင်တပိုင် ဘဲမွေးမြူမှု နည်းလာ
03/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....