GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
စိမ်းရောင်လမ်း (Green Way) App မှတစ်ဆင့် GPS မဖွင့်ဘဲ မိုးလေဝသအချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ (ဗီဒီယိုမှာ နည်းလမ်းအဆင့်ဆင့်ပြထားပါတယ်)
အစိမ်းရောင်လမ်း App ၏ အားသာချက်များ
ယခင်က မိုးလေဝသအချက်အလက်များ သိရှိရန် GPS တည်နေရာဖွင့်ရန် လိုအပ်သော်လည်း ယခုအခါ အသုံးပြုသူများအနေဖြင့် တည်နေရာကို ကိုယ်တိုင်ရွေးချယ်သတ်မှတ်၍ ကြည့်ရှုနိုင်သည့် နည်းလမ်းသစ်ကို မိတ်ဆက်ပေးလိုက်တယ်။ ဤပြောင်းလဲမှုသည် တောင်သူဦးကြီးများ၏ နေ့စဉ်လုပ်ငန်းခွင်အတွက် အချိန်ကုန်သက်သာစေရုံသာမက ဖုန်း၏စွမ်းဆောင်ရည်ကိုလည်း ပိုမိုထိရောက်စေပါတယ်။
အသုံးပြုနည်းအကျဉ်း
၁။ အစိမ်းရောင်လမ်း App ကိုဖွင့်ပါ။
၂။ မိုးလေဝသကဏ္ဍသို့ သွားပါ။
၃။ GPS ဖွင့်စရာမလိုဘဲ မိမိသိလိုသော ဒေသကို ရှာဖွေရွေးချယ်ပါ။
၄။ အချိန်နှင့်တပြေးညီ မိုးလေဝသခန့်မှန်းချက်များကို ကြည့်ရှုပါ။
ဒီဝန်ဆောင်မှုက တောင်သူဦးကြီးများအတွက် စိုက်ပျိုးရေးစီမံကိန်းများ ရေးဆွဲရာတွင် အထူးအထောက်အကူပြုပါလိမ့်မယ်။ မိမိတို့ဒေသ၏ ရာသီဥတုအခြေအနေကို ကြိုတင်သိရှိခြင်းဖြင့် သီးနှံစိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် ဆေးဖျန်းမှုများအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်မည်ဖြစ်ပါတယ်။ အစိမ်းရောင်လမ်း App ကို အသုံးပြုခြင်းဖြင့် နည်းပညာကို အကျိုးရှိရှိအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းခွင်ကို ပိုမိုခေတ်မီအောင် ဖန်တီးလိုက်ပါ။
မှတ်ချက်။ ။ အစိမ်းရောင်လမ်း App ဗားရှင်းတော့ အဆင့်မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အယ်နီညိုအတွက် ကြိုတင်ပြင်ဆင်ခြင်း
ဆက်စပ်မေးခွန်းများ
မတ်ပဲ၄၅ရက်သား မှာ အရွက်အဲ့လိုဝေးဝေးတစ်ပင်ဖြစ်ေနတယ် တစ်ပင်လုံးမဖြစ်ဘဲ အရွက်တစ်ကိုင်းကညိုးကျနေတယ် နောက်တစ်ကိုင်းကျအရွက်နားတွေကနေစပြီးခြောက်ပြီးမဲလာတယ်တစ်ဖြေးဖြေးတစ်ကိုင်းလုံးခြောက်ပြီးမဲသွားတယ် ကျန်နေတဲ့အကိုင်းတွေကျဘာမှမဖြစ်ဘူး မဖြစ်သေးတာလာ ဘာရောဂါလဲဘယ်လိုဆေးမျိုးဖျန်းသင့်လဲဗျ
Saw Samson • ဖြေကြားချက် 3 ခု
ဘာဆေးဖျန်းရလဲ
Bkk • ဖြေကြားချက် 1 ခု
ဘာဆေးဖျန်ရမလဲ
Bkk • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲဗျ လမ်းညွှန်ပေးကြပါအုံးဗျ
Htay Lin Aung • ဖြေကြားချက် 3 ခု
နွေစပါး ပျိုးခင်းမှာ ပေါင်းသတ်ဆေးသုံးသင့်လား၊ ပေါင်းသတ်ဆေး မသုံးရအောင် ဘယ်လို မြေပြုပြင်သင့်လဲ၊ ပေါင်းသတ်ဆေးသုံးရရင် ဘယ်လို သုံးရမလဲ၊
Win Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
ပြောင်းပေါ်ချိန် နိုဝင်ဘာလအစမှာ ပြောင်းဈေးအနည်းငယ် မြင့်တက်
05/11/2026
ငါးဗျားငါး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
04/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၅)
03/11/2026
More from Green Way
အားလုံး
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026