အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ခင်းထဲမှာ နွားသေးသုံးရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ???

စိုက်ခင်းထဲမှာ နွားသေးသုံးရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ???

      နွားတွေရဲ့ စွန့်ထုတ်ပစ္စည်းဖြစ်တဲ့ နွားချေးကိုစိုက်ပျိုးရေးမှာ သုံးတာကောင်းကျိုးဖြစ်ထွန်းတာကို အားလုံးလဲ သိရှိပြီးသားပါ။ ဒါဆိုနွားသေးကိုရော စိုက်ပျိုးရေးမှာ သုံးရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်ဗျ။ 

      နွားသေးကို ရွက်ဖျန်းမြေသြဇာအဖြစ်သုံးလို့ရသလို အပင်ခြေမှာလဲ ​ဖျန်းပေးနိုင်ပါတယ်။

      အပင်တွေကြီးထွားဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ နိုက်ထရိုဂျင်၊ဖော့စ်ဖော့ရပ်နဲ့ ပိုတက်ပါ။ အဲ့ဒီအာဟာရဓာတ်သုံးမျိုးစလုံးက နွားသေးထဲမှာ ပါဝင်နေပြီး အဓိကအားဖြင့် နိုက်ထရိုဂျင်နဲ့ ပိုတက်က ပမာန များစွာပါဝင်နေပါတယ်။ 

နွားသေးကို စိုက်ခင်းမှာသုံးရင် ဘာကောင်းကျိုးတွေ ရမလဲ? ? ?

   -နွားသေးဖျန်းထားတဲ့ မြေတွေက အကျိုးပြု အဏုဇီဝပိုးမွှားကောင်တွေ တိုးပွားလာမယ်။

   -အပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ရုံသာမက မြေကြီးရဲ့ တည်ဆောက်ပုံကိုပါကောင်းမွန်စေပါတယ်။

    -နွားသေးဖျန်းခြင်းက ယူရီးယားသုံးခြင်းထက်တောင် အရွက်တွေပိုစိမ်း​​စေသတဲ့။

    -နွားသေးရဲ့ အာနိသင်က နောက်ရာသီစိုက်တဲ့ သီးနှံထိပါ အကျိုးသက်ရောက်စေပါတယ်။

    -တီကောင်တွေ ကြီးထွားဖို့အတွက် ကောင်းမွန်တဲ့ မြေကြီးကို ဖန်တီးပေးတယ်။

    -(၁၄)ရက်ကြာ သိုလှောင်ပြီးမှ ဖျန်းတဲ့နွားသေးက ပျတွေနဲ့ အခြားဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်သတဲ့။

    -အပင်တွေရဲ့ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးပါတယ်။

ဘယ်လိုဖော်စပ်သုံးကြမလဲ???

     -စုဆောင်းရာမှာတော့ ခက်ခဲနိုင်ပြီး တစ်နေရာတည်းကို စီးဆင်းလာနိုင်တဲ့ အနေထားမျိုးဖန်တီးနိုင်ရင်တော့ ကောင်းပါလိမ့်မယ်။

     -နွားသေးတွေကို (၁၅)ရက်ကြာ စုပြီးသိုလှောင်ထားရပါတယ်။

     -အပင်ငယ်လေးတွေကို ဖျန်းမယ်ဆိုရင်တော့ (၁၅ )ရက်ကြာသိုလှောင်ထားတဲ့ နွားသေး (၁) လီတာကို ရေ ၁၀ လီတာနဲ့ရောပြီး ဖျန်းနိုင်ပါတယ်။

     -အရွယ်ရောက်အပင်တွေကို ဖျန်းမယ်ဆိုရင်တော့ နွားသေး ၁ လီတာကို ရေ (၅)လီတာရောပြီး ဖျန်းနိုင်ပါတယ်ဗျ။

Ref; judith-chase-c7h9.squarespace.com › ...PDF

Cow urine fertilizer: Impacts of cattle urine

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

11
U Win Zaw

U Win Zaw

လွန်ခဲ့သော ၂ ပတ် က

အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်။

Kyaw Sun

Kyaw Sun

လွန်ခဲ့သော ၆ လ က

နွားသေးကိုအပင်ဘေးပတ်လည်လောင်းလို့ရလား

AKKL

AKKL

လွန်ခဲ့သော ၁၁ လ က

ပန်းပွင့်တဲ့ အချိန်ဖြန်းလို့ရပါသလား

ဦးကျော်ကျော်ဝင်း

ဦးကျော်ကျော်ဝင်း

လွန်ခဲ့သော ၁ နှစ် က

နွာသေးကိုအချိန်ဘယ်နှစ်လကြာထိသိုလှောင်ထာလိုရပါသလဲဗျ

ကိုသန့်ဇင်အောင်

ကိုသန့်ဇင်အောင်

လွန်ခဲ့သော ၂ နှစ် က

ငရုပ်ပင်ကိုဖျန်းလို့ရပါသလား ဖြေကြားပေးပါအုံး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထားသင့်သလားပြန်ထွန်စိုက်သင့်လားစရိတ်ကလဲများတော့အကြံပေးပါဉီး

UTheinAung • ဖြေကြားချက် 1 ခု

စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ

sithuaung • ဖြေကြားချက် 1 ခု

စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်

မောင်မြတ်မင်း • ဖြေကြားချက် 3 ခု

မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား

Ei Ei Phway • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။