အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖရုံ၊ သခွါး မျိုးနွယ်များတွင် လက်အကူညီလိုသော ဝတ်မှုန်ကူးခြင်း

ဖရုံ၊ သခွါး မျိုးနွယ်များတွင် လက်အကူညီလိုသော ဝတ်မှုန်ကူးခြင်း

ဖရုံ သခွါး မျိုးနွယ်ဝင်တွေထဲမှာတော့ သခွါး ၊ ရွှေဖရုံ ၊ ဇူကီးနီ ၊ ကြက်ဟင်းခါးမျိုး၊ သခွားမွှေးသီး စတာတွေ ပါဝင်ပါတယ်။ 

ဦးကြီးရဲ့ စိုက်ခင်းမှာ ဖရုံပွင့်တွေကြွေပြီး အသီးမတင်တဲ့ ပြဿနာကို ကြုံနေရပြီ ဆိုရင်တော့ ပန်းပွင့်တွေ ဝတ်မှုန်ကူးတာ မအောင်ဘူးလား ဆိုတာကို ပြေးသတိရသင့်ပါတယ်ဗျ။ ဒါပေမယ့် သိပ်လန့်သွားစရာမလိုပါဘူးဗျာ။ ဘာလို့ဆို ဒီပြဿနာကို ကူညီဖြေရှင်းပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်း တစ်ခုကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။

ဒီနည်းလမ်းကတော့ လက်နဲ့ဝတ်မှုန်ကူးခြင်းပါ။ ဟာ...ပန်းပွင့်ထဲမှာ ရှိနေတဲ့ဝတ်မှုန်လေးတွေကို ကျွန်တော်တို့ လက်နဲ့ ဘယ်လိုပေါင်းစပ်ပေးရမှာလဲဗျ။  နည်းလမ်းလေးက ဒီလိုပါ။ 

အဖိုပွင့် အမပွင့်ကို ခွဲခြားသိရပါမယ်။ အမပွင့်ရဲ့ အောက်ခြေမှာက အသီးလုံးပုံစံလေးပါနေပါလိမ့်မယ်။ ဒါကတော့ ဦးကြီးတို့ သိပြီးသားဖြစ်မှာပါ။ အမပွင့်မှာမှ အသီးသီးနိုင်တာဆိုတော့ အဖိုပွင့်ကဝတ်မှုန်ကို အမပွင့်ပေါ်တင်ပေးရုံပါဗျာ။ 

အပြောလွယ်ပေမယ့် သတိထားသင့်တဲ့အချက်လေးတွေရှိတာမို့ လေ့လာကြည့်ရအောင်ပါဗျ။

 အရေးကြီးဆုံးဖြစ်တဲ့ ဝတ်မှုန်ကူးရမယ့်အချိန်

ဟင်းသီးဟင်းရွက်ပင်တွေရဲ့ ပန်းပွင့်အများစုကတော့ အတော်လေးညဉ့်နက်မှ ပွင့်ကြတာမျိုးပါ။ ဦးကြီးအနေနဲ့  ညဘက်အိပ်ရေးပျက်မခံနိုင်ဘူးဆိုရင်တော့ နေထွက်ချိန်မတိုင်ခင်မှာ  ဝတ်မှုန်ကူးသင့်ပါတယ်။ဘာလို့ဆိုတော့  ပန်းပွင့်တွေက နေထွက်လာရင် ပြန်ပိတ်သွားတတ်ကြတာမို့ပါဗျ။ ဒါကြောင့် ဝတ်မှုန်ကူးမယ့် အချိန်က အရေးကြီးပါတယ်ဗျ။ 

အချိန်ကိုသိပြီဆိုရင်တော့ ဝတ်မှုန်ကူးမယ့် ကိရိယာပါ။ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့ ပန်းချီဆွဲတဲ့စုတ်တံလို သေးသေးလေးတစ်ခု ဒါမှမဟုတ် ဂွမ်းနားကြပ်တံလေးတစ်ခုဆိုရပါပြီ။

ဘယ်လိုကူးရမလဲ?

ပစ္စည်းကိရိယာတွေနဲ့အတူ စိုက်ခင်းထဲကို နေမထွက်ခင် အချိန်လေးအရောက်သွားပါ။ အဖိုပွင့် အမပွင့်ကိုခွဲခြားသိပါ။ အဖိုပွင့်စီသွားပြီး ဝတ်မှုန်တိုင်လေးကို စုတ်တံ ( သို့ ) နားကြပ်တံလေးနဲ့ပွတ်ပါ။ ပွတ်ယူတဲ့အခါ ဝတ်မှုန်တိုင်ရဲ့အောက်ခြေကနေ စယူပါ။ ဒါမှ ဝတ်မှုန်တွေကို ရရှိနိုင်မှာပါ။ ပြီးရင် အနီးဆုံးမှာရှိတဲ့ အမပွင့်စီ သွားပါ။ အမပွင့်ရဲ့အလည်တည့်တည့်က လက်ခံတိုင်လေးရဲ့ထိပ်ကို ဝတ်မှုန်တွေယူလာတဲ့ စုတ်တံလေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။

ဒီလိုမလုပ်ချင်ဘူးဆိုရင်တော့ အဖိုပွင့်ရဲ့ ဝတ်မှုန်တိုင်ကို ချိုးယူပြီး အမပွင့်ပေါ်တိုက်ရိုက်သုတ်လိမ်းပေးလို့ရပါတယ်ဗျ။ ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော့ အဖိုပွင့်က အမပွင့်ထက် စောစောပွင့်ပါတယ်ဗျ။ ဒီတော့ အမပွင့်ပွင့်ချိန်ထိစောင့်ပေးဖို့ လိုပါမယ်။ ဝတ်မှုန်မကူးခင်မှာ ချိုးယူပြီးသား အဖိုဝတ်မှုန်တိုင်တွေကို ရေစိမ်ထားလို့ ရပါတယ်ဗျ။ 

ကဲ...ဒါဆိုရင်တော့ လက်နဲ့ဝတ်မှုန်ကူးခြင်းကို အောင်မြင်စွာပြုလုပ်နိုင်ပါပြီဗျာ။ ဦးကြီးတို့စိုက်တဲ့အသီးတွေ ချောချော လှလှ ရနိုင်စေဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်ဗျ။

ထွန်းရာဇာ

Source - https://www.theseedcollection.com.au/blog/Hand-Pollinating-Curcurbits

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။