မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
စက်တင်ဘာ ၂၉ ရက် နေ့လည် ၁၂ နာရီ UPDATE အရ Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးရရှိသော နေ့စဉ်မိုးရေချိန်ပြမြေပုံများ (UPDATE)၊ ထိုင်းမိုးလေဝသဌာန၏ ဂြိုဟ်တုပုံ၊ Surface Weather Chart (28 Sep 18 UTC) နှင့် အိန္ဒိယမိုးလေဝသဌာန (IMD) ၏ Tropical Weather Outlook (29th SEP 0000 UTC UPDATE) တို့အရ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေ၊ လေဖိအားနည်းရပ်ဝန်း ရွေ့လျားမှု လမ်းကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မိုးရေချိန် ခန့်မှန်းချက် အပြည့်အစုံဖြစ်သည်။
၁။ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသော DEPRESSION အခြေအနေနှင့် ရွေ့လျားမည့် လမ်းကြောင်း သုံးသပ်ချက်
စနစ်၏ လက်ရှိအခြေအနေနှင့် တည်နေရာ - အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်
စက်တင်ဘာ ၂၉ ရက် (မြန်မာစံတော်ချိန် နံနက် ၆:၃၀ နာရီ) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် Deep Depression သည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ရောက်ရှိကာ မုန်တိုင်းငယ် Depression အဖြစ် အားလျော့သွားခဲ့ပါသည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၆:၃၀ နာရီတွင် မုန်တိုင်းငယ်၏ ဗဟိုချက်သည် မြောက်လတ္တီတွဒ် 18.9°N နှင့် အရှေ့လောင်ဂျီတွဒ် 96.0°E (တောင်ငူမြို့၏ အနောက်ဘက် 50km ခန့်၊ ပြည်မြို့၏ အရှေ့ဘက် 80km ခန့်၊ ပဲခူးမြို့၏ မြောက်-အနောက်မြောက်ဘက် 180Km နှင့် ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် 240Km ခန့်အကွာ) ၌ ဗဟိုပြုလျက် ရှိပါသည်။
ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်း ခန့်မှန်းချက်
မုန်တိုင်းငယ်သည် တစ်နာရီလျှင် 28Km နှုန်း ဖြင့် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီး စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်း/အနောက်မြောက်ပိုင်း (မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း) ကို ဖြတ်သန်းကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked Low Pressure Area) အဖြစ်သို့ အားလျော့သွားမည် ဖြစ်ပါသည်။
နောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်/တြိပူရ ပြည်နယ်များဆီသို့ ဦးတည်ကာ တဖြည်းဖြည်း ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
၂။ ၇ ရက်အတွင်း မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ (မိုးအားပြောင်းလဲမှု)
စက်တင်ဘာ ၂၉ ရက် (မိုးအရှိန် အမြင့်ဆုံးနေ့): မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း (မကွေး၊ မန္တလေး၊ နေပြည်တော်)၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအလွန်ကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဆက်လက် ဖြစ်ပေါ်ပါမည်။
စက်တင်ဘာ ၃၀ - အောက်တိုဘာ ၁ ရက် (မိုးအရှိန် စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်သို့ ရွေ့လျားခြင်း): လေဖိအားနည်းစနစ် အနောက်မြောက်ဘက်သို့ တိုးဝင်သွားသဖြင့် အောက်မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု ပါးလွှာသွားမည်ဖြစ်သော်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် မိုးအတန်အသင့်မှ မိုးကြီးနိုင်ပါသည်။
အောက်တိုဘာ ၂ - ၃ ရက် (မိုးအား လျော့နည်းသွားမည့် ကာလ): မုတ်သုံလေ အားလျော့သွားမည်ဖြစ်၍ မြန်မာနိုင်ငံ တစ်စဉ်လုံးတွင် မိုးရွာသွန်းမှု သိသိသာသာ ပါးလွှာသွားမည် ဖြစ်ပါသည်။
အောက်တိုဘာ ၄ - ၅ ရက် (မုတ်သုံဆုတ်ခွာခြင်း အကူးအပြောင်း): မြန်မာနိုင်ငံ အထက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးနည်းနည်းသာ ကျန်ရှိတော့မည် ဖြစ်ပါသည်။
အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်ချက်အရ ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝကျန်းပေါ်ကမ်းရိုးတန်းတလျှောက် လေပြင်း တနာရီ ၅၅ ကီလိုမီတာ မှ ၆၅ ကီလိုမီတာ (တနာရီ ၃၅ မိုင် မှ မိုင်၄၀)အထိ တိုက်နိုင်သောကြောင့် ပင်လယ်ပြင် ရေလုပ်သားများ စက်တင်ဘာ ၃၀ ရက်/အောက်တိုဘာ ၁ ရက်နေ့များတွင် ပင်လယ်ပြင် လှိုင်း/လေ အခြေအနေကို သတိပြုကြရန် နှိုးဆော်ထားပါသည်။
၃။ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် နေ့စဉ်နှင့် ၇ ရက် (စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာ ၅ ရက်အထိ) စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)
၄။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် ဆန်းစစ်ချက်
မန္တလေးတိုင်းဒေသကြီး မိုးလေဝသအခြေအနေ သုံးသပ်ချက်
စက်တင်ဘာ ၂၉ - ၃၀ ရက် - မုန်တိုင်းငယ်ဗဟိုချက်သည် မကွေးတိုင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအနောက်ဘက်သို့ ရွေ့လျားဖြတ်သန်းချိန်ဖြစ်၍ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်း ခရိုင်များ ၌ နေရာကွက်ကျား မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် တောင်ကျရေစီးဆင်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အောက်တိုဘာ ၁ - ၅ ရက် - မုန်တိုင်းကြွင်းကျန် ရွေ့လျားသွားပြီး မုတ်သုံလေ အားလျော့သွားမည်ဖြစ်၍ မန္တလေးတိုင်းအတွင်း မိုးရွာသွန်းမှု သိသိသာသာ ပါးလွှာလျော့နည်းသွားမည် ဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး (ငဝန်မြစ်ဝှမ်းနှင့် ရေကြီးဒေသများ)
စက်တင်ဘာ ၂၉ ရက် - နေ့စဉ်မိုးရေချိန် 35mm မှ 70mm ခန့်အထိ ရှိနိုင်သဖြင့် ငဝန်မြစ်ရေနှင့် စိုက်ပျိုးမြေများတွင် ရေကျဆင်းမှု ခေတ္တ ကြန့်ကြာနိုင်ပါသည်။
စက်တင်ဘာ ၃၀ - အောက်တိုဘာ ၅ ရက် - မိုးရွာသွန်းမှု သိသိသာသာ ပါးလွှာကျဆင်းသွားမည် ဖြစ်ရာ ရေကျဆင်းမှု ပြန်လည် မြန်ဆန်လာမည် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း/အရှေ့ပိုင်း/အနောက်ပိုင်း)
စက်တင်ဘာ ၂၉ ရက်နေ့တွင် မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ဝှမ်းတို့၌ မိုးကြီးနိုင်ပြီး မြို့ပြ ရေဝပ်ရေလျှံမှုများနှင့် ပဲခူးရိုးမမှ တောင်ကျရေဆင်းခြင်းများ သတိပြုရန် လိုအပ်ပါသည်။ စက်တင်ဘာ ၃၀ ရက်မှစ၍ မိုးပါးသွားမည် ဖြစ်ပါသည်။
မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် -
စက်တင်ဘာ ၂၉ ရက်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးအတန်အသင့် ရွာသွန်းနိုင်သော်လည်း စက်တင်ဘာ ၃၀ ရက်မှစ၍ မုတ်သုံလေ ပြန်လည် အားလျော့သွားမည်ဖြစ်ရာ ပင်လယ်ပြင် လှိုင်းအသင့်အတင့်သာ ရှိတော့မည် ဖြစ်ပါသည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်/ချင်းပြည်နယ် (အထူးသတိပေးချက်)
မုန်တိုင်းငယ် ဗဟိုချက် ဖြတ်သန်းရာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စက်တင်ဘာ ၂၉ ရက်၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးအလွန်ကြီးခြင်း ဖြစ်ပေါ်နိုင်သလို၊ ချင်းတောင်တန်းနှင့် ရခိုင်ရိုးမတစ်လျှောက် တောင်ကျရေဆင်းခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးဂရုပြုရန် နှိုးဆော်အပ်ပါသည်။
မန္တလေးတိုင်းဒေသကြီး မိုးလေဝသအခြေအနေ သုံးသပ်ချက်
စက်တင်ဘာ ၂၉ - ၃၀ ရက် - မုန်တိုင်းငယ်ဗဟိုချက်သည် မကွေးတိုင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအနောက်ဘက်သို့ ရွေ့လျားဖြတ်သန်းချိန်ဖြစ်၍ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ရမည်းသင်း ခရိုင်များ ၌ နေရာကွက်ကျား မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် တောင်ကျရေစီးဆင်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အောက်တိုဘာ ၁ - ၅ ရက် - မုန်တိုင်းကြွင်းကျန် ရွေ့လျားသွားပြီး မုတ်သုံလေ အားလျော့သွားမည်ဖြစ်၍ မန္တလေးတိုင်းအတွင်း မိုးရွာသွန်းမှု သိသိသာသာ ပါးလွှာလျော့နည်းသွားမည် ဖြစ်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဝင်းနိုင်
အားလုံး
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....