ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်း(အပိုင်း- ၂)
ပိန္နဲသီး

ဘို့(အဆူး)ကြီးလေ၊ အထဲကပိန္နဲသီး အမွှာထွားလေးဖြစ်ပြီး အရသာပိုကောင်းပါတယ်။ နောက်ပြီး ဘို့(အဆူး)ကျဲတဲ့ အသီးကို ရွေးချယ်ပါ။ မြန်မြန်မှည့်လာပါလိမ့်မယ်။
မာလာဖူး

တို့စရာတမျိုးဖြစ်တဲ့ မာလာဖူးတွေရင့်သွားတဲ့အခါ ကြမ်းတမ်း၍ဝါးလို့လည်း မကောင်းတော့ပေ။ အပွင့်ကားပြီး အဝါဝတ်ဆံများ ထွက်ပေါ်နေရင်ရင့်တတ်ပါတယ်။ မာလာဖူးနု၏အရောင်က မရမ်းစေ့ရောင်ဖြစ်ပါတယ်။ မရမ်းရောင်ထက်ဖျောတော့ပြီး ပွင့်ဖတ် အဆင့်များရင်လည်း ရင့်တတ်ပါတယ်။
ဖရဲသီး

အရွယ်ချင်းတူသော်လည်း အလေးချိန်ပိုစီးသော အသီးမျိုးကို ရွေးချယ်ပါ။ အပေါ်ယံအခွံကိုကြည့်ပါ အသီး၏ တခြမ်းက စိမ်းစိုနေပြီး၊ ကျန်တခြမ်းက အတန်ငယ်ဝါနေသော အခွံသီးမျိုးက အရသာပို၍ ချိုပါတယ်။ (အဘယ်ကြောင့်ဆိုသော် ဖရဲသီးဟာ မြေပေါ်မှာ ဝပ်တွားသီးတဲ့အမျိုးအစား ဖြစ်တာကြောင့်၊ မြေဆီလွှာနဲ့ထိတဲ့အပိုင်းက စိမ်းစိုနေပြီး၊ နေရောင်ခြည်ကောင်းစွာထိတဲ့အပိုင်းကဝင်းဝါနေခြင်းဖြစ်၍ နေ-လေ-မြေဆီလွှာဓာတ်တို့ ပြည့်ဝတဲ့အသီးချိုးကပို၍ချိုပါတယ်)
ကညွတ်

ကညွတ်ပင်၏ အဖျားပိုင်းကိုသာစားလို့ရပြီး၊ ပျမ်းမျှကညွတ်တစ်ပိသာဝယ်လျှင် အစိတ်သားခန့်သာ စားလို့ရပါတယ်။ ကညွတ်ပင်ပေါ်မှာ ပါရှိတဲ့ အဖုကလေးတွေ တစ်ခုနဲ့တစ်ခုနီးကပ်နေလျှင် နုပြီး၊ ၎င်းအဖုဝေးနေလျှင် ရင့်ပါတယ်။ (လယ်ကွက်တွေမှာ အလိုအလျောက်ပေါက်တဲ့ အရိုးနီအရွက်စိမ်းမျိုးဟာ ရေကညွတ်ဖြစ်ပြီး၊ တကူးတက စိုက်ယူရတဲ့ အစိမ်းရောင်ကညွတ်မျိုးလည်းရှိပါတယ်။ နှစ်မျိုးစလုံးကို ဒီနည်းအတိုင်း ရွေးချယ်ပါ။
ထောပတ်သီး

ထောပတ်သီးဝယ်တဲ့အခါ အထဲမှာမှိုတက်နေပြီး မည်းနေတဲ့အသီးကို အရွေးမမှားစေဖို့ အတွက်၊ ဦးစွာ အသီးရဲ့အညှာဖက် အပိုင်းကို လက်ဖြင့်အသာအယာဖိကြည့်ပါ။ ပျော့နေရင် လတ်ဆတ်တဲ့အသီးဖြစ်ပါတယ်။
သခွားသီး

အညှာနေရာမှနေပြီး၊ အခြားတစ်ဖက်ဖျားအထိ ဖြောင့်ဖြောင့်စိမ်းစိမ်းမျိုးကိုသာ ရွေးချယ်ပါ။ အဝါ(သို့မဟုတ်)အဖြူအစင်းကျားတွေက အသီးရင့်ပါတယ်။ အညှာနားမှာသိမ်နေပြီး၊ အဖျားပိုင်းကသိမ်သည့်အပိုင်းထက် ပို၍တိုပါက မဝယ်သင့်ပါဘူး။
ဒူရင်းသီး

အတွင်းအသား ထူ/မထူကို အညှာကြည့်ပြီးရွေးချယ်နိုင်ပါတယ်။ အညှာမှာအဖြူရစ်နဲ့ အတွင်းအရစ်ဝိုင်းကလေး တစ်ခုရှိပါတယ်။ ၎င်းအဖြူရစ်ပါးပြီး၊ အဝိုင်းထူရင် အတွင်းအနှစ်အသားထူပါတယ်။
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ကိုမောင်လှိုင်
လွန်ခဲ့သော ၄ နှစ် ကမိတ်ဆွေများဆွေးနွေပေးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....