အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြင်သူတကာငေးအောင် လှပကြွရွ ဖွံ့ဖြိုးတဲ့ စပျစ်သီးခိုင်တွေရဖို့ ဘယ်လိုဂရုစိုက်ရမလဲ?

မြင်သူတကာငေးအောင် လှပကြွရွ ဖွံ့ဖြိုးတဲ့ စပျစ်သီးခိုင်တွေရဖို့ ဘယ်လိုဂရုစိုက်ရမလဲ?

စပျစ်သီးခိုင်လေးတွေကို မြင်သူတကာငေးအောင် လှပကြွရွနေစေဖို့ ဘယ်အချိန်မှာ အဓိကထား ဂရုစိုက်ပေးရမလဲ? စပျစ်ဖူးလေးတွေသေးနေလို့ အခိုင်လေးတွေသေးနေလို့ ဘယ်လိုလုပ်ရမလဲ?

ဆိုတဲ့ မေးခွန်းလေးတွေကို စပျစ်ဝါသနာရှင်တွေ တော်တော်လေး အမေးများကြပါတယ်။ 

     မြင်သူတကာငေးအောင် လှပကြွရွဖွံ့ဖြိုးတဲ့ စပျစ်သီးခိုင်တွေရဖို့နဲ့ အဖူးအခိုင်များများရဖို့၊ ဒီနှစ်ခုက တူသလိုလိုနဲ့ မတူကွဲပြားမှုလေးတွေ ရှိနေပါတယ်။ စပျစ်စိုက်ပျိုးရေးဝါသနာရှင်တွေ အနေနဲ့ -

     (၁) လှပကြွရွ ဖွံ့ဖြိုးတဲ့ စပျစ်သီးခိုင်တွေရဖို့အတွက်ဆိုရင် အဖူးခိုင်ထွက်စအချိန်ကနေ သီးလုံးကူး သီးကင်းဝင်ချိန်အတွင်း အဓိကထား ဂရုစိုက်ပြုစုပေးရပါမယ်။ 

     (၂) အဖူးခိုင်များများ ပါဖို့အတွက် ဆိုရင်တော့ ကိုင်းမဖြတ်မီ တစ်လခွဲအလိုလောက်ကတည်းက ကြိုတင်ပြင်ဆင် ကြိုးစားရပါမယ်။ 

စပျစ်ပင် အဖူးထွက်စ အချိန်ကနေ သီးလုံးကူး သီးကင်းဝင်တဲ့ အချိန်အထိ တစ်လခွဲခန့်ကြာမြင့်ပါတယ်။ ကိုင်းဖြတ်ချိန်နဲ့ တွက်ကြည့်မယ်ဆိုရင် ကိုင်းဖြတ်ချိန် နေ့ညအပူချိန်ပြောင်းလဲမှုပေါ် မူတည်ပြီး၊ တစ်လခွဲ၊ နှစ်လ အထိ ကြာနိုင်ပါတယ်။ ဒါ့ကြောင့် စပျစ်သီးခိုင်လေးတွေ ဖွံ့ဖြိုးလှပဖို့အတွက် အချိန်တစ်လခွဲလောက် ဂရုစတစိုက် ပြုစုပေးမယ်ဆိုရင် အဆင်ပြေလုံလောက်ပါတယ်။

ဟု ပုလဲ စပျစ်စိုက်ပျိုးရေးမှ ကိုလှိုင်ထွန်းက ပြောသည်။

အဖူးထွက်စအချိန်မှ သီးကင်းဝင် သီးလုံးကူးချိန် အတောအတွင်း 

     - ရေနှင့်အစာအဟာရ အလုံအလောက်ပေးရန် လိုအပ်ခြင်း

     - ပိုးမွှားရောဂါမကျရောက်ရန် ဂရုစိုက်ခြင်း

     - အဖူးထွက်စမှ သီးကင်းဝင်ချိန်အထိ ရွက်ဖျန်းအာဟာရများ အနည်းဆုံး (၅)ကြိမ်မှ (၇)ကြိမ်ခန့်အထိ ဖျန်းပက်အသုံးပြုပေးခြင်း

     - N,P,K အပြင် ဘိုရွန်ပါဝင်သည့် ဆေးအမျိုးအစားနှင့် ဟော်မုန်းဆေးတချို့ အသုံးပြုပေးခြင်း

     - အဖူးထွက်စမှ အသီးကင်းဝင်ချိန်အတွင်း ရေဓာတ် (၆၀ ရာခိုင်နှုန်း %) နှင့်အထက် ရှိစေရန် ထိန်းသိမ်းပေးခြင်း

     - မိုးရွာသွန်းမှုနည်းပါက မိမိမြေအနေအထားကို ချိန်ဆ၍ (၅)ရက်တစ်ကြိမ်ခန့် ရေသွင်းပေးခြင်း 

စပျစ်တစ်ဧကအတွက် ကိုင်းမဖြတ်ခင် မြေသြဇာ (၁၅ ပတ်လည်) သုံးအိတ်လောက် ကျွေးပေးနိုင်ပါတယ်။ ကိုင်းမဖြတ်ခင်နဲ့ ကိုင်းဖြတ်ပြီးချိန်မှာ အစာကျွေးတဲ့အခါ စိုက်ပျိုးထားတဲ့ မြေဆီလွှာအခြေအနေနဲ့ ထည့်သွင်းထားတဲ့ မြေသြဇာတွေကို ချိန်ဆပြီး လိုတိုးပိုလျော့ လုပ်နိုင်ပါတယ်။ ကြားသီးယူတဲ့ စပျစ်ခြံတွေကို အပင်အာဟာရဖြည့်တဲ့အခါ မြေအောက်အမြစ်မှ ကျွေးတာအပြင် အရွက်မှဖြန်းပက်ပေးတာတွေကိုပါ ပြုလုပ်ပေးရပါမယ်။ စပျစ်ပင်အတွက် လုံလောက်တဲ့ အာဟာရတွေပြည့်ဝပြီး ဖွံ့ဖြိုးတဲ့စပျစ်သီးခိုင်တွေ ရလာဖို့ပါ။

ဟု ကိုလှိုင်ထွန်းက ဆိုပါတယ်။

     အစာလည်းကျွေးခြင်း၊ ရွက်ဖျန်းအားဆေး ဖျန်းခြင်းများ ပြုလုပ်သော်လည်း အဖူးအခိုင်သေးနေသည့် စပျစ်ခြံများမှာမူ ရေဓာတ်မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါတယ်။

နန်းထက်ထက်ချစ်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
paing zin

paing zin

လွန်ခဲ့သော ၂ နှစ် က

ကိုင်းဖျက်ပြီးဘာဆေးသုံးရလဲခင်ဗျ အခုမစစိုက်ဖူးတာမို့လို့ပါ ကိုင်းကလည်းဖျက်ခါနီးနေလို့ပါ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။