အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကပ်ပါးပင်တစ်မျိုးဖြစ်တဲ့ ကျီးပေါင်းပင်

ကပ်ပါးပင်တစ်မျိုးဖြစ်တဲ့ ကျီးပေါင်းပင်

Green Way
Green Way • 18/11/2021

   ကျီးပေါင်းပင် အများစုကို တွေ့ဖူးပါတယ်။ သူတို့ဟာ partial parasite လို့ခေါ်တဲ့ကပ်ပါးပင်တမျိုး ဖြစ်တယ်။ ဒီအပင်တွေက နှစ်တိုင်းသတ်လည်းမသေဘူး ပြန်ပြန်ရှင်ပါတယ်တဲ့၊ ကပ်ပါးပင်တို့သဘောသဘာဝပါဘဲ၊ လက်ခံပင်ရှိနေသ၍ ကပ်ပါးပင်ကတော့ရှိနေဦးမှာပါ။ 

   ကျီးပေါင်းပင်ရဲ့ထူးခြားချက်က တစ်ပင်လုံး သံချေးရောင်အမွှေးတွေ rusty tomentose ဖုံးအုပ်နေတာပါ။ မျိုးစိတ်အမည် ferrugineus ဆိုတာ ဒီအမွှေး အရောင်ကို ဆိုလိုပါတယ်၊ အရွက်တွေက ရွက်ဆိုင်ထွက်တယ်၊ အရွက်ကို သံချေးရောင် အမွှေးတွေက ဖုံးထားတယ်၊ ရွက်သားထူပြီးမာတယ်၊ ရွက်ကြော ၅ ခုကနေ ၆ ခု ရှိတယ်၊ ပန်းခိုင်က ကြားထွက် axillary faciculate cyme ဖြစ်တယ်။ ပန်းပွင့်လေးတွေက လိင်စုံတယ်၊ ၂ ခြမ်းညီတယ်၊ လေးအင်္ဂါဆ ပန်းတွေဖြစ်တယ်၊ အောက်တည်မပွင့်ဖြစ်တယ်၊ ဝတ်ဆံဖို ၄ ခုပါပြီး ပွင့်ချပ်တွေနဲ့ မျက်နှာချင်းဆိုင်ထွက်တယ်။ အမအင်္ဂါက အခန်းတစ်ခန်းသာပါပြီး အောက်ခြေထွက် အစေ့လောင်းတစ်စေ့သာပါတယ်။ အသီးက ဘယ်ရီသီးဖြစ်တယ် အစေ့တစ်စေ့သာပါတယ်၊ သံချေးရောင်အမွှေးတွေဖုံးအုပ်နေတယ်။ 

 

ဆေးဖက်ဝင်ပုံ

   ဒီအပင်က ဆေးဝင်သော အပင်တပင်ပါ။ ရိုးရာအနေနဲ့ လူတွေ ဖျားနာမှုများ ကုသရာမှာ အသုံးပြုနိုင်တယ်။ အပင်ပြုတ်ရေကို high blood pressure သွေးတိုးရောဂါကုသရာမှာ သုံးနိုင်တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါများ Gastrointestinal complaint ကုသရာမှာလည်း သုံးနိုင်ပါတယ်။

ကိုသက်နိုင်ဦး

ဟုမ္မလင်း 

ULaDoi

ULaDoi

လွန်ခဲ့သော ၃ နှစ် က

လိမ်မော်ပင်မှာကပ်နေလို့အပြောင်ရှင်းချင်တယ်ဘယ်လိုရှင်းရမလဲမကပ်အောင်နည်းလမ်းရှိရင်ပြေားပြပါဆရာတို့

ULaDoi

ULaDoi

လွန်ခဲ့သော ၃ နှစ် က

လိမ်မော်ပင်မှာကပ်နေလ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။