အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အနာဂတ်လူငယ်တွေရဲ့ စိတ်ဝင်စားမှုစာရင်းထဲပါလာတဲ့ အော်ဂဲနစ်ခြံလုပ်ငန်း

အနာဂတ်လူငယ်တွေရဲ့ စိတ်ဝင်စားမှုစာရင်းထဲပါလာတဲ့ အော်ဂဲနစ်ခြံလုပ်ငန်း

     အော်ဂဲနစ်ရဲ့ ကောင်းကျိုးတွေကို သိလာပြီးတဲ့နောက်မှာ စားသုံးသူရဲ့ ရွေးချယ်မှုတွေက အရည်အသွေးဘက်ကို တဖြည်းဖြည်းရောက်ရှိလာပါတယ်။ စိုက်ပျိုးရေးရဲ့ တစ်ခေတ်က အော်ဂဲနစ်ကိုဦးတည်လာတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်ကအစ ပြောကြားခဲ့တာဟာ အော်ဂဲနစ်စိုက်ပျိုးရေးသမားတွေရဲ့ မျှော်လင့်ချက်တွေကို ပိုခိုင်မာစေပါတယ်။

     အော်ဂဲနစ်အရွေ့ကို လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်တည်းက လှုပ်ရှားခဲ့ကြတာဖြစ်ပြီး အခုချိန်မှာတော့ အသီးအပွင့်တစ်ချို့ကို ခံစားနေကြရပြီး ဖြစ်ပါတယ်။ စျေးကွက်ထဲမှာ အော်ဂဲနစ် ပစ္စည်းတွေရဲ့ အရေးပါမှုကို အားလုံးပဲ မြင်တွေ့နိုင်ပြီးဖြစ်ပါတယ်။ ဒီလိုဖြစ်အောင် ကြိုးစားပြသွားကြတဲ့ စီနီယာတွေက ယနေ့ခတ် လူငယ်လေးတွေရဲ့ အိမ်မက်တွေကို ဖန်တီးပေးပါတယ်။ 

အော်ဂဲနစ်ခြံတစ်ခုတည်ဆောက်ဖို့ ဘာတွေလိုအပ်မလဲ?

     အော်ဂဲနစ်ခြံလုပ်ငန်းတစ်ခုပြုလုပ်တဲ့အခါမှာ သီးနှံစိုက်ပျိုးခြင်းထက်ပိုတဲ့ အလေးထားမှုတွေနဲ့ပြုလုပ်ကြပါတယ်။ စားသုံးသူတစ်ယောက်ချင်းစီအတွက် စဉ်းစားပေးပြီး၊ ဂေဟစနစ်မှာပါဝင်တဲ့ သက်ရှိတိုင်းကိုပါ ထည့်သွင်းအသိအမှတ်ပြုပေးတဲ့ အတ္တဟိတ ပရဟိတ ပေါင်းစပ်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ 

     ဂေဟစနစ်ကြီး တစ်ခုလုံးအတွက် တွေးပေးနိုင်တဲ့ စိတ်ထားမျိုးက အော်ဂဲနစ်ခြံတစ်ခုတည်ထောင်ဖို့ အခြေခံလိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဒီလိုစိတ်မျိုး နှလုံးသွင်းနိုင်ပြီဆိုရင်တော့ သင်က အော်ဂဲနစ်ခြံတစ်ခုကို စနိုင်ပါပြီ။

-မှော်ဆန်တဲ့လုပ်ငန်း

     အော်ဂဲနစ်စိုက်ပျိုးရေးကို လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ အဓိက အားထားတာကတော့ မြေကြီးထဲက မမြင်နိုင်တဲ့သက်ရှိတွေဖြစ်ပါတယ်။ အကျိုးပြုသက်ရှိတွေ ပျော်အောင်ထားမယ်။ သူတို့အတွက် နေစရာ စားစရာပေးမယ်။သူတို့ကလည်း ကျွန်တော်တို့သီးနှံတွေအတွက်လည်း ကောင်းမွန်တဲ့အရည်အသွေးတွေရအောင်လုပ်ပေးကြတယ်။ ဒီလို မမြင်ရတဲ့ သက်ရှိတွေနဲ့ ဆက်သွယ်ပြီး လုပ်ဆောင်ရတဲ့ မှော်ဝင်တဲ့ communicationတစ်ခုကိုလည်း လုပ်ရမှာဖြစ်ပါတယ်။

-ကျန်းမာစေတဲ့ ပတ်ဝန်းကျင်

      သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်တာဖြစ်လို့ နေ့စဉ်ဘဝအတွက် အသက်ရှုရတဲ့ လေကအစ သင့်ကျန်းမာရေးအတွက်အထောက်အကူပြုစေပါတယ်။ အော်ဂဲနစ်ခြံလုပ်ငန်းက ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ကောင်းကောင်းအသုံးချရပါတယ်။ မြေသြဇာတွေကိုယ်တိုင်လုပ်မယ်။ ပြန်လည် အသုံးပြုသင့်တာတွေစုမယ်။ ခြံထဲက ထွက်တဲ့ ရွက်ကြွေတစ်ရွက်ကစလို့ အလကားမဖြစ်စေရပါဘူး။ ဒီလိုအချိန်ပြည့်ကိုယ်လက်လှုပ်ရှားမှုလုပ်နိုင်မယ့် လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ဂေဟစနစ်နဲ့ လိုက်လျောညီတွေဖြစ်အောင်ထားရတာဖြစ်လို့ ခြံထဲမှာရေကန်လေးတွေရှိမယ်၊ ပန်းပင်တွေရှိမယ် ပျားပိတုန်းတွေရှိမယ်။ ဒါတွေက သင်ငယ်ငယ်က နားထောင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေထဲကလို ကြည်နူးစရာစိတ်ခံစားမှုတွေကို ရရှိမှာပဲဖြစ်ပါတယ်။

     ဒီလို ဒီဇိုင်းကာလာ အနေအထားနဲ့ အော်ဂဲနစ်ခြံလေးတစ်ခုလုပ်ပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းချင်ကြတဲ့ လူငယ်တွေရှိလားဗျ။အော်ဂဲနစ်ခြံတစ်ခုလုပ်ဖို့ စိတ်လဲပါတယ်။အားပေးမယ့်လက်တွဲဖော်လည်းရှိတယ်ဆိုရင်တော့ မနက်ဖြန်ပဲ စလိုက်ပါတော့။ ( စာခြွင်း- တစ်ယောက်ထဲ သမားတွေလည်း အားမငယ်ပါနဲ့ ဘော်ဒါတွေနဲ့ အော်ဂဲနစ်ခြံလေးတစ်ခု စနိုင်ပါတယ်)

ထွန်းရာဇာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

5
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

​အော်ဂဲနစ်ခြံတည်ဖို့ အ​ချေခံအချက်အလက်နည်းပညာလိုခြင်ပါတယ်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

09 972823419

ဦးတင်မောင်ဦး

ဦးတင်မောင်ဦး

လွန်ခဲ့သော ၅ နှစ် က

ခြံလုပ်ငန်းလက်ရှိလုပ်နေပါတယ်။ သြဂဲနစ်တဝက်ကျော်နဲ့ဓာတ်မြေသြဇာနည်းနည်းစပ်သုံးပါတယ်။နိုးထမှုမြန်ဆန် ပိုးသတ်မှုမြန်ဆန်တဲ့ သြဂဲနစ် စနစ် ၁၀၀% သုံးချင်ပါတယ်။ ကူညီနိုင်မလား?

TAYZAR NAING

TAYZAR NAING

လွန်ခဲ့သော ၅ နှစ် က

ကျိုးစားကြည့်အုံးမှာပါ

စိုင်းထွန်းထွန်း

စိုင်းထွန်းထွန်း

လွန်ခဲ့သော ၅ နှစ် က

စားသုံးသူ​တွေ ​စျေးမ​ပေးနိုင်ကြလို့ ​အောင်မြင်ရန် အလှမ်း​ဝေးပါ​သေးတယ်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။