စိုက်ပျိုးနည်း ကဏ္ဍလမ်းညွှန်
အစိမ်းရောင်လမ်း စိုက်/ မွေး ဖုန်းဆော့ဝဲလ်
စိုက်ပျိုးနည်း ကဏ္ဍလမ်းညွှန်
အဆင့်(၁) ပထမဦးစွာ Green Way ဖုန်းဆော့ဝဲလ်ကို Play Store မှ Download ရယူပါ။ သို့မဟုတ် Green Wayဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ်ကို အသုံးပြုရန်အတွက် အင်တာနက်လိုင်း ဖွင့်ထားပါ။

အဆင့်(၂) မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်ပါ။

အဆင့်(၃) ထို့နောက် ဆော့ဝဲလ်ထဲ ဝင်ရောက်ပါ။ ပုံတွင်ပြထားသည့်အတိုင်း ပင်မစာမျက်နှာတွင် စိုက်ပျိုးရေးနှင့်ဆိုင်သော ဆောင်းပါးများကို လေ့လာရန် "စိုက်ပျိုးနည်းပညာ" ဟူသော အဝိုင်းလေးကိုနှိပ်ပါ။

အဆင့်(၄) ပုံတွင် ပြထားသည့်အတိုင်း ကဏ္ဍငယ် (၁၀)ခုပေါ်လာပါမည်။ မြေဆီလွှာနှင့်ပတ်သတ်ပြီး လေ့လာလိုပါက "မြေဆီလွှာ"ဟုသော စာကိုနှိပ်ပါ။ အလားတူပင် "အပင်အာဟာရ"၊ "စိုက်ပျိုးနည်း"၊ "ပိုးမွှားရောဂါ"၊ "စိုက်ပျိုးစီးပွား"၊ "ခေတ်သစ်စိုက်ပျိုးရေး"၊ "ရိတ်သိမ်းချိန်လွန်နည်းပညာ"၊ "တန်ဘိုးမြှင့်ထုတ်ကုန်"၊ "စိုက်ပျိုးရေ"၊ "စိုက်ပျိုးဗဟုသုတ" စသည်ဖြင့် မိမိလေ့လာချင်သော ကဏ္ဍကို နှိပ်၍ လေ့လာနိုင်ပါသည်။

ဖော်ပြပါ ကဏ္ဍများထဲမှ တန်ဖိုးမြင့်ထုတ်ကုန် ကဏ္ဍတွင် လိမ္မော်သီးဝိုင်လုပ်နည်း၊ စပျစ်သီးဝိုင်၊ ပြောင်းဖူးဝိုင်လုပ်နည်း၊ဒိန်ချဥ်လုပ်နည်း၊ထောပတ်လုပ်နည်း၊သရက်သီးဂျယ်လီလုပ်နည်း၊ယိုမျိုးစုံလုပ်နည်း၊ပူတင်းလုပ်နည်းစသည့်ဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော တန်ဖိုးမြင့် ထုတ်ကုန်ပြုလုပ်နည်းများကိုလည်း လေ့လာနိုင်ပါတယ်။

အဆင့်(၅) မိမိလေ့လာလိုသော ကဏ္ဍသို့ ဝင်ရောက်ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ထောင့် အပေါ်စွန်းရှိ တြိဂံပုံ အတုံးလေးသုံးတုံးကို နှိပ်ပြီး သီးနှံအမျိုးအစားများကို ရွေးချယ်၍ လေ့လာနိုင်ပါသည်။
အဆင့်(၆) ဆောင်းပါး တစ်ပုဒ်ချင်းဆီ၏ အောက်တွင် မျှဝေမည် သိမ်းဆည်းမည် ဆိုသော စာသားလေးပါရှိပြီး မိမိကြိုက်နှစ်သက်သော ဆောင်းပါးကို ပြန်လည်မျှဝေနိုင်သလို အချိန်မရွေး ပြန်လည်ဖတ်ရှုနိုင်ရန်လည်း သိမ်းဆည်းထားနိုင်ပါတယ်။

နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026