ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
ပိုတက်စီယမ် (K) ဆိုတာ လက်တင်ဘာသာစကား [kalium] ကနေ ဆင်းသက်လာပြီး အယ်လကာလီ [alkali]ဆိုပြီး အဓိပ္ပာယ်သက်ရောက်ပါတယ်။ ငန်တဲ့ဂုဏ်သတ္တိရှိပါတယ်။ အင်္ဂလိပ်အမည် ပိုတက်ရှ်ဆိုတဲ့ စကားလုံးကတော့ ပိုတက်စီယမ်ဆားအမျိုးမျိုးကို ထုတ်ယူတဲ့ နည်းလမ်းကို ရည်ညွှန်းပါတယ်။
ရှေးတုန်းကတော့ ထင်းကို မီးရှို့ပြီးရလာတဲ့ပြာကို ရေဖျော်ကာ အိုးထဲထည့်ပြီး အပူပေး၊ အငွေ့ပျံစေတဲ့နည်းနဲ့ ပိုတက်စီယံ အရင်းအမြစ်ကို ရရှိကြတယ်လို့ဆိုပါတယ်။
၁၈၀၇ ခုနှစ်မှာ Sir Humphry Davy ဆိုသူက ပိုတက်စီယမ်ဓာတ်ပါဝင်တဲ့ ဓာတ်ပေါင်းကို လျှပ်စစ်သုံးဖြိုခွဲခြင်း (electrolysis) ဖြစ်စဉ်နဲ့ ဖြတ်တောက်လိုက်တဲ့အခါ တောက်ပတဲ့ငွေရောင်ပိုတက်ဆီယမ်ကို ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ ငွေရောင်ပိုတက်စီယမ်လေးဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ ဓာတ်ပြုပြီး အောက်ဆိုဒ်အဖြစ် ပြောင်းလဲသွားကာ မီးခိုးရောင်ပြောင်းသွားပါတယ်။
ပိုတက်စီယမ်ဓာတ်ဟာ စိုက်ပျိုးပင်တွေ၊ လူ၊ တိရစ္ဆာန်တွေရဲ့ အာဟာရအတွက် အရေးပါသလို အခြားထုတ်ကုန်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။
ပိုတက်စီယမ်အရင်းအမြစ်တွေ ဘယ်ကရလဲ…
စီးပွားဖြစ်အသုံးပြုနေတဲ့ ပိုတက်ရှ်အနည်တွေ အားလုံးဟာ တိမ်ကောနေတဲ့ ရှေးပင်လယ်တွေ (Ancient seas)၊ ဆားငန်ကန်တွေ၊ ဆားငန်ရည်တွေ(brines)၊ မြေအောက်မှာရှိတဲ့ အနည်ကျသတ္တုရိုင်းတွေကနေ ထုတ်လုပ်ရရှိပါတယ်။
အနည်ကျသတ္တုရိုင်းအများစုဟာ မြေအောက်အနက်( ပေ ၃၀၀၀ကျော်)မှာ ရှိတာကြောင့် အပေါ်ယံမျက်နှာပြင်ကနေ တူးဖော်လို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဥမင်လိုဏ်ခေါင်းတွေပြုလုပ်ပြီး တူးဖော်တာ(Shaft mining)၊ အခြားဖျော်ရည်ပစ္စည်းတွေ အသုံးပြုပြီး ရရှိလာတဲ့ ပိုတက်အရည်ထုတ်လုပ်ယူတာ(Solution mining) စတဲ့နည်းစနစ်တို့နဲ့ စီးပွားဖြစ် ထုတ်လုပ်နေကြပါတယ်။
နောက် ပင်လယ်သေတွေ၊ ဆားငန်ကန်တွေကနေတော့ အငွေ့ပျံနည်းနဲ့ ထုတ်လုပ်ကြပါတယ်။ ယခုမျက်မှောက်ချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်း တစ်နှစ်မှာ တန်ပေါင်း သန်း ၃၀ ကျော် ထုတ်လုပ်နေပါတယ်။

ပုံ - တွေ့ရများသည့် ပိုတက်စီယမ်ဓာတ်ပါဝင်သော သတ္တုများ
ပိုတက်စီယမ်ဆာလဖိတ်ကို mineral langbeinite ကနေ ထုတ်လုပ်နိုင်ပြီး ပိုတက်စီယမ်ကလိုရိုက်ကိုတော့ ဆာလဖြူရစ်အက်စစ်နဲ့ အပူချိန်မြင့်မြင့်မှာ ဓာတ်ပြုပြီး ထုတ်လုပ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဆားကို ပိုတက်စီယမ်ဆာလဖိတ်နဲ့ ပေါင်းပြီးလည်း ပိုတက်စီယမ်-မဂ္ဂနီဆီယမ်အခဲကွန်ပေါင်းအဖြစ် ထုတ်လုပ်အသုံးပြုနိုင်ပါတယ်။
ထုတ်လုပ်ရရှိတဲ့ အရွယ်အစားအလိုက် စံသတ်မှတ်ပြီး အခဲ၊ အမှုန့်၊ အရည်ဖျော်အနေနဲ့ ပုံစံမျိုးစုံ ဖြန့်ဖြူးနေကြပါတယ်။ အခဲကိုတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်တို့နဲ့ရောစပ်ပြီး အပင်က လိုအပ်တဲ့ အာဟာရတွေကို တစ်ပြိုင်နက်ရရှိအောင် ကွန်ပေါင်းအနေနဲ့ ပြုပြင်ထုတ်လုပ်ရောင်းချနေတာကို အပြင်မှာ တွင်တွင်ကျယ်ကျယ် တွေ့ရပါတယ်။

ပုံ - ပိုတက်စီယမ် ထုတ်လုပ်မှု ဖြစ်စဉ်

ပုံ - နိုက်ထရိုဂျင်၊ဖော့စဖောရပ်၊ ပိုတက်စီယမ် ထုတ်လုပ်မှုဖြစ်စဉ်
အပိုင်း (၂) မှာတော့ ' ပိုတက်စီယမ်ကို ဘယ်နိုင်ငံတွေကနေ အများဆုံးထုတ်နေသလဲ' ' မြေသြဇာတွေမှာ ပိုတက်စီယမ် ပါဝင်ကြောင်း ဘယ်လိုသိနိုင်မလဲ' 'အော်ဂဲနစ်ပိုတက်စီယမ်အရင်းအမြစ်တွေက ဘာတွေလဲ' ' စိုက်ပျိုးရေးမှာ ဘယ်လိုအသုံးပြုသလဲ' 'အပင်တွေက ဘယ်လိုရယူအသုံးပြုကြလဲ' ဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုတက်စီယမ်
Aye Aye
လွန်ခဲ့သော ၃ နှစ် ကစောင့်မျှော်ပေးလို့ ကျေးဇူးပါရှင့်
Nan Win Oo
လွန်ခဲ့သော ၃ နှစ် ကဘယ်တော့လောက်တင်ပြပေးမလဲဗျစောင့်မျှော်နေပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါမှမဟုတ် ရွေ့ပြောင်းစိုက်တဲ့အချိန်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလားဗျ (၂)ပြီးတော့ ပျိုးထောင်တဲ့နေရာမှာ ပျိုးသက်ရက်က ဥပမာ- ကျနော်တို့ဆီမှာတော့ ပျိုးသက်ကို ၁-လ လောက်ထားကြတယ် ကျနော်က အကြောင်းအမျိုးမျိုးကြောင့် ပျိုးသက် (၄၀)ရက်သား မှ စိုက်ရတယ်ဆိုပါစို့ စပါးမျိုးကလဲ ၁-မျိုးတည်းဆိုပါစို့ အဲ့လို့ဆိုရင်ရော တစ်ခြားပျိုးသက်(၃၀)ရက်သားနဲ့စိုက်တဲ့ သူတွေနဲ့ စပါးမှည့်ချိန်/ရိတ်သိမ်းချိန် အတူတူဖြစ်မှာပါလား (၃)ပြီးတော့ "ဖုံးတုံးလုံးတုံး လောက်စာလုံး" ဆိုတဲ့ စကားပုံကရော ဘာကိုပြောပါလဲခင်ဗျ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု
ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ
Khing Hein • ဖြေကြားချက် 2 ခု
ကုလားပဲမျိုး 929အကြောင်းသိချင်လို့ပါ
Thawzinaung • ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ
Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 3 ခု
ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲနစ်ပစ္စည်းတွေ မြေသြဇာတွေလည်းရှိပါတယ် EMတွေက စိုက်ပျိုးရေးတင်မက ကြက်ခြံ ဝက်ခြံ နွားခြံ ငါးကန် အစရှိတဲ့ တိရစ္ဆာန်တွေအတွက်လည်းအသုံးပြုလို့ရပါတယ် လိုအပ်ပါက 09760779673ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျ
Nyan Phyo • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Aye Aye
အားလုံး
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၁)
20/04/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....