အိမ်ရှင်မတွေအတွက် အသုံးတည့်မယ့် ပလပ်စတစ်ဗူးကို ပြန်လည်အသုံးပြုနိုင်မယ့် နည်းလမ်းများ
ပလပ်စတစ်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာကြောင့် တတ်နိုင်သမျှ ပြန်အသုံးပြုလို့ရအောင် ကြိုးစားရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို သက်သာစေမှာပါ။
ပလပ်စတစ်ဗူးတွေကို တော်တော်များများတော့ ရေထည့်ပြီး ပြန်သုံးကြလေ့ရှိပါတယ်။ ရေထည့်ပြီး ပြန်သုံးတာအပြင် တခြား ဘယ်နေရာတွေမှာ သုံးလို့ရလဲဆိုတာ ကြည့်လိုက်ရအောင်။
ကြက်ဥအကာနဲ့အနှစ်ခွဲတဲ့နေရာမှာ
တချို့ ဟင်းလျာတွေမှာ ကြက်ဥ အနှစ်မသုံးတာတို့၊ ကြက်ဥ အကာချည်းဘဲ မသုံးတာမျိုးရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပလပ်စတစ်ရေသန့်ဗူးနဲ့ အလွယ်တကူ အကာနဲ့ အနှစ်ကို ခွဲလို့ရပါတယ်။
ဂေါ်ပြား

ပလပ်စတစ်ဗူးကို ဒီလိုပုံစံ လေးညှပ်လိုက်ရင်တော့ အပင်စိုက်တဲ့နေရာမှာ သုံးလို့ရတဲ့ ဂေါ်ပြားပုံစံလေးဖြစ်သွားပါပြီ။
အဖုံးအပိတ်လုပ်လို့ရ

ရေသန့်ဗူးရဲ့ ထိပ်ကို ဖြတ်လိုက်ပါ။ အဖုံးကိုဖြုတ်လိုက်ပါ။
ပလပ်စတစ် အိတ်ထဲမှာ ဟင်းချက်စရာတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပါ။
ပလပ်စတစ်အိတ်ရဲ့အဝမှာ ရေသန့်ဗူးအဖုံးထိပ်ကို ထည့်ပြီး ပလပ်စတစ်နဲ့ညှပ်ကာ အဖုံးဖုံးလိုက်ရင် လေလုံအိတ်လေးစနစ်တကျရပြီနော်။
လက်ဆွဲဗူး ၁မျိုး

ရေဗူး ၅ လီတာဗူးကို ထက်ပိုင်းပိုင်းလိုက်ပါ။ ပြီးရင် လှီးထားတဲ့နေရာလေးကို လက်တွေမရှအောင် တိပ်ကပ်လိုက်ပါ။ ဘေးနှစ်ဖက်ကို လက်ကိုင်တပ်ဖို့ဖောက်ပြီး လက်ကိုင်လေးတွေ တပ်လိုက်ပါ။
ဒါဆိုရင် ကလေးကစားစရာ အသေးလေးတွေ ထည့်လို့ရပါပြီနော်။
လက်မထိအောင်ကာတဲ့အရာအဖြစ်လည်း သုံးနိုင်

ရေသန့်ဗူးလေးကို လက်နဲ့ တိုင်းဖြတ်လိုက်ပြီး ဓားလှီးတဲ့နေရာမှာ လက်မထိအောင် ကာကွယ်တဲ့ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါတယ်။
Green House ပုံစံလေးလည်းအသုံးပြုလို့ရ

ရာသီဥတုအရမ်းအေး၊ ကြမ်းတမ်းတဲ့နေရာတွေမှာ အပင်ပေါက်လေးတွေအပေါ် အေးတဲ့ရာသီဥတု သိပ်မသက်ရောက်နိုင်အောင် ပလပ်စတစ်ဗူးကိုအခုလို အသုံးပြုလို့ရပါတယ်။
ရေပန်းအဖြစ်လည်း သုံးလို့ရ

ဈေးကြီးတဲ့နေရပန်းတွေမသုံးချင်ဘူးဆိုရင် ပန်းခြံထဲမှာ ရေသန့်ဗူးကို အပေါက်တွေဖျောက်ပြီး ရေပိုက်တပ်ထားလိုက်ရုံပါဘဲ။
ပလပ်စတစ်လှေ

ကဲမိုးတွင်းရောက်လို့ ရေကြီးရင်လည်း ပလပ်စတစ်လှေလုပ်လို့ ရတယ်နော်။
Myfood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026