အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘယ်လိုမြေဖုံးပင်မျိုးကို ရွေးချယ်မလဲ

ဘယ်လိုမြေဖုံးပင်မျိုးကို ရွေးချယ်မလဲ

မိမိနဲ့ ကိုက်ညီသင့်လျော်မယ့် မြေဖုံးပင်အမျိုးအစားကို ရွေးချယ်ဖို့အတွက် အခြေခံအားဖြင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရပါမယ်။

− ဘယ်လိုမြေဖုံးပင်မျိုးကို စိုက်သင့်သလဲ

− ဘယ်တော့ စိုက်သင့်သလဲ

− ဘယ်လို စိုက်သင့်သလဲ

− မြေဖုံးပင်ကို ဘယ်အချိန်မှာ မြေနဲ့သမသွားအောင် ထယ်မှောက်ရမလဲ

အထက်ပါအချက်များအပြင် မိမိရဲ့မြေအမျိုးအစား၊ ရာသီဥတုနဲ့ အခြားအချက်များကိုလည်း စဉ်းစားရပါမယ်။

ဥပမာ……

  •  ဘာရည်ရွယ်ချက်နဲ့စိုက်မှာလဲ၊ ဥပမာ မြေဆီလွှာထဲကို နိုက်ထရိုဂျင်နဲ့ အခြားသောအနည်းလို အများလိုအဟာရဓါတ်တွေ ပိုများလာစေလိုတာလား၊ မြေထဲကနေ နိုက်ထရိုဂျင်ဆုံးရှုံးမှုကို လျော့နည်းစေချင်တာလား
  •  မြေဆီလွှာကို အော်ဂဲနစ်မတ္တာ ဖြည့်တင်းဖို့သက်သက် စိုက်ပျိုးမှာလား
  •  မြေဆီလွှာမျက်နှာပြင်ပေါ် ဖုံးအုပ်နေစေဖို့ စိုက်မှာလား သို့မဟုတ် မြေထဲကို ထယ်မှောက်မှာလား
  •  မြေက အက်စစ်ဓါတ်ကဲတဲ့မြေလား၊ မြေကျပ် အမျိုးအစားလား (နှံစားပြောင်းမျိုးရင်း၊ ပဲမျိုးရင်းဝင်၊ နဲ့ မုန်လာမျိုးရင်းဝင်တွေက မြေဆီလွှာပျက်စီးဆုံးရှုံးမှုမှကာကွယ်ရန် အကောင်းဆုံးဖြစ်ပါတယ်)
  •  ပေါင်းနှိမ်နှင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ စိုက်မှာလား၊ အပင်သိပ်သည်းမှုများပြီး အရွက်ထွက်သန်တဲ့ မြေဖုံးပင်မျိုးကို ရွေးချယ်သင့်ပါတယ်၊ တစ်ချို့ မြေဖုံးပင်များမှာပါဝင်တဲ့ ဓါတုဒြပ်ပေါင်းများကလည်း ပေါင်းပင် ပေါက်ရောက်မှုနဲ့ ပေါက်ရောက်ပြီးသား ပေါင်းရဲ့ကြီးထွားမှုကို ဟန့်တားပေးပါတယ်။
  •  ဘယ်လိုမြေဖုံးပင်အမျိုးအစားက ရာသီဆိုးဝါးဒဏ်ကို ခံနိုင်ရည်ရှိသလဲ
  •  မြေတွင်းအောင်း သီးနှံဖျက်ပိုးများ၊ နီမတုတ်များနဲ့ မြေဆောင်ရောဂါများကိုရော နှိမ်နှင်းလိုတာလား
  •  မိမိစိုက်လိုက်တဲ့ မြေဖုံးပင်က ရေအလွန်အမင်းကြိုက်တဲ့ အပင်ဖြစ်နေခဲ့ရင် နောက်စိုက်မယ့် သီးနှံကို ထိခိုက်စေမှာလား
  •  မြေဖုံးပင်ကို သီးညှပ်စနစ်မှာ စိုက်မယ်ဆိုရင် မြေဖုံးပင်ရဲ့ ကြီးထွားမှုက တွဲဖက်မယ့် အဓိကသီးနှံကို အနှောက်အယှက် ဖြစ်စေမှာလား

………….  အစရှိတဲ့ အချက်များကို ထည့်သွင်းစဉ်းစားပြီးတော့ မိမိရဲ့လိုအပ်ချက်၊ ရည်ရွယ်ချက်များနဲ့ ကိုက်ညီမယ့် မြေဖုံးပင်များကို ရွေးချယ်မှုမှန်ကန်စွာနဲ့ စိုက်ပေးသင့်ပါတယ်။

ရီဆွေအေး (၂၀၀၈ BAg)

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။