စိုက်ပျိုးသုတဇွန်လ
မိုးဦးမကျမီကတည်းက မိုးရွာသွန်းမှုတွေရှိခဲ့သည်။ ယခင်နှစ်များနှင့်နှိုင်းယှဥ်လျှင် မုတ်သုံစော၍ ဝင်လာသည်။ သို့ဖြစ်၍ မိုးဦးယာသီးနှံများကို စောစောစိုက်နိုင်သော ဒေသများရှိကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ ယခုဇွန်လတွင် မိုးစပါးပျိုးထောင်ရေး(သို့မဟုတ်)မျိုးစေ့မြေကျရေးနှင့် မိုးဦးယာသီးနှံများအောင်မြင်ရေးဆိုင်ရာများကို အသိပေးလိုပါသည်။
၁။ စပါးသီးနှံ
ပျိုးထောင်(သို့မဟုတ်)မျိုးစေ့မြေကျသင့်သည့်အချိန်
မိုးစပါးကို နိုင်ငံအဝှမ်းတွင် ဒေသရေမြေအခြေအနေ သုံးမျိုးတွင် စိုက်ပျိုးနေကြတာ ဖြစ်သည်။
(၁) ဆည်ရေသောက်ဒေသလယ်မြေ၊
(၂) မိုးနည်းပါးဒေသမိုးရေသောက်လယ်မြေနှင့်
(၃) မိုးများဒေသမိုးရေသောက်လယ်မြေဟူ၍ ခွဲခြားနိုင်သည်။
ဆည်ရေသောက်ဒေသလယ်မြေများအတွက်
၁။ ဇွန်လလယ်တွင် ပျိုးထောင်ပါ။
၂။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် အထွက်ကောင်းစပါးမျိုး(High Yieding Variety)ကို အသုံးပြုစိုက်ပျိုးပါ။
မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေများအတွက်
၁။ လယ်စပါးကို ဇွန်လအတွင်း မိုးရွာသွန်းမှုအခြေအနေကိုကြည့်ပြီး ပျိုးထောင်ပါ။ တစ်လအတွင်း မိုးရေချိန် ၈ လက်မ ပြည့်မီအောင် မိုးရွာသွန်းမှုရှိသင့်သည်။ ယခင်နှစ် အတွေ့အကြုံများအရ လေ့လာဆုံးဖြတ်ရန် ဖြစ်ပါသည်။ သို့မဟုတ်ပါက ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်ရိုက်စိုက်နည်းစနစ်ကို အသုံးပြု ရန် ဖြစ်ပါသည်။
၂။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် ယာစပါး၊ ရေငတ်ခံစပါး၊ ရေအနည်းလိုစပါး၊ တောင်ပေါ်ဒေသတွင်ကုန်းမြင့်စပါးတို့ကို အသုံးပြုစိုက်ပျိုးပါ။
မိုးများဒေသ မိုးရေသောက်လယ်မြေများအတွက်
၁။ ဇွန်လလယ်ထက်နောက်မကျစေဘဲ ပျိုးထောင်ပါ။
၂။ ရေမြေဒေသကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် အထွက်ကောင်းမျိုး(HYV) ဒါမှမဟုတ် ဒေသစပါးမျိုး(Local Variety)တို့ကို အသုံးပြုစိုက်ပျိုးပါ။
စိုက်ပျိုးသင့်သည့်စပါးမျိုး
လယ်တစ်ကွက်ချင်းအတွက် သင့်တော်သည့်မျိုးကို ရွေးချယ် စိုက်ပျိုးပါ။ တောင်သူလယ်သမားတစ်ဦးချင်း ပိုင်ဆိုင်သည့် လယ်တစ်ကွက်နှင့် တစ်ကွက် ရေမြေအခြေ အနေ မတူနိုင်ပါ။ လယ်ကွက်တိုင်းကို တူညီသောမျိုးတစ်မျိုးတည်း စိုက်ပျိုးရန် သင့်တော်ချင်မှ သင့်တော်ပါမည်။ သို့ဖြစ်၍ လယ်ကွက်အလိုက် သင့်တော်သည့်မျိုးဖြစ်သင့်ပါသည်။
ပျိုးထောင်နည်းစနစ်မှန်
စပါးပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့်အချက်နှစ်ချက်ကို ဖော်ပြလိုသည်။ ၄င်းမှာ-
၁။ မျိုးစေ့ကောင်း(Good Seed)ကိုအသုံးပြုပါ။
၂။ မျိုးစေ့နှုန်း (Seed Rate in the Nursery) မှန်ကန်ပါစေ။
အထွက်ကောင်းစပါး၊ ဒေသစပါးမျိုးနှင့် စပ်မျိုးစပါးမတူနိုင်ပါ။ သူ့စနစ် သူ့မျိုးတို့နှင့် ကိုက်ညီသည့် ပျိုးခင်းမျိုးစေ့နှုန်းတွေဖြစ်ဖို့ လိုပါသည်။
၂။ ယာသီးနှံများအတွက်
ယာသီးနှံများသည် ကန်သင်းမရှိသော ယာမြေ(သို့မဟုတ်) ကုန်းမြေလို မြေမျိုးမှာ စိုက်ပျိုးသည့်သီးနှံများကို ဆိုလိုခြင်းဖြစ်သည်။ နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ၀ါ၊ ငရုတ်-စသည့်သီးနှံများ၏အမည်ကို ခြုံငုံ၍ ယာသီးနှံများ ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
ယခုဇွန်လသည် မိုးဦးယာသီးနှံများကို အပြီးစိုက်ပျိုးသင့်သည့်လ ဖြစ်သည်။ သီးနှံစိုက်စွမ်းအားမြင့်မားပြီး အကျိုးအမြတ်ဝင်ငွေကောင်းအောင် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးရာတွင် ဇွန်လတွင်စိုက်ပျိုးမည့်သီးနှံများသည် ပထမသီးနှံဖြစ်သည်။ ပထမသီးနှံ စိုက်ချိန်နောက်ကျလျင် ဒုတိယသီးနှံ၊ တတိယသီးနှံများလည်း ဆက်လက်နောက်ကျမည်ဖြစ်ပြီး ထိုဒုတိယသီးနှံ၊ တတိယသီးနှံတို့၏အထွက်ကိုလည်း ထိခိုက်စေနိုင်ပါသည်။

သို့ဖြစ်၍
၁။ ဇွန်လဆန်းတွင် အပြီးစိုက်ပျိုးပါ။
၂။ အသက်လျင်သည့်မျိုးကို အသုံးပြုပါ။
၃။ စိုက်ပျိုးပြီး ပျက်စီးခြင်း၊ အထွက်နည်းခြင်း မဖြစ်စေရေးအတွက် မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
၄။ မြေပဲနှင့် ပဲမျိုးစုံသီးနှံများတွင် သက်ဆိုင်ရာပဲမြစ်ဖုမြေသြဇာကို မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးပါ။
၅။ အပင်ခြေရေမဝပ်ရေးအတွက် ဘောင်စနစ်ဖြင့်စိုက်ပျိုးပါ(သို့မဟုတ်) ရေထုတ်မြောင်းများထားရှိပါ။
၆။ ပေါင်းမြက်ကင်းစင်ရေး၊ သားခွဲရေးဆောင်ရွက်ပါ။
လယ်ယာစိုက်ပျိုးလုပ်ငန်းဆိုတာ အချိန်ရာသီနှင့်တပြေးညီ ဆောင်ရွက်နေရတာ ဖြစ်သည်။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ရွာသွန်းသည့်မိုး အနည်းအများနှင့် ဒေသအခြေအနေအပေါ် မူတည်၍ စိုက်ချိန်မှန်ခြင်း၊ ပေါင်းမြက်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ ပြုစုဂရုစိုက်ခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်ကို နည်းစနစ်မှန်စွာဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားပြီး ဝင်ငွေတိုးစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စိုက်ပျိုးဗဟုသုတ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
MyoSung
လွန်ခဲ့သော ၂ လ ကပျိုးခင်းတွေမှာကာကွယ်ဆေးအနေနဲ့ဘာဆေးသုံးမလဲ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကဟုတ်ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Soe Myint
အားလုံး