လယ်ယာထွက် အလေအလွင့်များကို စနစ်တကျ စီမံခန့်ခွဲခြင်း
လယ်ယာထွက်အလေအလွင့်များကို စနစ်တကျစီမံခန့်ခွဲခြင်းသည် ကျန်းမာသောပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့် မြေသြဇာလိုအပ်ချက်ကို လျော့နည်းအောင် ပြုလုပ်ခြင်းဖြစ်သည်။
လယ်ယာထွက်အလေအလွင့်များကို စနစ်တကျစီမံခန့်ခွဲခြင်းတွင် စားကျက်များအလှည့်ကျစိုက်ခြင်း၊ စနစ်တကျစိုက်ခြင်းနှင့် မြေဆီဖုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းတို့ဖြစ်သည်။ အရင်းအမြစ်များ ညစ်ညမ်းမှုမဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။
လယ်ယာထွက်အလေအလွင့်များကို စနစ်တကျစီမံခန့်ခွဲခြင်းသည် စိုက်ဘောင်၊ ပျိုးဘောင်များ မြေဆီတိုက်စားခြင်းဖြင့် မြေဆီဆုံးရှုံးမှုကို ထိန်းသောစနစ်လည်းဖြစ်သည်။
ဘာကြောင့် လယ်ယာထွက်အလေအလွင့်များကို စနစ်တကျ စီမံခန့်ခွဲဖို့လိုတာလဲ?
လယ်ယာထွက်အလေအလွင့်များကို စနစ်တကျစီမံခန့်ခွဲခြင်းမပြုလုပ်ပါက ကျန်းမာသော ပတ်ဝန်းကျင် ပျက်စီးပြီး ညစ်နွမ်းစေသည်။ ရေအရင်းအမြစ်ညစ်နွမ်းစေသည်။ မြေသြဇာတွင်ပါဝင်သော နိုက်ထရိတ်များကြောင့် မြေအရင်းအမြစ်ညစ်နွမ်းစေသည်။ လယ်ယာထွက်အလေအလွင့်များကို စနစ်တကျစီမံခန့်ခွဲခြင်းများပြုလုပ်ပါက မြေသြဇာသုံးခြင်းကြောင့် ကုန်ကျစရိတ်ကို သက်သာစေသည်။
အကျိုးကျေးဇူးများအနေဖြင့်…
၁။ လယ်ယာလုပ်ငန်းများတွင် လယ်ယာထွက် အလေအလွင့်များကို ပြန်လည်အသုံးချနိုင်ခြင်း
၂။ ကျန်းမာသော ပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်ခြင်း
၃။ မြေသြဇာသုံးခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေသည်။
၄။ မြေတွင်မြေဆွေးပါဝင်မှု တိုးစေသည်။ သီးနှံများမှအာဟာရစုပ်ယူမှုတိုးစေသည်။ မြေမှ ရေထိန်းစွမ်းအားတိုးစေသည်။ မြေကိုထယ်ထိုးထွန်မွှေရန်လွယ်ကူစေသည်။
၅။ တွင်းရေညစ်နွမ်းမှုနှင့် မြေမျက်နှာပြင်ရေညစ်နွမ်းမှုကို လျော့နည်းစေသည်။
လယ်ယာထွက်အလေအလွင့်များ စနစ်တကျစီမံခန့်ခွဲခြင်းကို အကောင်အထည်ဖော်ခြင်း
- ကိုယ်ထူကိုယ်ထစနစ်များဖြင့် အကောင်အထည်ဖော်ခြင်း
- လယ်ယာထွက် အလေအလွင့်များက သတ်မှတ်တစ်နေရာတွင်သာ စနစ်တကျစီမံခန့်ခွဲခြင်းကို အကောင်အထည်ဖော်ခြင်း
- မြေဆွေးများတွင် ပုံမှန်အာဟာရပါဝင်မှုပုံမှန်စစ်ဆေးဆောင်ရွက်ခြင်း
လယ်ယာထွက်အလေအလွင့်များကို စနစ်ကျစီမံခန့်ခွဲရာတွင် စိုက်ပျိုးမြေများတွင် မြေဆွေးပါဝင်မှုတိုးကာ မြေတွင်းအာဟာရဓာတ်ပါဝင်မှုမြင့်မားလာပြီး စိုက်ပျိုးမြေကိုပြုပြင်ပြီးသားဖြစ်စေသည့်အတွက် ထိန်းသိမ်းသင့်သည့် နည်းလမ်းကောင်းဖြစ်ပါတယ်။ နောက်တစ်ပတ်တွင် မြေဆွေး၏အခန်းကဏ္ဍများကို ဆွေးနွေးသွားဦးမှာပဲ ဖြစ်ပါတယ်။
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
thin win
လွန်ခဲ့သော ၅ နှစ် ကကိုယ့်အိမ်ခြံထဲတွင် ရာသီပင် နှစ်ရှည်ပင်များစိုက်ပျိုးရန် မြေဆီမြေနှစ်ကို မည်သို့ပြုလုပ်ထိန်းသိမ်းရမည်နည်း အကြံပြုပေးစေချင်ပါသည်။
ရဲရင့်မြတ်
လွန်ခဲ့သော ၅ နှစ် ကမြေဆွေးပြုလုပ်ခြင်း
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026