အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အကျိုးပြုပိုးမွှားတွေကို စိုက်ခင်းထဲဝဲနေအောင် စွဲဆောင်နည်း

အကျိုးပြုပိုးမွှားတွေကို စိုက်ခင်းထဲဝဲနေအောင် စွဲဆောင်နည်း

    စိုက်ပျိုးသူ တောင်သူတစ်ယောက်အနေနဲ့ ဖျက်ပိုးတွေ သီးနှံကိုဖျက်စီးနေတာကိုမြင်ရတာက ရင်နာစရာအကောင်းဆုံးမြင်ကွင်းပဲမဟုတ်ပါလား။ စိုက်ခင်းထဲမှာရှိနေတတ်တဲ့ အင်းဆက်တွေက အကျိုးပြုပိုးမွှားလည်းဖြစ်နိုင်သလို သီးနှံတွေကိုဖျက်ဆီးပစ်မယ့် ဖျက်ပိုးတွေလည်းဖြစ်နိုင်ပါတယ်။ ခရမ်းချဉ်သီးဖျက်ပိုး (hornworm)က ဦးကြီးတို့ရဲ့ခရမ်းချဉ်စိုက်ဘောင်တစ်ဘောင်ကို တစ်ညထဲနဲ့အပြီး ဖျက်ဆီးစားသောက်လိုက်နိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ပိုးသတ်ဆေးမသုံးဘဲ ဖျက်ပိုးတွေကို နှိမ်နင်းနိုင်တဲ့ သဘာဝအစာကွင်းဆက်နည်းကို အသုံးပြုနိုင်ပါတယ်။ တချို့အကျိုးပြုပိုးတွေက အေးဖစ်ဘီတယ်ကဲ့သို့သောဖျက်ပိုးတွေကို စားသောက်နိုင်ပြီး အချို့အင်းဆက်တွေက သီးနှံတွေကို ဝတ်မှုန်ကူးခြင်းအားဖြင့် အကျိုးပြုနိုင်ပါတယ်။ ဒါကြောင့် အကျိုးပြုပိုးတွေကို စိုက်ခင်းထဲရောက်အောင် စွဲဆောင်တာဟာ ကောင်းတဲ့အမူအကျင့်ပဲဖြစ်ပါတယ်။

    ဦးကြီးတို့အနေနဲ့ ပိုးမွှားတွေကိုမြင်လိုက်တဲ့အခါ ပထမဦးဆုံး ဆေးဖျန်းဖို့လိုနေပြီဆိုတဲ့အတွေးကို ဖျက်သိမ်းပေးရပါမယ်။ များစွာသောဓာတုပိုးသတ်ဆေးတွေက ဖျက်ဆီးတဲ့ပိုးမွှားတွေအပြင် အကျိုးပြုပိုးမွှားတွေကိုပါ ထိထိရောက်ရောက်ဖြေရှင်းလိုက်နိုင်ပါတယ်။ ဦးကြီးတို့စိုက်ခင်းထဲမှာ အကျိုးပြုပိုးမွှားတွေစားသုံးတဲ့ ဖျက်ပိုးတွေကို ထောက်ပံ့ပေးနေမှသာ အစာကွင်းဆက် အမျှင်တန်းနေမှာပဲ ဖြစ်ပါတယ်။ အကျိူးပြုပိုးမွှားတွေကို စွဲဆောင်တဲ့နေရာမှာ ဖျက်ပိုးတွေ တဟုန်ထိုးများလာနိုင်ပါတယ်။ မတုန်လှုပ်ပါနဲ့။ စိတ်ရှည်ဖို့က အရမ်းအရေးကြီးပါတယ်။ အကျိုးပြုပိုးမွှားတွေက ၎င်းတို့၏သက်ရှိကို ရှာဖွေရန် အချိန်လိုအပ်ပါတယ်။ ဥပမာ အကျိုးပြုပိုးအမသည် ဖျက်ပိုးများရှိသောစိုက်ခင်းကို အစာအရင်းအမြစ်အဖြစ် သတ်မှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စတင်ပြီးမိတ်လိုက်ကာ ဥဥကြပါတော့တယ်။ အဲ့ဒီအခါ အကျိုးပြုပိုးမွှားများ စိုက်ခင်းအတွင်းများလာပြီး ဖျက်ပိုးကင်းစင်တဲ့စိုက်ခင်းကို ရလာပါပြီ။ တစ်ခါတစ်ရံဖျက်ပိုးပြင်းထန်လာတဲ့အခါ ဓာတုပိုးသတ်ဆေးကို သတိနဲ့ ထိန်းချုပ်အသုံးပြုသင့်ပါတယ်။ ဦးကြီးတို့အနေနဲ့ သင့်လျော်တဲ့ထုတ်ကုန်ကို ရွေးချယ်အသုံးပြုခြင်းက အကျိုးပြုပိုးမွှားများအပေါ်  ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေမှာပါ။

     မှန်ကန်သောအပင်များကို ရွေးချယ်ခြင်းသည်လည်း အကျိုးပြုပိုးမွှားများကိုဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ရာသီအစမှာ အကျိုးပြုပိုးမွှားများကို စွဲဆောင်ရန်အတွက် ဦးကြီးတို့စိုက်ပျိုးထားသော သီးနှံများကို အစောပိုင်း ပန်းပွင့်တတ်သောအပင်များနဲ့ ရောနှော၍ စိုက်ပျိုးသင့်ပါတယ်။ ပေါင်းစပ်ပန်းပွင့်ပုံစံရှိတဲ့အပင်က အကျိုးပြုအင်းဆက်ပိုးအတွက် အကျိုးရှိဆုံး အစာအရင်းအမြစ်ပဲဖြစ်ပါတယ်။

ရောနှောစိုက်ပျိုးသင့်တဲ့ အကောင်းဆုံးမျိုးနွယ်ဝင် (၅) မျိုး

Aster Family မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ဒေလီယာပန်း၊ ထပ်တရာပန်း၊ ဒေါင်းဖန်ဝါပန်း။

Carrot Family ကရဝေး၊ ဉနီ၊ တရုတ်နံနံ၊ ဇီယာပင်၊ စမုန်စပါး စတဲ့ ဟင်းခတ်အမွှေးအကြိုင်အပင်များ။

Legume Family ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မန်ကျည်းပင်။

Mustard Family မုန်ညှင်း၊ ဘရိုကိုလီ၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်းပွင့်။

Verbena Family ဆောင်တော်ကူးပန်းမျိုးနွယ်ဝင် အပင်တို့ပဲဖြစ်ပါတယ်။

    ဦးကြီးတို့စိုက်ခင်းမှာ ရေဖျန်းကိရိယာ(sprinkler) ကို အသုံးပြုပါက အကျိုးပြုပိုးရဲ့ ရေဓာတ်အလုံအလောက်ရရှိဖို့အတွက် အိုင်ရှိဖို့လည်းလိုအပ်ပါတယ်။ အကျိုးပြုပိုးတွေက ရေအလုံအလောက်မရှိတဲ့စိုက်ခင်းမှာ ကြာကြာမနေဘဲ ထွက်သွားတတ်ကြပါတယ်။ စိုက်ဘောင်များကို မြေဖုံးပေးထားခြင်း (mulching) နည်းကလည်း မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အကျိုးပြုပိုးမွှားများကို ရေရှားပါးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Reference:

https://www.thoughtco.com/attract-beneficial-insects-to-control-garden-pests-4054078

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိတ်ဆွေပိုး

မိတ်ဆွေပိုး

3
Thi Ha Kyaw

Thi Ha Kyaw

လွန်ခဲ့သော ၃ နှစ် က

ပဲတီးစိမ်းရဲ့ရန်သူ​တော်ဖျက်ပိုး​တွေဖြစ်တဲ့ လိပ်ပြာ ဖလန်​တွေ ​လှေး ပြ ပွင့်​ထွေးစသည်ပိုး​တွေမလာ​အောင်ကာကွယ်နည်းနဲ့လာခဲ့ရင်လဲ ဒီဖျက်ပိုး​တွေကိုစားသုံးဖျက်စီးတက်တဲ့ အကျိုးပြုပိုး​တွေ ​ပေါများပွားများ​အောင် ဘယ်လိုဆွဲ​ဆောင်ရမလဲဆိုတာ ပြည့်ပြည့်စုံစုံ​လေး ရှင်းပြထားတဲ့ ​ဆောင်းပါး​လေးရှိရင် ​ကောင်းမယ်ဗျာ

Thi Ha Kyaw

Thi Ha Kyaw

လွန်ခဲ့သော ၃ နှစ် က

ပဲတီစိမ်းနဲ့ ကုလားပဲက ပန်းပွင့်ချိန်မတူဖူးလား ဘယ်ပဲက​စောပွင့်တာလဲ

laylaythoo

laylaythoo

လွန်ခဲ့သော ၄ နှစ် က

လ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။