အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငှက်ပျောခွံကို စည်းကမ်းမဲ့စွာ လွှင့်မပစ်ပါနှင့်

ငှက်ပျောခွံကို စည်းကမ်းမဲ့စွာ လွှင့်မပစ်ပါနှင့်

Green Way
Green Way • Greenovator • 05/02/2018

ငှက်ပျောခွံကို စည်းကမ်းမဲ့စွာ လမ်းမပေါ် လွင့်ပစ်ထားတာကြောင့် ထိပ်ပေါက်ခေါင်းကွဲကြသူ များလှပါပေသည်။ ငှက်ပျောခွံမှာပါတဲ့ အမျှင်တွေမှာ အချွဲဓာတ်များစွာ ပါနေတဲ့အတွက်ကြောင့် တက်နင်းမိရင် ချော်လဲရတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အမှန်တကယ် ချော်လဲကျသူအဖို့တော့ ဟာသ မမြောက်ဘဲ မတော်တဆ အသက်ပင် သေသွားရ မယ့် ကိစ္စမို့လို့ ငှက်ပျောခွံကို စိတ်ထင်သလို မပစ်ဘဲ အကျိုးရှိတဲ့ နေရာမှာ သုံးကြည့်ရအောင်ပါ။

- ဖီးကြမ်းလို အခွံထူတဲ့ ငှက်ပျောခွံမှာပါတဲ့ အမျှင်တွေကို ဇွန်းနဲ့ ခြစ်စားလိုက်ပါ။ ဝမ်းမှန်စေပါတယ်။

- ဂျပိုးကိုက်တာ၊ ခြင်ကိုက်တာကြောင့် အရေပြားယားယံတာ၊ နီရဲတာ၊ အဖုပေါက်တာဖြစ်ရင် ငှက်ပျောခွံနဲ့ ပွတ်ပါ။ ခြင်က ငှက်ပျောသီး ကြိုက်ပုံမရဘူး ထင်ပါတယ်။ ငှက်ပျောခွံ အနံ့ရှိနေရင် ခြင်ပြေးပါတယ်။

- တစ်ခုခုနဲ့ တိုက်မိလို့ အညိုမဲဖြစ်သွားရင် ငှက်ပျော်ခွံနဲ့ ပွတ်လိုက်ပါ။ 

- ငှက်ပျောသီး စားပြီးအခွံကို သွားတွေကြားထဲ မိနစ် အတန်ကြာ ပွတ်ပေးလိုက်ရင် သွားဖြူလာပါလိမ့် မယ်။ 

- ငှက်ပျောခွံကို အပိုင်းငယ်ပိုင်းပြီး ကြွက်နို့အသားမာပေါ် တင်ပြီး တိတ်နဲ့ ကပ်ထားပေးပါ။ ငှက်ပျောခွံနဲ့ ပွတ်ပေးနိုင်ပေမယ့် ကပ်ပေးတာက ပိုကောင်းတဲ့ အတွက် ညဘက်မှာ ကပ်ထားနိုင်ရင် ကောင်းပါတယ်။ 

- လက်နဲ့ ကြမ်းတမ်းစွာ ပွတ်တိုက်နေကြတာမျိုးက မကောင်းဘူးနော့။ ငှက်ပျောခွံနဲ့သာ ပွတ်ပစ်လိုက်ပါ။ 

- ငှက်ပျောခွံကို မျက်နှာမှာ သေချာစွာ ပွတ်ပေးပါ။ မျက်နှာချောမွေ့လာစေပါလိမ့်မယ်။ 

- ဝက်ခြံမှာ ပွတ်ပေးလိုက်ပါ။ အချိန်အကြာကြီး ဖယ်ထားတဲ့ ငှက်ပျောခွံနဲ့ ပွတ်တာ မလုပ်နဲ့နော်။ သီးသန့်ဖယ်ထားတဲ့ ငှက်ပျောခွံက ဖုန်မှုန့်ကအစ ရောဂါပိုးနေရင် ပိုဆိုးသွားတတ်တယ်။ ငှက်ပျောသီး စားပြီးတာနဲ့ ချက်ချင်းပွတ်ပါ။

- သင့်ခြေလက်ကို ဆူးသေးသေးလေးဆူးမိရင် ငှက်ပျောခွံကို ကပ်ထားပေးပါ။ အခွံမှာပါတဲ့ အင်ဇိုင်း တစ်မျိုးက ဆူးကို ဖယ်ထုတ်ပေးပါလိမ့်မယ်။

- ယားနာမှ အစ အဆစ်ယောင်သူများမှာ ဖြစ်လေ့ရှိတဲ့ ပန်းနုရောင် အပွေးထတာကို ငှက်ပျောခွံနဲ့ ခဏခဏ ပွတ်ကြည့်လိုက်ပါ။ ဒါပေမယ့် ခေါင်းတာ့ ညစ်ပတ်သွားပါလိမ့်မယ်။ 

- တစ်ချို့နိုင်ငံတွေကတော့ ငှက်ပျောသီးစားပြီးရင် အခွံကို သူတို့ရဲ့ ရှူးဖိနပ်တွေကို ပွတ်တိုက်ကြတယ်။ သားရေအိတ်တွေ ပွတ်တိုက်ကြတယ်။ ငွေထည်ပစ္စည်းတွေကိုလည်း ငှက်ပျောခွံနဲ့ ပွတ်ရင် သွားတိုက်ဆေးနဲ့ ပွတ်တာထက်ပင် ပိုကောင်းတယ်လို့ ပြောတယ်။

- နောက်ဆုံး နေအိမ်မှာ စိုက်ပျိုးထားတဲ့ အိမ်တွင်း အလှစိုက်ပင်လေးတွေရဲ့ အရွက်ကို ပွတ်တိုက်လိုက်ပါ။ အရွက်တွေ ပြောင်လက်သွားစေပါတယ်။၏

အဲဒါဆိုရင် ငှက်ပျောခွံက အချွဲဓာတ်တွေလည်း ကုန်သလောက် ဖြစ်သွားပြီဆိုတော့ စိတ်ကြိုက် ပစ်လို့ ရပြီပေါ့။ လမ်းမပေါ်မှာတော့ မဟုတ်ဘူးနော်။ မိမိတို့ အမှိုက်ကျင်းထဲမှာ ပစ်ထည့်လိုက် အနည်းဆုံးတော့ တီကောင်စာ ဖြစ်သွားပြီး မြေဆွေးပြန်ရတာပေါ့။ မြေဆွေးထဲမှာ ငှက်ပျောခွံမြေဆွေးက ပိုတက်ဆီယမ် (K) အကြွယ်ဝဆုံး ဖြစ်ပါလိမ့်မယ်။ 

Source - ငှက်ပျော စီးပွားဖြစ်စိုက်ပျိုးရေး

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။