ဆန်ဆေးရည်ရဲ့အသုံးဝင်ပုံတွေပါ
ကျွန်တော်တို့တွေဟာ ဆန်ကိုနေ့တိုင်းဆေးကြပြီး ရရှိလာတဲ့ဆန်ဆေးရည်တွေကိုတော့ သွန်ပစ်ကြတာများပါတယ်။ ဘယ်နေရာမှာ ပြန်သုံးရမလဲဆိုတာတော့ သိပ့်မသိကြပါဘူး။အဲ့တော့ ဆန်ဆေးရည်တွေကို အကျိုးရှိရှိအသုံးချတတ်ဖို့ အောက်က အချက်တွေကို လေ့လာကြည့်ရအောင်လားဗျာ။
၁။ ဟင်းသီး၊ဟင်းရွက်တွေကို ဆန်ဆေးရည်နဲ့ဆေးပေးခြင်း
ကျွန်တော်တို့တွေ နေ့စဥ်စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ ဥစားသီးနှံတွေမှာ အများအားဖြင့်တော့ ဓာတုဆေးမကင်းကြပါဘူး။အဲ့တော့ ဟင်းသီးဟင်းရွက်တွေကို မချက်ခင် ဆန်ဆေးရည်နဲ့ဆေးပေးခြင်းက အဆိပ်အတောက်တချို့ကို ဖယ်ရှားပေးပါလိမ့်မယ်။ ပိုပြီး အဆိပ်ပြေစေချင်ရင်တော့ ဆန်ဆေးရည်ထဲကို ဆားအနည်းငယ်ထည့်ပြီး ဟင်းသီးဟင်းရွက်တွေကို မိနစ်၂၀ ကြာစိမ်ထားပါ။ ထို့နောက် ရေနဲ့ပြန်ဆေးပြီး ချက်စားနိုင်ပါပြီဗျ။
၂။ ငါးညှီနံ့ ဖယ်ရှားပေးခြင်း
ကျွန်တော်တို့တွေဟာ ငါးဟင်းစားချင်ကြပေမယ့် ငါးညှီအနံ့ကိုတော့ မခံချင်ကြပါဘူး။ ဒီပြဿနာကိုတော့ ဆန်ဆေးရည်နဲ့ဖြေရှင်းလို့ရပါတယ်ဗျ။ ငါးတွေမကိုင်ခင်မှာ ဆန်ဆေးရည်ထဲ ဆားအနည်းငယ်ထည့်ပြီး ငါးတွေကို ထည့်စိမ်ထားပါ။ မိနစ် ၃၀ ခန့် စိမ်ပြီးတဲ့နောက် ရေနဲ့ဆေးလိုက်တဲ့အခါ ငါးညှီအနံ့ လျော့ကြသွားတာကို တွေ့ရပါမယ်ဗျ။
၃။ ငါးခြောက်တွေ အငန်ဓာတ်လျှော့ ချပေးခြင်း
ငါးခြောက်ကြိုက်တဲ့ မိတ်ဆွေတွေ သိမှာပါ ငါးခြောက်တွေက ကြာရှည်ခံအောင် ဆားသိပ်ရလို့ တချို့က အရမ်းငန်ပါတယ်။ အဲ့တော့ ငါးခြောက်တွေ ငန်တာ သက်သာအောင် ရေနဲ့ဆေးမည့်အစား ဆန်ဆေးရည်နဲ့ ဆေးခြင်းက ပိုပြီးအငန်ဓာတ်လျော့ကျ စေပါတယ်။
၄။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ခြင်း
ဒါကတော့ ပျိုမေတို့အကြိုက် ဖြစ်ပါလိမ့်မယ်။ ဆန်းဆန်းပြားပြားမဟုတ်ပါဘူ။း ပုံမှန်ရေအစား ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးရမှာ ဖြစ်ပါတယ်ဗျ။ ဆန်ဆေးရည်က ဗီတာမင် B5 ကြွယ်ဝတာမို့ မိတ်ကပ်တွေကို ဖယ်ရှားပေးပြီး အသားရေကို ဖြူစင်ဝင်းပ စေပါတယ်။ နောက်တစ်နည်းက ဆန်ဆေးရည်တစ်ဆ၊ ပျားရည်တစ်ဆ၊ ရေနွေးနှစ်ဆ ရောပြီး နေ့စဥ် (၅)မိနစ်ကြာ မျက်နှာသစ်ပေးမယ်ဆိုရင် အသားရေကို စိုပြေပြီးချောမောလှပ စေပါတယ်တဲ့ဗျာ။
၅။အိုးခွက်ပန်းကန်တွေ ဆေးကြောခြင်း
အိုးခွက်ပန်းကန်တွေကို ဆပ်ပြာနဲ့ဆေးမှ ပြောင်စင်တာမဟုတ်ပါဘူးဗျ။ ဆန်ဆေးရည်နဲ့ဆေးပေးခြင်းကလဲ ပြောင်းစင် ဝင်းလတ်စေပါတယ်။ဒယ်အိုး အတွင်းပိုင်းကို ပြောင်စေချင်တယ်ဆိုရင်တော့ ဆန်ဆေးရည်ထည့်ပြီး ဆူတဲ့အထိကြိုပါ။ ထို့နောက် ရေနဲ့ဆေးကြည့်လိုက်တဲ့အခါ ပြောင်စင် ဝင်းလတ်တာကို မြင်တွေ့ရမှာပါ။
၆။ ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခြင်း
ဆန်ဆေးရည်ကို ဗူး သို့မဟုတ် ပုလင်းထဲထည့်ပြီး (၁၀)ရက်ခန့်ကြာ အချဥ်ဖောက်ပေးပါ။ အဲ့ဒီ အချဥ်ဖောက်ထားတဲ့ ဆန်ဆေးရည်နဲ့ တစ်ပတ် နှစ်ကြိမ် ခေါင်းလျှော်ပေးမယ်ဆိုရင် ရှည်လျှားပြီး နက်မှောင်သန်စွန်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာလဲ ဖြစ်ပါတယ်။
၇။ ဝါးမျှစ်ကို ဆန်ဆေးရည်စိမ်ခြင်း
ကျွန်တော်တို့တွေစားနေကြတဲ့ ဝါးမျှစ်တွေမှာ အဆိပ်သင့်စေတဲ့ အက်ဆစ်တချို့ပါတတ်ပါတယ်ဗျ။ ဒါ့ကြောင့် မျှစ်တွေကိုဆန်ဆေးရည်နဲ့ (၁-၂)ရက်ကြာအောင်စိမ်ပြီးမှ ချက်ခြင်းက အဆိပ်သင့်မှုကို လျော့ကျစေပါတယ်တဲ့။
ဒါတွေသိသွားပြီဆိုရင်တော့ ဆန်ဆေးရည်ကို အရင်လိုသွန်မပစ်ပဲ အကျိုးရှိရှိ အသုံးချရအောင်လားဗျာ။
ထွန်းရာဇာ
Ref;https://tipsmake.com/8-great-uses-of-rice-water
အောင်ငြိမ်းချမ်း
လွန်ခဲ့သော ၁ လ ကမျှဝေပေးလို့ ကျေးဇူးကမ္ဘာပါဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ထွန်းရာဇာ
အားလုံး