အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ

ကြက်သွန်နီဈေး ဆက်တိုက်တက်နေ

AMIA
AMIA • 15/11/2026

ပြည်တွင်းတွင် နွေကြက်သွန်နီအဟောင်း လက်ကျန်ပမာဏ အလွန်နည်းပါးလာပြီး ဝယ်လိုအား ကောင်းနေသဖြင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေး အမြင့်ဆုံး တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ နှုန်းအထိ ရှိလာကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်ကား အစီးရေ ၁၃ စီး ဝင်ရောက်မှုရှိပြီး တောင်သာ ကြက်သွန်သည် တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၈,၀၀၀၊ မြင်းခြံ ကြက်သွန်သည် ကျပ် ၁၄,၅၀၀ မှ ၂၀,၀၀၀၊ မုံရွာ ကြက်သွန်သည် ကျပ် ၁၃,၀၀၀ မှ ၁၉,၀၀၀ နှင့် ဆိပ်ဖြူ ကြက်သွန်သည် ကျပ် ၁၃,၀၀၀ မှ ၁၉,၀၀၀ အထိ ရှိသည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင်မူ ဆိပ်ဖြူ ကြက်သွန်သည် တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ မှ ၁၃,၅၀၀၊ မုံရွာ ကြက်သွန်သည် ကျပ် ၉,၅၀၀ မှ ၁၃,၀၀၀ နှင့် မြင်းခြံ ကြက်သွန်သည် ကျပ် ၁၀,၀၀၀ မှ ၁၄,၀၀၀ သာ ရှိခဲ့သည်။

ရန်ကုန် ကုန်စည်ဒိုင်ဈေး တက်လာသလို မြင်းခြံ ကုန်စည်ဒိုင်တွင်လည်း ယနေ့ ကုန်ချိန် ပိဿာ ၁၀,၀၀၀ ဝင်ရောက်ပြီး ဈေးတန်းအနေဖြင့် ဂျွန်ဈေး ကျပ် ၁၂,၀၀၀ မှ ၁၇,၀၀၀ ဈေးပေါက်ကြောင်း သိရသည်။

ပခုက္ကူ ကုန်စည်ဒိုင်တွင်လည်း ကုန်ချိန် ပိဿာ ၁,၅၀၀ သာ ဝင်ရောက်မှုရှိပြီး ဈေးတန်းအနေဖြင့် ကျပ် ၁၄,၇၀၀ မှ ၁၆,၅၀၀ ဈေးပေါက်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်ကြက်သွန်များ ဝင်ရောက်မှု ရှိသော်လည်း သုံးစွဲသူ နည်းခြင်း၊ ပြည်တွင်း၌ နွေကြက်သွန်နီ လက်ကျန်နည်းလာပြီး ပြည်တွင်း၊ ပြည်ပ ဝယ်လိုအား ကောင်းသဖြင့် ဈေးဆက်တိုက် တက်လာခြင်း ဖြစ်သည်။

"ကြက်သွန်ဈေးကတော့ ဆက်တိုက် တက်နေပြီ။ မိုးကြက်သွန်ကလည်း မဝင်သေးတော့ ခက်နေတာ" ဟု ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။

ကြက်သွန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်နေသော်လည်း တောင်သူများ လက်ထဲတွင် ကြက်သွန်လက်ကျန် မရှိသလောက် နည်းပါးပြီး ပွဲစား၊ ကုန်သည် လက်ထဲ၌သာ ကြက်သွန်အများစု ကျန်ရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် မိုးကြက်သွန်အသစ်များအနေဖြင့် မြင်းခြံဒေသ၊ မလှိုင်၊ မြစ်သားဒေသတို့တွင် အနည်းငယ် စတင်ပေါ်ပြီး ဈေးကွက်အတွင်း ဝင်ရောက်မှု ရှိသော်လည်း ပမာဏ နည်းပါးသဖြင့် အဝေးသို့ တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးပေ။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ကြက်သွန်နီဈေးကွက်

ကြက်သွန်နီဈေးကွက်

You

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ 24d ပေါင်းသတ်ဆေးဂျုံခင်းမှာဖြန်းချင်လို့ပါဂျုံနှံလေးတွေထွက်နေပြီမို့ဖြန်းလို့အဆင်ပြေနိုင်မလားခင်ဗျ

ခင်ဇော်ဝင်း • ဖြေကြားချက် 0 ခု

တီကောင်မွေးမြူရေးနည်းပညာနှင့် တီကောင်မျိုးရနိုင်မည့်နေရာ၊ ဈေးနှုန်းများသိချင်ပါတယ်။

Chan Nyein Moe • ဖြေကြားချက် 0 ခု

ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 2 ခု

ဘိုကာရှီနဲ့အာမို15ပတ်လည်နှပ်ထားတဲ့ထဲကိုထရိုင်ကိုဒါးမားပါရောထည့်လို့ရလားဗျ။သိချင်လို့ပါ

ko paing • ဖြေကြားချက် 6 ခု

ပုံပါမြက်ကိုနိုင်သော‌ေရွးခြယ်ဆေး ကိုညွှန်ပြပေးပါခင်ဗျာ။

အောင်မင်း • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။