မြေဆီလွှာအတွင်း ဓာတုဒြပ်စင်များပါဝင်မှု(၁)
မြေဆီလွှာအတွင်းပါဝင်သော ဒြပ်စင်များ၏ပမာဏနှင့် အချိုးအစားမှာ ရာသီဥတုတိုက်စားဒဏ်ရမှုနှင့် အခြားဓာတ်ပြုမှုများအပေါ်မူတည်ပြီး အမြဲပြောင်းလဲလျက်ရှိသည်။ မြေဆီလွှာတွင်ပါဝင်သော ဒြပ်စင်တစ်ခုချင်း၏ ပါဝင်မှု၊ ပုံသဏ္ဍာန်နှင့် ဓာတ်ပြောင်းလဲမှုများအား အောက်တွင်ဖော်ပြထားပါသည်။
(၁) ဆီလီကွန်
ဆီလီကွန်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ ဆီလီကွန်ဒိုင်အောက်ဆိုက်အဖြစ် ၅၀ - ၇၀% ခန့်အထိမြေထဲတွင် ပါဝင်သည်။ ဆီလီကွန်ကို မြေဆီလွှာ အပေါ်ယံအလွှာတွင် တွေ့ရှိရသည်။ ဆီလီကွန်ဓာတ်ကို သဲဆန်သောမြေများတွင် အများဆုံးတွေ့ရှိရသည်။ အထူးသဖြင့် အော်ဂဲနစ်မြေဆွေးဓာတ်ပါဝင်မှုနည်းသော မြေများတွင် ပို၍တွေ့ရှိရသည်။ အထူးသဖြင့် စိုစွတ်ပြီး အပူပိုင်းဒေသရှိမြေများတွင် ရာသီဥတုပြောင်းလဲမှုများခြင်းနှင့် ရေစီးနှင့်အတူ မျောပါပျောက်ဆုံး ခြင်းများကြောင့် ဆီလီကွန်ဓာတ် တဖြည်းဖြည်း ဆုံးရှုံးမှုဖြစ်စေသည်။
(၂) အလူမီနီယမ်
မြေဆီလွှာတစ်ခုတွင် အောက်စီဂျင်နှင့် ဆီလီကွန်ပါဝင်မှုပြီးလျှင် အလူမီနီယမ်သည် တတိယအများဆုံးပါဝင်သော ဒြပ်စင်ဖြစ်သည်။ အလူမီနီယမ်နှင့် အောက်စီဂျင်ပေါင်းစပ်၍ AI2O3 အလူမီနီယမ် အောက်ဆိုဒ်အဖြစ် တွေ့ရပါသည်။ (ဆီလီကွန်ပါဝင်မှုနည်းသောနေရာများတွင် အလူမီနီယမ် ပါဝင်မှုများသည်ကို တွေ့ရသည်။)
(၃) သံဓာတ်
သံဓာတ်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ သံအောက်ဆိုဒ်အဖြစ် မြေဆီလွှာတွင်တွေ့ရှိရသည်။ ပါဝင်မှု (၁ - ၆%) အထိရှိတတ်သည်။ သံဓာတ်ပါဝင်မှုများသော မြေများတွင် မြေမှုန်များ၏ ဖွဲ့စည်းပေါင်းစပ်မှု ခိုင်မြဲပြီး ရေပေါက်လေပေါက် ပါဝင်မှုကောင်းသည်ကို တွေ့ရှိရသည်။ ရေသွင်းရေထုတ်ညံ့ဖျင်းသော မြေများတွင် သံဓာတ်သည် ဓာတ်လျော့မှုဖြစ်ပြီး အောက်မြေလွှာတွင် သံဓာတ် စုစည်းလွှာ ဖြစ်ပေါ်လာသည်။

(၄) တိုက်တေနီယမ်
တိုက်တေနီယမ်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ TiO2 အဖြစ် မြေဆီလွှာတွင် တွေ့ရသည်။ ပါဝင်မှု (၀.၂ - ၁) % အထိရှိတတ်သည်။ TiO2 သည် မြေဆီလွှာတွင် ရာသီဥတုချေဖျက်တိုက်စားမှုကို အတော်အသင့်ခံနိုင်ရည်ရှိသောကြောင့် အခြားသောဒြပ်စင်များလျော့နည်းသွားချိန် တိုက်တေနီယမ် အောက်ဆိုဒ် ပါဝင်မှုပိုများလာသည်ကို တွေ့ရသည်။
(၅) ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ ကယ်လ်ဆီယမ်အောက်ဆိုဒ်အဖြစ် မြေဆီလွှာတွင် တွေ့ရှိရသည်။ ပါဝင်မှု ၁% ရှိတတ်သည်။ ကယ်လ်ဆီယမ်အောက်ဆိုဒ်ကို မြေဆီလွှာ၏ အောက်ဆုံးအလွှာတွင် တွေ့ရသည်။ အချို့သောမြေများတွင် ကာဘွန်နိတ်ပုံစံအဖြစ်လည်း တွေ့ရသည်။ ၎င်းမှာထုံးကျောက်ဖြစ်ပြီး မြေဆီလွှာ၏ အောက်ဆုံးအလွှာများ၌ ဂျစ်ပဆန်ပုံစံအဖြစ် တည်ရှိတတ်သည်။
(၆) မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်သည် အောက်စီဂျင်နှင့် ပေါင်းစပ်၍ မဂ္ဂနီဆီယမ်အောက်ဆိုဒ်အဖြစ် မြေဆီလွှာ တွင်တွေ့ရသည်။ ပါဝင်မှုမှာ ၁% အောက်တွင်ရှိသည်။ အချို့သော မြေများတွင် ကယ်လ်ဆီယမ် ကာဘွန်နိတ်များနှင့် ပေါင်းစပ်၍ မဂ္ဂနီဆီယမ်ကာဘွန်နိတ်အဖြစ် တွေ့ရှိရသည်။
FSWG မှထုတ်ဝေသော 'မြေဆီလွှာဆရာဝန် 'စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026