လွယ်ကူရိုးရှင်းသည့်စပါးမျိုးစေ့ရွေးချယ်နည်း
စပါးမျိုးစေ့မှာ ရှိသင့်သည့်အရည်အချင်းများစွာအနက် အဓိကမှာ အပင်ပေါက်ကောင်းဖို့ နှင့် ပျိုးပင်သန်စွမ်းဖို့ဖြစ်သည်။ သို့မှသာ စပါးပင်ဖြစ်ထွန်းမှုကောင်းသည်။ ဆက်လက်၍ စပါး အထွက်ကောင်းစေမည်ဖြစ်သည်။ ပျိုးမထောင်မီကပင် အောင်မြင်ပြည့်ဖြိုးသောစပါးမျိုးစေ့ကို ရွေးချယ်ဖို့လိုသဖြင့် ရှေးကပင် စပါးမျိုးစေ့ကို ဆားရည်စိမ်ရွေးချယ်ရန် လမ်းညွှန်မှုများရှိခဲ့သည်။
ဆားရည်တွင်စိမ်၍မျိုးစေ့ရွေးချယ်ခြင်းနည်းတွင် ရှေးဦးစွာအသုံးပြုမည့်မျိုးစပါးရှိ အမှိုက်များ အဖျင်းအမှော်များ ကင်းစင်သွားရန် စကောဖြင့် ပြာတီးရသည်။ ထို့နောက် စည်ပိုင်းပြတ် (သို့မဟုတ်) ပလပ်စတစ်ပုံး (သို့မဟုတ်) သင့်တော်ရာ ရေထည့်နိုင်သည့် ပုံးထဲသို့ ရေ ၄ ဂါလန် လျင် အိမ်သုံးဆားကြမ်း ၁ ဒသမ ၅ ပိဿာနှုန်းဖြင့်ထည့်၍ ဦးစွာ ဆားရည်ဖျော်သည်။
အဆိုပါဆားရည်ထဲသို့ ကြက်ဥထည့်ကြည့်ပါက ဆားရည်မျက်နှာပြင်ပေါ်တွင် ကြက်ဥအနည်းငယ်ပေါ်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။
ထို့နောက် ပြာတီးပြီး မျိုးစပါးကို ဆားရည်တွင် ထည့်၍မွှေသည်။ အကယ်၍ စည်ပိုင်းပြတ်(သို့မဟုတ်)ပုံးထဲတွင် အကွက်စိပ်ဇကာစခံ၍ အသုံးပြုပါက မျိုးစေ့ပြန်လည် ဆယ်ယူရာတွင် ပိုမိုလွယ်ကူစေသည်။
ဆားရည်ပေါ်တွင်ပေါ်နေသောအစေ့များသည် အဆန်မပြည့်သော အဖျင်းစေ့များဖြစ် သည်။ ထိုအစေ့များကို ဆယ်ယူဖယ်ရှားပစ်ရန်ဖြစ်သည်။
ဆားရည်အောက်ခြေတွင်နစ်မြုပ်နေသော စပါးစေ့များသည် အဆန်ပြည့်သော အစေ့များ ဖြစ်သည်။ ထိုအစေ့များကို ဆယ်ယူပြီး ရေကောင်းဖြင့် ၄ − ၅ ကြိမ်ခန့် ဆားရည် ပြောင်စင်အောင် ဆေးကြော၍ ၂၄ နာရီရေစိမ်ခြင်း၊ ၂၄ နာရီမျိုးအုပ်ခြင်းတို့ကို ဆောင်ရွက်ကာ ပျိုးထောင်ရန်၊ သို့မဟုတ် မျိုးစေ့ချရန်အတွက် စာပါးစပ်ပြူမျိုးစေ့ရအောင် ဆက်လက် ဆောင်ရွက်ရပါသည်။
ဆားရည်တွင်စိမ်၍မျိုးစေ့ရွေးချယ်ခြင်းနည်းအား လိုက်နာဆောင်ရွက်သူ နည်းပါးသည်။ နည်းစနစ်မမှန်၍မဟုတ်၊ ငွေကုန်ကြေးကျများ၍မဟုတ်၊ ကယိကထများ၍ ဖြစ်နိုင်ပါသည်။

စိုက်ပျိုးသူအတော်များများက မျိုးစေ့ကို မရွေးချယ်ဘဲ ပျိုးထောင်ခြင်း၊ ကြဲပက်စိုက်ပျိုး ခြင်းပြုလေ့ရှိသည်။ မျိုးစေ့အဆင့်အတန်းမှန်လျင် အထူးပြောစရာမလိုပါ။
“စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကိုသုံးရင် မရွေးချယ်ပဲ စိုက်နိုင်ပါတယ်”
အများစုစိုက်ပျိုးသည်က ကိုယ့်မျိုးကိုယ်စိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း လေ့လာသိရှိရ သည်။ ဒါမှမဟုတ်လက်လှမ်းမှီရာ ဝယ်ယူစိုက်ပျိုးနေကြခြင်းဖြစ်သည်။ ဒါကြောင့် မျိုးစေ့ကို ရွေးချယ်စိုက်ပျိုးဖို့ တိုက်တွန်းလိုပါသည်။
ဆားရည်စိမ်၍ မျိုးစေ့ရွေးချယ်နည်းကို အသုံးမပြုလိုပါက သုတေသနပြုရှာဖွေတွေ့ရှိ ထားသည့် ဒီထက်လွယ်ကူသောနည်းလမ်းကို ဖေါ်ပြလိုပါသည်။
“ရိုးရိုးရေမှာစိမ်ပြီး စပါးမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်”
အလွန်ရိုးရှင်းလွယ်ကူသောနည်းဖြစ်သည်။ စပါးမျိုးစေ့များကိုရေထဲထည့်၊ ရေပေါ်တွင် ပေါ်လာသော အဖျင်းအမှော်၊ လုံးပိန်လုံးညှပ်အမှိုက်သရိုက်တွေကို ဖယ်ပစ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ဆက်ပြီး လုပ်လိုက်လျင် ရေအောက်မှာနစ်မြုပ်နေသောစပါးမျိုးစေ့အားလုံးသည် အောင်မြင်ပြည့်ဖြိုးသောစပါးမျိုးစေ့တွေချည်း ဖြစ်ပါသည်။
“အောင်မြင်ပြည့်ဖြိုးတဲ့ စပါးမျိုးစေ့တွေမှာ ‘စေ့တွင်းအစာ’ ပိုပါတယ်။ ဒါကြောင့် အပင်ပေါက်နိုင်ဖို့ အားပိုကောင်းတယ်။ ပေါက်လာတဲ့အပင်ရှင်သန်ဖွံ့ဖြိုးစေပါတယ်”
“သန်စွမ်းတဲ့ပျိုးပင်တွေက အပင်ပွားကောင်း၊ အနှံပိုကြီးပြီး စပါးပိုထွက်စေပါတယ်”
ရရှိလာသောအောင်မြင်ပြည့်ဖြိုးသည့်စပါးမျိုးစေ့များကို ၂၄ နာရီရေစိမ်ခြင်း၊ ၂၄ နာရီ မျိုးအုပ်ခြင်းတို့ကို ပြုလုပ်ကာ ပျိုးထောင်ရန်၊ သို့မဟုတ် မျိုးစေ့ချရန်အတွက် စာပါးစပ်ပြူမျိုးစေ့ ရအောင် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။
အောင်မြင်ပြည့်ဖြိုးသောစပါးမျိုးစေ့တွေကို ရွေးချယ်စိုက်ပျိုးပြီး စိုက်ပျိုးသူတိုင်းစပါး အထွက်ကောင်းစေရေး အသိပေးလိုက်ရခြင်းဖြစ်ပါသည်။
( သိပ်မကြာမီကာလတွင် မိုးကာလရောက်ရှိပြီး မိုးစပါးများစိုက်ချိန် ရောက်လာတော့မည်ဖြစ်သောကြောင့် တောင်သူများ မျိုးစေ့ကောင်းများရွေးချယ်စိုက်ပျိုးပြီး စပါးခင်းများဖြစ်ထွန်းအောင်မြင်စေရန်ရည်ရွယ်ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မျိုးစပါး
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Soe Myint
အားလုံး