ငရုတ်ကောင်းဈေးကွက် ရေရှည်ခိုင်မာမှုရှိစေဖို့
မေး - ငရုတ်ကောင်းဈေးကွက် ရေရှည်ခိုင်မာစေဖို့နဲ့ အထွက်နှုန်းကောင်းမွန်ပြီး အရည်းအသွေးစံချိန်မီငရုတ်ကောင်းတွေ စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့အတွက် နိုင်ငံတော်တာဝန်ရှိသူ အသီးသီး၊ ကုန်သည်ပွဲစားများ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ) အနေနဲ့ ဘယ်လိုနည်းလမ်းတွေကို ကြိုးပမ်းလုပ်ဆောင်သင့်ပါသလဲ?
ဖြေ - ငရုတ်ကောင်းက နှစ်ရှည်ပင်လည်းဖြစ်တယ်။ ပြည်တွင်းပြည်ပ ဈေးကွက်လိုလားမှုရှိတဲ့ ကုန်ခြောက်သီးနှံ အမျိုးအစားလည်း ဖြစ်တယ်။ စိုက်ပျိုးပြီး (၃) နှစ်သားအရွယ်မှာ စီးပွားဖြစ်ငရုတ်ကောင်းတွေ ထုတ်လုပ်ရောင်းချနိုင်တယ်။ (၄) နှစ်သားအရွယ် အပင်တစ်ပင်ရဲ့အထွက်နှုန်းက ငရုတ်ကောင်းစေ့အခြောက် တစ်ပိဿာကနေ (၅) ပိဿာအထိရနိုင်တယ်။ ဒါ့ကြောင့်မို့ တောင်သူတွေအနေနဲ့ ကိုယ့်ခြံက ငရုတ်ကောင်းတွေကို အထွက်နှုန်းမကျဆင်းချင်ဘူးဆိုရင် စနစ်တကျ ရေပေးဝေပါ၊ လိုအပ်ရင် လိုအပ်သလို မှိုသတ်ဆေး ဖြန်းပေးပါ၊ အပင်ကို သူ့အချိန်နဲ့သူ အစာအာဟာရ ကျွေးပေးပါ။ နေရောင်ခြည်ကို တစ်ဝက်တစ်ပျက် အရိပ်(၅၀%အရိပ်)ထားပေးပါ။ နေရောင်ခြည်လုံးဝမရဘဲ အရိပ်ထဲမှာချည်းနေရတာကို ငရုတ်ကောင်းပင်က မကြိုက်ဘူး။ ၁၀၀% ပြည့် နေရောင်ခြည် ကျနေတာမျိုးကိုလည်း မကြိုက်ပါဘူး။
ပြည်တွင်းဈေးကွက်မှာ ငရုတ်ကောင်းဝယ်လိုအားများပြားတာကြောင့် ကုန်သည်တွေက နှစ်စဉ် ဗီယက်နမ်နိုင်ငံကနေ ငရုတ်ကောင်းတွေတင်သွင်းကြတယ်။ အသီးကောင်းတွေသာမက အရည်အသွေးမပြည့်မီတဲ့ Reject သီး(အပယ်သီး)တွေကိုပါ တင်သွင်းနေကြတယ်။ ပြည်တွင်းက စိုက်ပျိုးသူတွေအနေနဲ့ ပြည်တွင်းစားသုံးမှုဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ လိုအပ်နေပါပြီ။ အရည်အသွေးလည်း ကောင်းဖို့လိုသလို၊ အထွက်နှုန်းလည်းများဖို့ဆိုရင် မူလလက်ဟောင်း ငရုတ်ကောင်းမျိုးဟောင်းနဲ့ အဆင်မပြေပါဘူး။ အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းရရှိဖို့ အရေးကြီးပါတယ်။ စိုက်ပျိုးနည်းစနစ် အပိုင်းကိုလည်း နားလည်ရပါမယ်။ ငရုတ်ကောင်းသီးနှံ ရေရှည်ဈေးကွက်ခိုင်မာမှုရရှိစေဖို့ဆိုရင် နိုင်ငံတော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတွေရဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း အများကြီးလိုအပ်နေပါတယ်။ လိုအပ်တဲ့အပိုင်းတွေမှာ ပံ့ပိုးကူညီပေးပါလို့လည်း မေတ္တာရပ်ခံ အကြံပြုလိုပါတယ်။ အထွက်နှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့် ဗီယက်နမ် ငရုတ်ကောင်းမျိုး စီလွန်(Ceylon) ကို ကိုယ့်ပြည်တွင်းမှာ ပြောင်းလဲစိုက်ပျိုးနိုင်ဖို့အတွက် ကျွန်တော်တို့ KKO Pepper - ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် နည်းပညာဖြန့်ဝေရေးမှလည်း လိုအပ်တဲ့နည်းပညာနဲ့မျိုးကောင်းမျိုးသန့်တွေ တတ်စွမ်းသလောက် ကူညီပေးသွားမှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအနက် မြန်မာနိုင်ငံရဲ့ ရေမြေရာသီဥတုဟာ မျှတကောင်းမွန်တဲ့အထဲ ပါဝင်ပါတယ်။ ငရုတ်ကောင်းတွေကို နှစ်စဉ် အိမ်နီးချင်းနိုင်ငံက တင်သွင်းနေပြီး ကိုယ့်နိုင်ငံတွင်းမှာ တစ်ပိဿာကို (၆၅၀၀)ကျပ်ကနေ (၁၀၀၀၀)ကျပ်နဲ့ ရောင်းချနေမယ့် အစား၊ ကိုယ့်ပြည်တွင်းမှာတင် စိုက်ပျိုးထုတ်လုပ်နိုင်အောင် ကြိုးပမ်းပြီး ဒီဈေးနှုန်းနဲ့ ရောင်းနိုင်စေချင်ပါတယ်။
ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့လည်း ဈေးကွက်လိုအပ်ချက်အရ တွက်ချေကိုက်တဲ့ ငရုတ်ကောင်းစိုက်ပျိုးရေးကို စိတ်ပါဝင်စားလာစေချင်ပါတယ်။ ပြည်တွင်းမှာ ရေ၊ မြေ သဘာဝတွေ ကောင်းမွန်နေရဲ့သားနဲ့ ပြည်ပကငရုတ်ကောင်းတွေကို နှစ်စဉ်တင်သွင်းနေရတဲ့ ဖြစ်စဉ်မျိုးတွေကနေ ကင်းလွတ်အောင် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးကြစေလိုပါတယ်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဈေးကွက်မသိတော့ စိုက်ပြီးဘယ်မှာ သွားသွင်းသွားရောင်းရမလဲ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022